ဟံသာဝတီလေဆိပ် တည်ဆောက်ရန် အကြိုအရည်အချင်းစစ်ဆေးသည့် လျှောက်လွှာအား နိုင်ငံ ၁၂ နိုင်ငံမှ ကုမ္ပဏီ၂၁ ခု လျှောက်ထားရာတွင် မြန်မာကုမ္ပဏီတစ်ခုသာ ပါဝင်

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် ကုမ္ပဏီများအား အကြိုအရည်ချင်းစစ်ဆေးသည့်
လျှောက်လွှာအား နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၂၁ ခု
လာရောက်လျောက်ထားခဲ့ပြီး ယင်းကုမ္ပဏီများထဲတွင် မြန်မာနိုင်ငံမှ
ကုမ္ပဏီတစ်ခုသာ ပါဝင်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏
ပြောကြားချက်အရသိရပါသည်။

ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ နော်ဝေ၊ တရုတ်၊ဂျပန်၊ တောင်အာဖရိက၊
ကိုရီးယား၊မလေးရှား၊ ဆွစ်ဇာလန်၊ စင်ကာပူနှင့် မြန်မာနိုင်ငံများသည်
ဟံသာဝတီလေဆိပ် တည်ဆောက်ရန် အကြိုအရည်ချင်းစစ်ဆေးသည့်ပုံစံအား
လာရောက်လျှောက် ထားခဲ့ကြသည်။

ဟံသာဝတီလေဆိပ်တည်ဆောက်ရန် အကြိုအရည်ချင်းစစ် ဆေးသည့်ပုံစံအား
လာရောက်လျှောက်ထားသည့် မြန်မာနိုင်ငံမှ တစ်ခုတည်းသော ကုမ္ပဏီမှာ Gold
Cycle Engineering Co.ltd ဖြစ်သည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်နိုင်ရန် အကြိုအရည်အချင်း
စစ်ဆေးသည့်အဖွဲ့၊ တင်ဒါစိစစ်ရေးအဖွဲ့၊ တင်ဒါရွေးချယ်သည့်အဖွဲ့ဟူ၍
လုပ်ငန်းအဖွဲ့ သုံးဖွဲ့အား ဖွဲ့စည်းလုပ်ဆောင်လျက်ရှိသည်။ Pre
Qulafication form အား ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စတင်ခေါ်ယူခဲ့ပြီး
စက်တင်ဘာလ ၉ ရက်နေ့အထိ နောက်ဆုံးလျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ Pre Qulafication form များအား ပို့ဆောင်ရေးဝန်ကြီးဌာန၊
ဒု-၀န်ကြီးဦးဆောင်သည့် အကြိုအရည်အချင်း စစ်ဆေးသည့်အဖွဲ့မှ စစ်ဆေးပြီး
အောင်မြင်သူများကို တင်ဒါတင်သွင်းခွင့်ပြုသွားမည်ဖြစ်သည်။
တင်ဒါတင်သွင်းသည့် ကုမ္ပဏီများအား ဒုတိယအဆင့်အနေဖြင့်
တင်ဒါစိစစ်ရေးအဖွဲ့မှ စိစစ်ပြီးနောက်ဆုံးအဆင့် အနေဖြင့် ပို့ဆောင်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးဥာဏ်ထွန်းအောင် ဦးဆောင်သည့်
တင်ဒါရွေးချယ်သည့် အဖွဲ့မှ စိစစ်ရွေးချယ်ကာ တည်ဆောက်ခွင့်ပြုသွားမည်ဟု
သိရှိရသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ