ကုန်းဘေးနားရှိ တာဘေးသို့မနေ့ည (၁၅-၉-၂၀၁၂) ည (၉)
နာရီခွဲဝန်းကျင်ခန့်တွင် ဆိုက်ကားတစ်စီးမှ လူသေအလောင်းတစ်ခုအား
လာရောက်ပစ်ချရာတွင် အနီးပတ်ဝန်းကျင်အိမ်မှ နေထိုင်သူများမှ
တွေ့ရှိပြီးဆိုက်ကားသမားအား ဖမ်းမိခဲ့ပါသည်။
ရပ်ကွက်တာဝန်ရှိသူများရောက်ရှိပြီး လာရောက်ပစ်ချခဲ့သည့်
ဆိုက်ကားသမားအားမေးမြန်းရာတွင် ရဲဝန်ထမ်းတစ်ဦးမှ ခိုင်းစေခဲ့သည့် အ တွက်
ပြုလုပ်ရခြင်းဖြစ်ကြောင်း လာရောက်ကြည့်ရှုသူများမှ တဆင့်သိရှိရပါသည်။
အဆိုပါ စွန့်ပစ်ခံလူအား ဆေးရုံသို့ပို့ဆောင်စစ်ဆေးပြီး သေပြီဟုသိရပြီး
ယနေ့ ၁၆-၉-၂၀၁၂ နေ့လည်တွင် နာရေးကူညီမှုအသင်း၏အကူအညီဖြင့်
သင်္ဂြိုလ်ခဲ့ပါသည်။ အဆိုပါ သေဆုံးသူ၏ အ မည်မှာ အောင်စိုးမိုး (အသက် ၄၀
ဝန်းကျင်ဟုခန့်မှန်း) နှင့် ဇနီးအမည်မှာ မဌေးကြည်ဟုသိရပါသည်။
အဆိုပါအလောင်းအား ဖျောက်ဖျက်ရန်
ဆိုက်ကားသမားအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
ရပ်ကွက်အတွင်းမှပြည်သူများမှမေးမြန်းရာ စေခိုင်းခဲ့သူ ရဲဝန်ထမ်းမှာ
ဒုရဲအုပ်အောင်ရည် သွေး ဟု ပြောကြားခဲ့ပါသည်။
ထပ်မံသိရှိရသည်မှာ လွန်ခဲ့သော ၂ ရက်ခန့်ကတည်းက အလက (၁) ယခင်
နေရှင်နယ်ကျောင်းဘေးတွင် အဆိုပါသေဆုံးသူမှာ ရှိနေခဲ့ သည်ကို
ကျောင်းအုပ်ကြီးနှင့် ဆရာများသိရှိသော်လည်း
သက်ဆိုင်ရာသို့အကြောင်းကြားခြင်းမပြုခဲ့ပါ။ သေဆုံးသူအား ရဲဝန်ထမ်းမှ
ဆေးရုံ သို့ပို့ဆောင်ခြင်းမပြုပဲ ဆိုက်ကားဖြင့်စွန့်ပစ်ခိုင်းစေခြင်းမှာ
မည်သို့သော လျို့ဝှက်ချက်များရှိသလဲဟု မြို့ခံလူထုမှ
စိတ်ဝင်စားလျှက်ရှိပါသည်။
မိုးမခအထောက်တော်
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ