သေပြီးပြန်ပေါက်တဲ့ တစ္ဆေ သစ်ခွ

ပုံမှာမြင်တွေ့ရတဲ့ သစ်ခွပန်းကို တစ္ဆေသစ်ခွ (Ghost Orchid) လို့ လူသိများကြပါတယ်။

ဘာလို့လဲဆို Ghost Orchid ရဲ့ ထူးခြားချက်များကို ဖော်ပြပါမယ်။

၁)သူဟာ နှစ်နှစ်ဆယ်အသက်ရှည်ပါတယ်။

၂) အရွက်မပါ၊ ကိုယ်ပိုင်အစာချက်လုပ်ရန် ရေသောက်မြစ်မလို။

၃) ပျံနှံ့တက်သည့် အလေ့အထမရှိ။

၎) Ghost Orchid ဟာ သစ်ပင်မှာတွယ်ကပ်ပြီးပေါက်ပေမဲ့အချိန် ကြွေကျပြီး မြေပေါ်ကျပါတယ်။ ပြီးတော့ မြေထဲမြှုပ်သွားပါတယ်။ မြေကြီးထဲမြှုပ်လို့ သေသွားပြီလို့မထင်လိုက်ပါနဲ့။ တစ်ချိန်ချိန်ကျ ယင်းသစ်ခွဟာ မြေပေါ်မှာ ပြန်ပေါက်ပါတယ်။ အံ့မခန်းပါပဲ သစ်ခွဟာ အသက်မသေပဲ ထင်းရှုးပင် (အနောက်တိုင်း ထင်းရှုး- cypress ပင်)ကိုတွယ်ကပ်ပြီး ပြန်တက်ပေါက်ပါတယ်။ ဒါကြောင့်မို့ပဲ Ghost Orchid ရဲ့အသက်ဟာ နှစ် ၂၀ ရှည်ရခြင်းဖြစ်ပါတယ်။

သေပြီးပြန်ပေါက်တဲ့ သစ်ခွလို့လည်း လူသိများတဲ့အတွက် Ghost Orchid လို့တင်စားခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ယင်း တစ္ဆေသစ်ခွကို ကျူးဘားနိုင်ငံရှိ တောနဲ့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ အတွေ့များလေ့ရှိတယ် လို့ သိရပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ