ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန် တွင်
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့်
ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး အရပ်သားအချို့
ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံအချို့က Eleven Media Group သို့
ပြောကြားခဲ့ပါသည်။

သေဆုံးခဲ့သော ကျောင်းသူသည် ဖားကန့်ရှိ အထက်တန်းကျောင်းမှ နေထိုင်ရာ
ရပ်ကွက်သို့အပြန် လမ်းတွင် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။


ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန်တွင် စက်တင်ဘာလ ၁၃
ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တပ်မတော်နှင့် ကေအိုင်အေတို့ အကြား
တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ
ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေခဲ့ကြောင်း၊ ပစ်ခတ်မှုများမှာ ည ၇
နာရီခန့်အထိ ဖြစ်ပွားခဲ့ကြောင်း ဖားကန့် ဒေသခံအချို့က ပြောပါသည်။

"ဖားကန့် အ.ထ.က ရော၊ မော်ဝမ်း အ.မ.က ရော ကျောင်းဆင်းလာတဲ့ အချိန်၊
ကိုတန်းကျောင်းသူလေး တစ်ယောက် သေတယ်။ အရပ်သား ဒဏ်ရာရရတဲ့ လူတွေလည်း
ရှိတယ်။ ဖားကန့်ဆေးရုံကို ပို့ထားတယ်။ ကျွန်တော် တွေ့ခဲ့တာတော့ လေး ငါး
ခြောက်ယောက်ရှိတယ်။ မစိုးရိမ်ရဘူးလို့တော့ ထင်တယ်။ တစ်ယောက်က
လက်ထိထားတယ်။ နောက်တစ်ယောက်က ခြေထောက်ရော လက်ရော မိုင်းထိထားတယ်။
အဲဒီလိုမျိုးတွေ တွေ့ခဲ့ရတယ်"ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောပါသည်။

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ