အခုခေတ်မှာ လက်ကိုင်ဖုန်းအသုံးပြုမှုတွေ များလာပါတယ်။ လေ့လာမှုအရ
ကမ္ဘာတစ်ဝန်းမှာ လက်ကိုင်ဖုန်း အသုံးပြုနိုင်သူ ဦးရေ (၈၀%) ရှိတယ်လို့
သိရှိရပါတယ်။ လက်ကိုင်ဖုန်းသုံးသူတွေများပြားလာသည့်အလျောက်
ဖုန်းသုံးရာမှာ အန္တရာယ်ကင်းဝေးစေဖို့ ထိပ်တန်း (၁၀)ချက်ကို
မှော်ဝင်မြို့သားများအတွက် တင်ပြလိုက် ရပါတယ်။
(၁) လက်ကိုင်ဖုန်းကို သင့်ဦးခေါင်းနှင့်အနည်းဆုံး ၂.၇
လက်မအကွာမှာထားသင့်ပါတယ်။ ဒါမှမဟုတ် စပီကာဖွင့်ပြီး ပြောပါ။
ဒီလိုလုပ်မှသာ ဦးနှောက်ဆီကို လျှပ်စစ်သံလိုက်လှိုင်းဖြာထွက်ပျံနှံ့မှုကို
လျော့နည်းစေမှာ ဖြစ်ပါတယ်။
(၂) သင် အိမ်ပျော်နေစဉ်မှာ လက်ကိုင်ဖုန်းကို
သင့်ဦးခေါင်းနားမှာကပ်ပြီးမထားပါနဲ့။ ဖြစ်နိုင်ရင် လက်ကိုင်ဖုန်း ကို
တစ်ညလုံးပိတ်ထားပါ။ ဒါမှမဟုတ် သင်အိပ်နေသောနေရာနှင့်
(၆)ပေခန့်အကွာမှာထားပါ။
(၃) လက်ကိုင်ဖုန်းကို သင့်အိပ်ကပ်ထဲမှာ ထည့်ထားရင် ကီးပတ်(Key
Pad)ကိုသင့်ကိုယ်ခန္ဓာဘက်ဆီကို ဦးတည်ပြီးထည့်ထားပါ။ဒါဆိုရင် ဖုန်း
အင်တာနာ(Antenna) ကသင့်နဲ့ဝေးဝေးမှာ ရှိနေပါမယ်။
(၄) ကိုယ်ဝန်ဆောင်နေစဉ် လက်ကိုင်ဖုန်းကို မသုံးသင့်ပါဘူး။ လက်ကိုင်ဖုန်းက
လျှပ်စစ်သံလိုက်လှိုင်းက
သန္ဓေသားရဲ့ကြီးထားဖွံ့ဖြိုးမှုကိုထိခိုက်စေနိုင်ပါတယ်။
(၅) လေယာဉ်၊စက်လှေကား၊မီးရထား၊ဓါတ်ဆီဆိုင်၊CNGဆိုင်နဲ့အခြားသတ္တုအဆောက်အဦအမျိုးအစားများ
ထဲမှာ လက်ကိုင်ဖုန်းအသုံးပြုမှုကိုရှောင်ပါ။လက်ကိုင်ဖုန်းသုံးရင်
လျှပ်စစ်သံလိုက်လှိုင်း (EMR)ထွက်နှုန်း များစေလို့ပါ။
(၆) ဖုန်းကို ကြာကြာပြောမယ်ဆိုရင် Blue Tooth သို့မဟုတ် နားကြပ်
နဲ့အသုံးပြုတာကောင်းပါတယ်။ လျှပ်စစ်သံလိုက်လှိုင်းထွက်နှုန်းနဲ့
ထိတွေ့မှုနည်းလို့ပါ။
(၇) အသက် (၁၅) နှစ်အောက်ကလေးတွေကို လက်ကိုင်ဖုန်း
ပေးမကိုင်သင့်ပါ။လက်ရှိအခြေအနေမှာ ကလေးများ၏ဦးနှောက်အကျိတ်ကင်ဆာ
ဒုတိယသေဆုံးမှုအများဆုံးအကြောင်းရင်းထဲတွင်ပါဝင်နေလို့ပါ။
(၈) လက်ကိုင်ဖုန်းတွေကို မွေးကင်းစကလေးတွေနှင့် ဝေးဝေးမှာထားပါ။
လျှပ်စစ်သံလိုက်လှိုင်းတွေက ကလေးငယ်ရဲ့ပါးလွှာတဲ့ဦးခေါင်းခွံ့ကိုဖြတ်ပြီး
ဦးနှောက်ထဲကို အလွယ်တကူရောက်ရှိစေပါတယ်။ ဒါကြောင့်
ကင်ဆာဖြစ်နိုင်ခြေကိုတိုးစေပါတယ်။
(၉) ဘောင်းဘီအိတ်ကပ်ထဲ
လက်ကိုင်ဖုန်းထည်းသွားခြင်းကိုရှောင်ပါ။လက်ကိုင်ဖုန်းကထွက်လာတဲ့
ရောင်ခြည်ဟာမျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ထို့ပြင်
သင့်နှလုံးမှာ စက်(Pacemaker)တပ်ထားရင် အင်္ကျီအိတ်ကပ်ထဲမှာ
လက်ကိုင်ဖုန်းထည့်သွားခြင်းကို ရှောင်သင့်ပါတယ်။
(၁၀) လက်ကိုင်ဖုန်းဝယ်မယ်ဆိုရင်… SAR(Specific Absorption Rate)
နည်းတဲ့အမျိုးအစားကို ရှာဝယ်ပါ။ SAR နံပါတ်နည်းလေလေ ပိုကောင်းလေလေပါပဲ။
ပြောပြချင်တာကတော့ ဖုန်းသုံးစွဲရာမှာ လူကိုမထိခိုက်စေနိုင်သော
အမျိုးအစားကို သေချာမေးမြန်းဝယ်ယူပြီး အသုံးပြုစေချင်ပါတယ်။ ဒါမှသာ
နောက်ဆက်တွဲပြဿနာများကို ကာကွယ်ပြီးသား ဖြစ်နေမှာမို့ပါ..။
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ