ပြည်တွင်း သတင်းမီဒီယာတစ်ခု၏ဝက်ဆိုက် ပထမဆုံးအတိုက်ခိုက်ခံရ

  ရခိုင်ပြည်နယ်အရေးနှင့်ပက်သက်သော သတင်းဖော်ပြမူကြောင့် ရန်ကုန်မီဒီယာဂရုပ်၏ ဝက်ဆိုက်ကို
ဟက်ကာအချို့က  သြဂုတ် ၈ ရက်နေ့ တွင် ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း ယင်းမီဒီယာဌာနအကြီးအကဲ ဦးကိုကို
(စက်မူတက္ကသိုလ်) က ပြောကြားသည်။


             "ဒီလိုဖော်ပြရင် တခုခုတော့ တုံ့ပြန်လာမယ်လို့ ကြိုသိနေတယ်"ဟု ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံက
ဝက်ဆိုက်အချို့ကို ဟက်ကာအချို့ ဝင်ရာက်တိုက်ခိုက်ခြင်းနှင့် ပက်သက်ပြီး ၎င်းက သုံးသက်ပြောကြားသည်။

              ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းတို့၏ Website မှာ
သြဂုတ်လ ၇ရက်နေ့တွင် အတိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက်စာမျက်နှာများတွင် ပျံနှံနေသည်။

              Phantom Crews ၏ Facebook စာမျက်နှာတွင် မြန်မာနိုင်ငံဘောလုံးအားကစားအသင်း (Myanmar
National Football Team) ၏ Facebook စာမျက်နှာအား ယခုလဆန်းပိုင်းက ဝင်ရာက်တိုက်ခိုက်ခဲ့ကြောင်း
ဖော်ပြထားသည်။

             ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း မွတ်ဆလင်ဘာသာဝင် အမျိုးသမီးများနှင့် ကလေးသူငယ်များအား အစိုးရမှ
လူမျိုးတုံး သတ်ဖြတ်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် Egyption HackerGroup နှင့် Arabian Black Hat Team
အပါအဝင် မွတ်ဆလင် Hacker Group များ ပူးပေါင်းပြီး မြန်မာနိုင်ငံအား ပူးပေါင်း CyberAttack  ပြုလုပ်လျက် ရှိကြောင်း မြန်မာအိုင်တီပညာရှင်များက စွပ်စွဲပြောဆိုသည်။

                မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းအပေါ် ပြည်ပဟက်ကာများက ယခုကဲ့သို့ တိုက်ခိုက်ခြင်း
အပေါ် အံ့သြမိကြောင်း ပြည်တွင်း ဝက်ဆိုက်အနေနှင့် ပထမဆုံးအတိုက်ခိုက်ခံရသော ရန်ကုန်မီဒီယာဂရုပ်ပိုင်ရှင်
ဦးကိုကို(စက်မှုတက္ကသိုလ်)က ဆိုသည်။

                 ထိုသို့ တိုက်ခိုက်မှုများကြောင့် မြန်မာအစိုးရ Website များ၊ Internet Service Proviter(ISP) များ ထိခိုက်လာပြီး မြန်မာနိုင်ငံအတွင်း အင်တာ နက်လိုင်းနှေးကွေးခြင်း၊ ပြတ်တောက်ခြင်းနှင့် မြန်မာနိုင်ငံကိုယ်စားပြု
Website များဖြစ်သည့် Domain Name.mm ဖြင့်ဆုံးသော Website များ အားလုံးကို တစ်ကမ္ဘာလုံးမှ ကြည့်မရတော့ခြင်း၊ အင်တာနက်နှင့် ဆက်စပ်လုပ်ငန်းများအားလုံး နှောင့်နှေးရပ်တန့်ခြင်းများ ဖြစ်ပေါ်နေကြောင်း ၎င်းတို့က ပြောကြားသည်။

        Egyption Hacker Group နှင့် ပူးပေါင်းတိုက်ခိုက်သည့်အဖွဲ့များသည် အမေရိကန်၊ အစ္စရေးနှင့် အနောက်နိုင်ငံ
များအား မကြာခဏ ထိုးဖောက် တိုက်ခိုက်လျက်ရှိပြီး Arabian Black Hat Team Hacker အဖွဲ့သည် ရုရှား၊
ဆီးရီးယား၊အီဂျစ်နှင့် အခြားအာရပ်နိုင်ငံများမှ မွတ်ဆလင် Hacker များ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

 

မြန်မာ့သတင်းများစုစည်းရာ

http://www.myanmarnewsformyanmar.blogspot.com/

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ