ထားရှိရသည့် အက္ခရာစကားလုံးများ ရှိကြပါသည်။ တစ်နည်းအားဖြင့် ဗျည်းအက္ခရာများ ဖြစ်ကြပါသည်။ ထိုဗျည်းအက္ခရာများ၌ အသံမရှိပါ။
အသံပေါ်ထွက်လာစေရန်အတွက် "အီ၊ အေ၊ အယ်၊ အာ၊ အော်၊ အို၊ အူ၊ အင်၊ အန်၊ အွန်၊ အိတ်၊ အုတ်၊ အိုက်၊ အောက်၊ အစ်၊ အက်၊ အတ်၊
အွတ်" အစရှိသော အခြေခံသရများနှင့် ပေါင်းစပ်လိုက်မှသာ အသံများ ပေါ်ထွက်လာပါသည်။ ထိုစကားလုံးများမှ ဝေါဟာရများ ဖြစ်ပေါ်လာ
ပါသည်။ ကံ၊ ကတ္တား၊ ကြိယာ၊ ၀ိဘတ်၊ သမ္ဗန္ဓ၊ နာမ၀ိသေသန အစရှိသဖြင့် စကားလုံးဝေါဟာရများ ပုဒ်များ ဖြစ်ပေါ်လာပြီး သဒ္ဒါအထားအသို
မှန်ကန်စွာ စဉ်လိုက်လျှင် ၀ါကျများ ဖြစ်လာပါသည်။ ၀ါကျမှ တစ်ဆင့် စာပိုဒ်၊ စာပိုဒ်မှ စာပုဒ်ဖြစ်လာကာ ကိုယ့်နိုင်ငံ တိုင်းပြည်ဆိုင်ရာ စာပေများ
ပေါ်ထွန်းလာပါသည်။ ယဉ်ကျေးမှုအနေအထားများ တိုးမြှင့်လာပါသည်။
စာပေသည် နိုင်ငံနှင့်လူမျိုး၊ အခြေတိုးမြှင့်ရေး၌ အဓိကကျပါသည်။ စာပေများ ပေါ်ထွန်းလာရအောင် ဘာသာဗေဒပညာရှင်များ သဒ္ဒ
ဗေဒပညာရှင်များသည် ခေတ်အဆက်ဆက် ကြိုးပမ်းအားထုတ်ခဲ့ရပါသည်။ ၎င်းတို့ ကြိုးပမ်းအားထုတ်သည့်အတွက်ကြော
င့်လည်း နောက်ဆုံး၌
ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်အလိုက် လူမျိုးအသီးသီးတို့၏ ကိုယ်ပိုင်အက္ခရာ ဖြစ်ပေါ်လာခဲ့ရပါတော့သည်။ ဤ၌ ကမ္ဘာ့နိုင်ငံအသီးသီး ရှိကြသည့်
အနက် လက်လှမ်းမီရာကို လေ့လာစူးစမ်းတင်ပြရသည်ရှိသော်
၁။ မြန်မာစာပေ၌ အက္ခရာအလုံးရေ (၃၃)လုံး ရှိ၏
၂။ ဂျူးစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏
၃။ အီတလီစာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏
၎။ လက်တင်စာပေ၌ အက္ခရာအလုံးရေ (၂၂)လုံး ရှိ၏
၅။ ဂရိတ်စာပေ၌ အက္ခရာအလုံးရေ (၂၄)လုံး ရှိ၏
၆။ ပြင်သစ်စာပေ၌ အက္ခရာအလုံးရေ (၂၅)လုံး ရှိ၏
၇။ ဂျာမန်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံး ရှိ၏
၈။ အင်္ဂလိပ်စာပေ၌ အက္ခရာအလုံးရေ (၂၆)လုံး ရှိ၏
၉။ စပိန်စာပေ၌ အက္ခရာအလုံးရေ (၂၇)လုံး ရှိ၏
၁၀။ အာရေဗျစာပေ၌ အက္ခရာအလုံးရေ (၂၈)လုံး ရှိ၏
၁၁။ တူရကီစာပေ၌ အက္ခရာအလုံးရေ (၂၉)လုံး ရှိ၏
၁၂။ ရုရှားစာပေ၌ အက္ခရာအလုံးရေ (၃၂)လုံး ရှိ၏
၁၃။ အာမေးနီးယားစာပေ၌ အက္ခရာအလုံးရေ (၃၈)လုံး ရှိ၏
၁၄။ တရုတ်စာပေ၌ အက္ခရာအလုံးရေ (၅၃)လုံး ရှိ၏
၁၅။ ထိုင်း(ယိုးဒယား) အက္ခရာအလုံးရေ (၇၄)လုံး ရှိ၏

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ