ရွှေတွံတေးဆရာတော် ရခိုင်ဒုက္ခသည်များထံ သွားရောက်အားပေး




Aung Htet posted: "ရွှေတွံတေးဆရာတော် ရခိုင်ဒုက္ခသည်များထံ သွားရောက်အားပေး မိုးမခအထောက်တော် စက်တင်ဘာ ၁၈၊ ၂၀၁၂ေ�€"




ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော်၊ ရသေ့တောင်မြို့များသို့ စက်တင်ဘာလ ဆန်းပိုင်းက ကြွရောက်ပြီး အားပေးကူညီခဲ့သည်။

 

 

 

 

 

 

 

 


ငြိမ်းချမ်းပါစေ ရခိုင်မြေ ဂီတမိသားစု -ရခိုင်သဟာယအသင်းတို့နှင့်အတူလိုက်ပါပြီး ကူညီပံ့ပိုးခဲ့သည်။ စုစုပေါင်း ဆန်အိတ် ၂၀၀၀ ခန့် လှူ ဒါန်းကြပြီး ဆရာတော်က ပံ့ပိုးငွေများနှင့် အမှတ်တရတီရှပ်များကို ၁ ဦးချင်း - ၁ အိမ်ထောင်ချင်းအလိုက်ပေးအပ်ခဲ့သည်။ ပစ္စည်းများပံ့ပိုးပေးသ လို စိတ်ဓါတ်အရလည်း အားပေးဟောပြောခဲ့သည်။

ဆရာတော်က နိုင်ငံသား တိုင်းရင်းသားအချင်းချင်းယိုင်းပင်းကူညီကြပါ။ အိပ်မနေကြပါနဲ့။ နိုးနိုးကြားကြား မျက်စိဖွင့်နားစွင့်နေကြပါ။ တိုင်း ရင်းသားပေါင်းစုံ လူမျိုးစုံ ဘာသာစုံ ငြိမ်းချမ်းချစ်ကြည်စွာနေကြပါ။ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်ဘာသာရေး အစွန်းရောက်မှုတွေလက်မခံ ဘူး။

ကမ္ဘာမှာပြောသလို လူ့အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ....လူ့အခွင့်အရေးလိုချင်ရင် လူ့စည်းကမ်းလည်း လေးစားကြပါ၊ လိုက်နာကြပါ။ တာ ၀န်ရှိပုဂ္ဂိုလ်တွေကလည်း တဘ၀စာ၊ တနပ်စာနဲ့ မိသားစု၊ လက်တဆုပ်စာချမ်းသာဖို့ အများကိုမထိခိုက်ပါစေနဲ့။ နိုင်ငံနဲ့လူမျိုးကို သစ္စာမ ဖောက်ကြပါနဲ့။အသားထဲကလောက်မထွက်ကြပါနဲ့ ... စသဖြင့် အားပေးတိုက်တွန်းသတိပေးခဲ့သည်။



Unsubscribe or change your email settings at Manage Subscriptions.

Trouble clicking? Copy and paste this URL into your browser:
http://moemaka.com/?p=27494



No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ