အသစ်ချထားပေးသည့် မိုဘိုင်းဖုန်းများ ၃.၅.၂၀၁၂ နေ့၌ တစ်နိုင်ငံလုံးတွင်သယ်ဆောင် အသုံးပြုနိုင်မည်

၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့မှ စတင်ရောင်းချခဲ့သည့် GSM
မိုဘိုင်းဖုန်းများနှင့် WCDMA မိုဘိုင်းဖုန်းများ သည်
ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်
အတွင်းသို့ လက်ရှိ အချိန်၌ သယ်ဆောင်အသုံးပြုခွင့်မရသေးသော်လည်း မေလ ၃
ရက်နေ့မှစပြီး အသစ်ချထားပေးသော မိုဘိုင်းဖုန်းအားလုံးသည်
တစ်နိုင်ငံလုံးသို့ သယ်ဆောင်ဆက်သွယ်ပြောဆိုနိုင်ကြောင်း သိရပါသည်။
နယ်မြေကန့်သတ်၍ ပိတ်ပင်ခဲ့ခြင်းသည် စက်မှုပိုင်းဆိုင်ရာများ
တည်ဆောက်ပြီးစီးခြင်း မရှိသေးသော ကြောင့် ဖြစ်ကြောင်း ၊ယခုအခါ
စက်မှုပိုင်းဆိုင်ရာများတည်ဆောက်ပြီးစီင်္းသည့် မေလ ၃ ရက်နေ့တွင်
အသုံးပြုခွင့်ပတ်ထားသည့် နယ်မြေ ၂ ခုကို
ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

Ref : မြန်မာ့အလင်း(၂၅ ဧပြီ ၂၀၁၂)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ