၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့် ပတ်သက်ပြီး
အောက်ပါအချက်များကို သဘောမတူပါ။
(က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့သည်
စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေးအရာ ကိစ္စများကို
နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်သည်
လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည်
လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့် ပတ်သက်၍ အများပြည်သူကြား
မေးခွန်းထုတ်စရာများ ရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုးတွင်
အငြိမ်းစားတရားသူကြီး တစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့်
ဦးဆောင်နေရာတွင် ထားခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သော အရာဟု Eleven Media
Group မှ ရှုမြင်ပါသည်။
(ခ) ပါဝင်သောသူအများစုမှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့်
အများပြည်သူ၏ ယုံကြည်ကိုးစားမှုမခံရသော စာပေစာနယ်ဇင်း အဖွဲ့မှ
အဖွဲ့ဝင်အများစု ဖြစ်နေပါသည်။
(ဂ) ပါဝင်သောသူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့် ပတ်သက်ပြီး
လေးစားလိုက်နာခြင်း မရှိဘဲ ကျင့်ဝတ်ကို ဖောက်ဖျက်သော သမိုင်းကြောင်း
ရှိနေသူများ ဖြစ်နေသဖြင့် စာနယ်ဇင်း အမြုတေကောင်စီ၏
အဓိကရည်ရွယ်ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့် ဆိုင်သည့် ထိန်းကွပ်မှုကို
လုပ်ဆောင်နိုင်မည်ဟု မယူဆနိုင်ပါ။
(ဃ) စာနယ်ဇင်းကောင်စီတွင် ပါဝင်သောသူများမှာ ဤလောက၌
အလုပ်လုပ်ကိုင် နေထိုင်သော သူများဖြစ်သဖြင့် Conflict of intrest
အကျိုးစီးပွားတူ ပြဿနာများ ဖြစ်ပေါ်လာနိုင်သော အခြေအနေတွင် ရှိနေပါသည်။
အတွင်းရေးမှူး ဦးကိုကို၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ သာထွန်းဦး၊
ဦးမောင်မောင်မြင့်အေး၊ ဒေါက်တာ တင်ထွန်းဦး၊ ဦးစိုးသိမ်း (မောင်ဝံသ)၊
ဦးသီဟစော (သီဟစော)တို့မှာ ထုတ်ဝေသူများဖြစ်သဖြင့် အကျိုးစီးပွားဆိုင်ရာ
ပြဿနာများရှိနိုင်ပါသည်။
၂။ အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍
ကြေညာချက်ပါ အပိုဒ်(၂)မှ အောက်ပါအပိုဒ်ခွဲများကို သဘောမတူပါ။
"(ခ) စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြော
ဆောင်ရွက်မှုများသည် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားအား
မထိပါးအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ
မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက်
ကြီးကြပ်ဆောင်ရွက်ရန်၊"
အထက်ပါအချက်သည် စာပေစိစစ်ရေးမှ ရေးသားခြင်းကိုသာ စိစစ်ခဲ့သော်လည်း ယခု
အမြုတေ စာနယ်ဇင်းကောင်စီသည် ရေးသားခြင်းသာမက ဟောပြောခြင်း ကိစ္စများကိုပင်
ကြီးကြပ်ဆောင်ရွက်ရန် အခွင့်အာဏာကို အလွန်အကျွံ ပေးထားကြောင်း
တွေ့ရှိရပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကိုသာမက ပြောဆိုခွင့်ကိုပါ
ထိပါးထားသည့်အတွက် ၎င်းအဖွဲ့၏ တာဝန်ဝတ္တရားသည် စာပေစိစစ်ရေးထက် ပိုဆိုးသော
တာဝန်ဝတ္တရားများဖြစ်ကြောင်း တွေ့ရှိရပါသည်။
"(င) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဌာန်းရန်။
(စ) စာနယ်ဇင်းဆိုင်ရာ အတတ်ပညာနှင့်ကျင့်ဝတ်သိက္ခာများကို
စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိနားလည်
လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာပေးရန်။"
စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြဌာန်းရန်အတွက် ပါဝင်သော
ပုဂ္ဂိုလ်အချို့၏ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တများမှာ
သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့်ပုဂ္ဂိုလ်များဖြစ်သည်၊
မည်သည့်အချက်များဖြင့် အကျင့်စာရိတ္တပိုင်း၊ စာနယ်ဇင်း ကျင့်ဝတ်ပိုင်း
ငြိစွန်းမှုရှိသည်မှာ စိစစ်သင့်သောအရာများ ဖြစ်ပါသည်။
၃။ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ လိုအပ်သည့်ထက်
ပိုပေးထားသော လုပ်ပိုင်ခွင့်များဖြစ်ကြောင်း အောက်ပါအချက်များအရ
တွေ့ရှိရပါသည်။ ၎င်းကြေညာချက်ပါ အပိုဒ်(၃)မှ အပိုဒ်ခွဲများမှာ -
"(က)စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ
(Regulations & Procedure of the Press Council) ကိုရေးဆွဲပြဌာန်းခြင်း။
(င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား
ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။"
ကျင့်ဝတ်ဟူသော စကားလုံးကို ပိုင်းခြားဆုံးဖြတ်ရာ၌ Bias အဂတိတရား မပါမှုမှာ
အလေးထားရမည် ဖြစ်ပါသည်။ ၎င်းအဖွဲ့၌ ပါဝင်သောသူအချို့၏ အဂတိတရားနှင့် ပတ်သက်၍
သံသယဖြစ်ဖွယ်ရှိသော အချက်အလက်များစွာ ရရှိထားပါသည်။
"(စ) အထက်ဖော်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌
သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံး ဥပဒေနှင့်
တရားမ နစ်နာမှုဥပဒေ Tort တို့ပါ ပြဌာန်းချက်များနှင့်အညီ
ကျင့်သုံးဆောင်ရွက်ခြင်း။"
ယင်းဥပဒေများ ထည့်သွင်းထားခြင်းမှာ သတင်းဆိုင်ရာ ဖြစ်ပွားသော
ပဋိပက္ခများတွင် လိုအပ်ပါက သက်သေခံ စာရွက်စာတမ်းများကို
တောင်းယူကြည့်ရှုရန် သက်သေခံ ဥပဒေကိုလည်းကောင်း၊ သတင်းရေးသားခြင်းနှင့်
ပတ်သက်၍ တရားမကြောင်းအရ တရားစွဲဆိုခြင်း ဆိုင်ရာများကို ဖြေရှင်းရာတွင်
အထောက်အကူပြုရန် တရားမနစ်နာမှု ဥပဒေနှင့် တရားမကျင့်ထုံး ဥပဒေတို့ကို
လည်းကောင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ ထို့ပြင် ဖြစ်ပေါ်လာသည့်
သတင်းဆိုင်ရာ ဖြစ်ပွားသော ပဋိပက္ခများတွင် သမ္မာန်စာ ထုတ်ဆင့်ခြင်းနှင့်
ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ခြင်းတို့
ဆောင်ရွက်နိုင်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေကို ထည့်သွင်းထားသည်ဟု
သုံးသပ်ရပါသည်။
"(ဆ)ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့်
ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ်
ကောင်စီတာဝန် ပေးအပ်ခြင်း ခံရသူများအား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊
တရားမကြောင်းအရ သော်လည်းကောင်း တရားစွဲဆိုခြင်းမှ
ကင်းလွတ်ခွင့်ရရှိခြင်း။"
ဤအဖွဲ့တွင်ပါဝင်သူအများစုသည် စာရေးဆရာနှင့် ဂျာနယ်လစ်များ ဖြစ်ပါသည်။
၎င်းတို့အား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရ သော်လည်းကောင်း
တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ပေးထားခြင်းသည် ဥပဒေ၏ အထက်သို့
ရောက်ရှိနေသည့်အတွက် လက်မခံနိုင်ပါ။
"(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍
အသိပညာပေးခြင်းနှင့် လိုအပ်သော အရေးယူဆောင်ရွက်ခြင်း။"
စာနယ်ဇင်းကျင့်ဝတ်ဆိုသည်မှာ Moral Values စိတ်ပိုင်းဆိုင်ရာ
တန်ဖိုးဖြတ်မှုများသာ ဖြစ်သည်။ ကျင့်ဝတ်ဖောက်ဖျက်၍ မည်သည့်ဥပဒေနှင့်
မည်သည့် အဖွဲ့အစည်းကမှ အပြစ်ပေး၍မရပါ။ ဤသည်ကို ယခုအဖွဲ့မှ အသိပညာပေး၍
လိုအပ်သလို အရေးယူ ဆောင်ရွက်မည် ဆိုသည်မှာ လုံးဝလုပ်ဆောင်သင့်သည့်
ကိစ္စမဟုတ်ပါ။ အဆိုပါ အဖွဲ့ဝင်များကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ
နေုထိုင်ပါသလားဆိုသည်မှာ ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။
၎။ "မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များသည်
ပြည်သူ့ဝန်ထမ်း တစ်ဦး၏ အခွင့်အာဏာများကို ရရှိစေရမည်"
ဆိုသည့်အချက်မှာလည်း အာဏာကို လိုအပ်သည်ထက် ပိုပေးထားသလို ဖြစ်နေသည်။
ပြည်သူ့ဝန်ထမ်းများကဲ့သို့ ၎င်းတို့၏ တာဝန်ဝတ္တရားများကို
နှောင့်ယှက်မှုဟုဆိုပြီး တရားစွဲဆိုခွင့်များ စသည်ဖြင့် အခွင့်အရေးကို
မလိုအပ်ဘဲ ပေးထားခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီအား သတင်းမီဒီယာများက
ပြန်လည်ချေပရေးသားခြင်း မပြုနိုင်ရန်လည်းကောင်း၊ ပါဝင်သော
အဖွဲ့ဝင်များအား ဝေဖန်ခြင်း မပြုနိုင်ရန် ဖြစ်သည်။
မကြာသေးမီက မီဒီယာများအား တရားစွဲဆိုမှုများ၊ ထုတ်ဝေခွင့် ပိတ်ပင်မှုများ၊
စာနယ်ဇင်းသမားများအား ခေါ်ယူသတိပေးမှုများကို တွေ့ကြုံခဲ့ကြရပါသည်။
ထိုအခြေအနေမျိုးတွင် အမြုတေ စာနယ်ဇင်းကောင်စီအား
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ ဖွဲ့စည်းခြင်းကို စာနယ်ဇင်းများအား
တိုင်ပင်ခြင်းမရှိဘဲ အစိုးရမှ တိုက်ရိုက်ခန့်ထားခြင်းဖြင့်
ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို
အာမခံနိုင်ခြင်း မရှိဟု ယူဆပါသည်။ ထို့ပြင် စာနယ်ဇင်း လွတ်လပ်ခွင့်အား
နောက်ပြန်သွားစေနိုင်သည့် လုပ်ဆောင်မှုဟုလည်း Eleven Media Group
မှယူဆပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့်
ပတ်သက်ပြီး မလိုလားအပ်သော ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သလို
ကန့်သတ်ချုပ်ခြယ် ခြင်းများသည် ဒီမိုကရေစီ အပြောင်းအလဲအား
နောက်ပြန်သွားစေခြင်းများ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့်
ဒီမိုကရေစီ အပြောင်းအလဲအား ရှေ့သို့သွားမည်ဆိုပါက ယခုကိစ္စအား
ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
Friday, 10 August 2012
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ