Firefox logo ထဲမှ တိရစ္ဆာန်မှာ စင်စစ် မြေခွေးမဟုတ်

ခေါင်းစဉ်ဖက်လိုက်တာနဲ့ စာဖတ်သူတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်။ တကယ်အမှန်ပါပဲ Firefox အမှတ်အသား ထဲက အနီရောင်နဲ့ တိရစ္ဆာန်လေးဟာ တကယ်မြေခွေး မဟုတ်ပါဘူး။

ယင်းအနီရောင်အဆင်းရှိတဲ့ တိရစ္ဆာန်ဟာ red panda လို့အမည်ရတဲ့ အနီရောင်ပန်ဒါ ဖြစ်ပါတယ်။ အနီရောင်ပန်ဒါကို အိန္ဒိယ၊ ဟိမဝန္တာ နဲ့ တရုတ်အနောက်ပိုင်း တို့မှာ အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အအေးပိုင်းဒေသဖြစ်တဲ့ ကချင်ပြည်နယ်တို့လို နေရာမှာ လည်း ကျက်စားတယ်လို့ ကြားဖူးပါတယ်။

Firefox ရဲ့ သမိုင်းကြောင်းတိုလေးကို ပြောပြပါမယ်။ မူလ Mozilla ဟာ Search engine တစ်ခုပြုလုပ်ပြီး Firebird ဆိုတဲ့ အမည်နဲ့ logo ကို ပြုလုပ်လိုက်ပါသေးတယ်။ အဲဒီလိုလုပ်တုန်းက Firebird ဆိုတဲ့ အမည်နဲ့တူတဲ့ အခြား ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့တူ နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ Mozilla Team ဟာ အင်မတန်တွေးရခက်ပြီး တူမတူတဲ့ အမည်နာမတစ်ခုနဲ့ လူသိများ​စေလိုတဲ့ဆန္ဒနဲ့ တိရစ္ဆာန်တော်တော်များများ လေ့လာခဲ့ကြပါတယ်။ (ဘာကြောင့် တိရစ္ဆာန်ကိုမှ Logo အဖြစ်အသုံးပြုချင်မှန်း စာရေး သူ မသိပါ) နောက်ဆုံးတော့ ကမ္ဘာ့ရှားပါး တိရစ္ဆာန်မျိုးစိတ် တစ်ခုဖြစ်တဲ့ အနီရောင်ပန်ဒါမျိုးကိုသွားတွေ့ပါတယ်။

ဒါကြောင့်မို့ ယင်းအနီရောင် ပန်ဒါကို Firefox ရဲ့ လိုဂိုအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါဆို Firepada လို့အမည်မပေးဘူးလားလို့ စာဖတ် သူတို့ complaint တက်စရာရှိမယ်ထင်ပါတယ်။ အနီရောင်ပန်ဒါနဲ့ အမည်ပြောင် (Nick name) က Firefox (ရဲရဲတောက် မြေခွေး (ဝါ) အနီရောင် မြေခွေး) ဖြစ်နေပါတယ်။

ဒါကြောင့်မို့ Firefox လိုဂိုထဲက တိရစ္ဆာန်လေးဟာ အနီရောင်ပန်ဒါလေးဖြစ်ပါတယ်။ စာဖတ်သူတို့ သံသယအတွေးနဲ့ ယုံသလိုလို၊ မယုံသလိုလို ဖြစ်နေမယ်ထင်တယ်။ Firefox ကိုဖန်တီးတဲ့ Mozilla ကိုယ်တိုင်ပြောတာဆိုရင်တော့ ယုံမယ်ထင်ပါတယ်။ တူ၊ မတူ​နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီ link လေးကို ဝင်ကြည့်ပါ။ (http://www.blogeek.ch/images/news/pandaroux.jpg ) ပြီး​တော့ အောက်ပါ link နှစ်ခုကို ဝင်ကြည့်နိုင်ပါတယ်။ တစ်ခုက Mozilla ရှင်းတမ်း၊ တစ်ခုက BBC မှ အသေးစိတ်ဖော်ပြထားတဲ့ အနီ​ရောင် ပန်ဒါ အကြောင်း ဖြစ်ပါတယ်။



No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ