နေပြည်တော်ကောင်စီနယ်မြေ၊ပျဉ်းမနားမြို့ ၊ပေါင်းလောင်းရပ်ကွက်မှာယုဇနဈေးကြီးရှိပါတယ်။ အဲ့ဒီဈေးကြီးထဲကHandsetရောင်းတဲ့ဆိုင်နဲ့  ဖိနပ်ရောင်းတဲ့ဆိုင်(၂)ဆိုင်ဟာ (၂၈.၇.၂၀၁၂)ရက်နေ့ မိုးသည်းထန်စွာရွာတဲ့ညက ဆိုင်ရှိပစ္စည်းများဖောက်ထွင်းခံလိုက်ရပါတယ်။Handsetဆိုင်က ကာလတန်ဖိုး(၈)သိန်းနဲ့ (၉)သိန်းကြားပစ္စည်းတွေအခိုးခံရပြီး ဖိနပ်ဆိုင်ကတော့ဖိနပ်(၁၂)ရံလောက်ပါသွားပါတယ်။အဲ့ဒီလိုဖောက်ထွင်းမှုဟာ အခုအကြိမ်တင်မကပါဘူး။ မနှစ်က(၂၀၁၁)ခုနှစ်ကလည်း"ငွေကြယ်ပွင့်"ဆိုတဲ့အထည်ဆိုင် အဖောက်ခံရ ပါသေးတယ်။ ကဲထားပါတော့အဲ့ဒီလိုဆိုင်(၂)ဆိုင် အဖောက်ခံရတဲ့ကိစ္စကိုအဲ့ဒီဆိုင်တွေက ရဲကိုအမှုဖွင့်တိုင်မယ်လို့ ပြောတော့ယုဇနဈေးရဲ့ ဈေးမှူး ဦးသိန်းဝင်းနိုင်ကရဲကိုတော့အမှု မဖွင့်ပါနဲ့ ။သူတို့ (ဈေးအုပ်ချုပ်ရေးပိုင်း)ကြည့်ရှုပြီး ကာယကံရှင်တွေကျေနပ်အောင်လုပ်ပေးပါ့မယ်(အလျော်ပေးပါ့မယ်)လို့  Handsetဆိုင်နဲ့ ဖိနပ်ဆိုင်ကိုတားမြစ်ခဲ့ပါတယ်။မနှစ်က "ငွေကြယ်ပွင့်"အထည်ဆိုင်ကို အဖောက်ခံရတုန်းကလည်းအဖောက်ခံရတဲ့ပစ္စည်းတန်ဖိုးဆိုပြီး ငွေ(၁)သိန်းလောက်ကိုဈေးမှူးနဲ့ အဖွဲ့ ကပဲ အလျော်ပေးပြီးဖုံးဖုံးဖိဖိလုပ်ခဲ့ကြတယ်။ အဲ့ဒီအတွက်(၂၈.၇.၂၀၁၂)ရက်နေ့ ညယုဇနဈေးက အဖောက်ခံလိုက်ရတဲ့Handsetဆိုင်နဲ့ ဖိနပ်ဆိုင်(၂)ဆိုင်အား ဒီနေ့ (၁၀.၈.၂၀၁၂)ရက်နေ့ အထိရဲကိုအကြောင်းမကြားဘဲ ဈေးမှူးနှင့် အဖွဲ့ ရဲ့ ညှိနှိုင်းအလျော်ပေးမှုကိုစောင့်ဆိုင်းနေကြပါတယ်။ အခင်းဖြစ်တာကတော့ဖြင့်(၁၃)ရက်ကျော်လာပါပြီ။အခုထက်ထိတော့ ဘာမှအကြောင်းမထူးသေးပါဘူး။ အဲ့ဒီညကတာဝန်ကျ တဲ့ယုဇနဈေးလုံခြုံရေးဦးတင်သိန်းကတော့"ဟုတ်တယ် ငါတို့ တစ်ယောက်ကို(၂)သိန်းကျော်စီလျော်ပေးရမယ်လို့ ပြောသံကြားပါတယ်"။ အဲ့ဒီဖြစ်ရပ်ကြောင့်ဖောက်ထွင်းခံလိုက်ရတဲ့ Handsetဆိုင်နဲ့ ဖိနပ်ဆိုင်ရှင်တို့ ခမျာရဲကိုလည်းအကြောင်းမကြားရဲ၊ အခိုးခံရတဲ့ကိုယ့်ပစ္စည်းတန်ဖိုးတွေလည်းပြန်မရ ဖြစ်နေကြကြောင်းသိရှိရသည်။
မြင့်အောင်(နေပြည်တော်)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ