သြဂုတ်လ ၈ရက်နေ့ ပြည်သူ့လွှတ်တော် မြင်ကွင်း

ဓါတ်ပုံ - Eleven Media Group

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည်
ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဌများကို နေရာချထားသည့်
လွှတ်တော်ထိုင်ခုံများ၏ ရှေ့ဆုံးတန်းသို့ ရောက်ရှိလာခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ဖွဲ့စည်းခဲ့သော တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ အဖြစ် တာဝန်ပေးခဲ့ပါသည်။


သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်
ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့်
မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား
နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း
ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏
မြန်မာ့ ယဉ်ကျေးမှု
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel
အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့်
မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook
အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော
အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက်
ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊
ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏
ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်
အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို

ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော်
ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။

ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ်
အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက်
ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး
အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း
အဆို တင်သွင်းမည်ဖြစ်သည်။

ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား
ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group
သတင်းအရသိရှိရပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ