ပါတီမှ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း နှင့် USDP ပါတီမှ
ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေးတို့က အပြန်အလှန် တရားစွဲဆို
ခဲ့ကြကြောင်း သိရှိရပါသည်။
USDP ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး က NLD ပါတီမှ
ဒေါ်ဖြူဖြူသင်းကို မဲဆွယ်စဉ် ကာလ က အသုံးပြုခဲ့သော
ခွင့်ပြုမဲ့သီချင်းများဖွင့်ခြင်း ၊ လူစုလူဝေးများစွာဖြင့်
ကြွေးကြော်အော်ဟစ်ခြင်း စသော အခြားအချက်အလက်များအပါအ၀င်
တရားစွဲဆိုခဲ့ကြောင်း သိရပါသည်။
ထိုသို့တရားစွဲခဲ့ပြီးနောက် ဒေါ်ဖြူဖြူသင်းမှလည်း ၂၅.၄.၂၀၁၂ နေ့က
ဒေါ်လဲ့လဲ့အေးအား ပြန်လည်တရားစွဲ ဆိုခဲ့ကြောင်း သိရပါသည်။
ဒေါ်ဖြူဖြူသင်းက USDP ပါတီမှ ကိုယ်စားလှယ်လောင်း၏ လက်ကမ်းကြော်ငြာများတွင်
ဘာသာရေး အဆောက်အအုံများတည်ဆောက်ပေးခြင်း၊လမ်းများတည်ဆောက်ပေးခြင်းတို့ကို
ရိုက်နှိပ်ဖော်ပြထားခြင်း များတွေ့ရပါသည်။ အဆိုပါဆောင်ရွက်ချက်များမှာ
နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များဖြစ်ပြီး ပါတီက
ဆောင်ရွက်ပေးသည့်အသွင်ဖြင့် လိမ်လည်မဲဆွယ်ခဲ့သည်ဟူသော အချက်ဖြင့်
ပြန်လည်တရားစွဲ ဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
USDP ၏တရားစွဲဆိုမှုကို ၄.၅.၂၀၁၂ နေ့တွင် နေပြည်တော်၌ ကြားနာမည်ဖြစ်ပြီး
NLD ၏တရားစွဲဆိုမှုကို ကြားနာမည့်ရက်အား မသိရှိရသေးပါ။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ