ဂျာနယ်လစ်ဇင် အကြောင်းသိကောင်းစရာများ နှင့် နိုင်ငံသား ဂျာနယ်လစ်ဇင်မိတ်ဆက် ( Part -10 )

မှုခင်းသတင်း
လူ့သဘာဝကိုကတခြားလူတွေနဲ့ပတ်သက်တာမှန်သမျှကိုစပ်စုချင်တတ်၊သိချင်တတ်ချင်စိတ်ရှိတာဆိုတော့
ဖြစ်ရိုးဖြစ်စဉ်သဘာဝကိစ္စဖြစ်ပျက်တာတွေကိုလည်းသိချင်ကြားချင်တယ်။မှုခင်းသတင်းဆိုတာကလည်းဖြစ်ထောင့်
ဖြစ်ခဲကြုံတွေ့ရတာမျိုးဆိုတော့စိတ်ဝင်စားရှိကြပါမယ်။သို့သော်မှုခင်းသတင်းသည်အခြားသာမာန်သတင်းမျိုးနဲ့မတူဘဲ
သတိထားရေးသားဖော်ပြရသည်။အထူးသဖြင့်မှုခင်းသတင်းရေးသူသည်တရားဥပဒေသဘောတရားများကိုအခြေခံ
သိရှိရမည်။
ရဲအရာရှိတစ်ဦးအမည်ဖြင့်စာရေးသောဆရာဦးဘသော်က"သတင်းစာနှင့်ဥပဒေ"ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပို့ချခဲ့ဖူးသည်။
သူကသတင်းထောက်များအနေနှင့်ဥပဒေအားလုံးကိုနားမလည်မတီးခေါက်မိစေကာမှုအိန္ဒိယရာဇသတ်ကြီး
ဥပဒေ၊ရာဇ၀တ်ကျင့်ထုံး၊ထိုစဥပဒေများကိုဖတ်သင့်သည်။လေ့လာသင့်သည်။နားလည်သင့်သည်။သတင်းထောက်များ
နှင့်အထူးသက်ဆိုင်သည်
ဥပဒေပုဒ်မများမှာရာဇသတ်ကြီးပုဒ်မ၁၂၄(က)၊၁၅၃(က)၊၂၉၄ပုဒ်မ၅၀၀စသည်တို့ဖြစ်သည်။
ရာဇသတ်ကြီးပုဒ်မ၁၂၄(က)ဆိုသည်မှာ
ပြည်သူပိုင်အစိုးရကိုအကြည်ညိုပျက်စေမှုဖြစ်သည်။ပုဒ်မ၁၅၃(က)ဆိုသည်မှာ
နိုင်ငံတော်အတွင်းမှီတင်းနေထိုင်ကြသူ၊ဘာသာမတူလူမျိုးအချင်းချင်းအဓိကဂုဏ်ဖြစ်အောင်လှုံဆော်ပေးသည့်ပြစ်မှုကို
အရေးယူသောပုဒ်မဖြစ်သည်။
ရာဇသတ်ပုဒ်မ၂၉၄ဆိုသည်မှာကိလေသာညစ်ညမ်းမှုကိစ္စတစ်ရပ်ကိုအလွန်အကဲရေးလွန်းလျှင်ငြိစွန်းတတ်
လေသည်။ဥပမာ-မုဒိမ်းမှုကိုသေသေချာချာခရေစေတွင်းကျရေးလျှင်ပုဒ်မ၂၉၄နှင့်ငြိနိုင်သည်။
ထိုပြင်တရားရုံးတစ်ခုခုကအပြစ်ရှိတယ်လို့စီရင်ချက်မချမချင်းမည်သူ့ကိုမှသူခိုး၊ဓါးမြ၊လူသတ်သမားအပြစ်ရှိ
တယ်လို့စီရင်ချက်မချမချင်းမည်သူ့ကိုမှသူခိုး၊ဓါးမြလူသတ်သမားစသဖြင့်ရေးသားခြင်းမပြုနိုင်ဆိုတာကိုသတိထားရ
မည်။တရားရုံးကစီရင်ချက်မချသရွေ့ကာလပတ်လုံးဖမ်းဆီးထားခြင်းခံရသူဟာရဲကမသကာင်္သူ၊ခွဲချက်တင်ခံရသူ၊
စွပ်စွဲခံရသူသာဖြစ်ပါတယ်။
ကလေးငယ်များပါဝင်ပတ်သတ်သည့်အမှုတစ်ခုခုကိုရေးသားဖော်ပြရာတွင်ထိုကလေးသူငယ်အမည်၊နေရပ်၊
ကျောင်းဟူသည်တို့ကိုထည့်သွင်းဖော်ပြခြင်းမပြုရချေ။
ယုတ်စွအဆုံးထိုကလေးသူငယ်မည်သူမည်ဝါဖြစ်သည်ဟု
စာဖတ်သူတို့သိသာစေနိုင်သောအကြောင်းအရာတစ်ခုခုကိုပင်လျှင်ထည့်သွင်းဖော်ပြခြင်းမပြုရပါ။
ထိုပြင်အထက်အဆိုပါကိစ္စနှင့်စပ်ဆိုင်နေသောကလေးသူငယ်တို့၏
ဓါတ်ပုံကိုထုတ်ဝေခြင်းမပြုရပါ။
သို့ရာတွင်ကလေးသူငယ်၏အကြောင်းတစ်စုံတစ်ရာကိုလည်းကောင်း၊ဓါတ်ပုံကိုလည်းကောင်းထုတ်ဝေလျှင်
ထိုကလေးသူငယ်အတွက်အကျိုးရှိမည်ဟုယူဆရပါကသတင်းထောက်တို့သည်အမှုစစ်ဆေးသောအခွင့်အာဏာရ
တရားရုံးရှိတရားသူကြီး၏ခွင့်ပြုချက်ကိုဟူ၍ထည့်သွင်းနိုင်သည်။

ဆက်ပါဦးမည်…….
အချက်အလက်နှင့်ဆောင်းပါးများအားလုံးကို အလင်းဆက် (IR)မှ ပံပိုးကူညီပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ