သက်ဆိုင်ရာမြို့များတွင် စတင်အသုံးပြုပြီးမှသာ ရန်ကုန်၊ မန္တလေးမြို့တို့၏
ဧရိယာအတွင်း၌ သယ်ဆောင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ သတင်းရရှိသည်။
''နယ်မှာ ရောင်းပေးခဲ့တဲ့ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းတွေ အနေနဲ့
မေလ ၃ ရက်နေ့ နောက်ပိုင်းကစပြီး ရန်ကုန်ဧရိယာထဲကို ယူပြောလို့ ရပါပြီ။
ဒါပေမယ့် တစ်ခုသတိပြုစေချင်တာက နယ်မှာရောင်းထားတဲ့ ဖုန်းဖြစ်ဖို့ လိုသလို
နယ်မှာ တကယ်သုံးတဲ့ဖုန်း ဖြစ်ဖို့လည်း လိုပါတယ်။ နယ်မှာမသုံးထားဘဲ
ရန်ကုန်မှာပဲ ကတ်ချိုးအသုံးပြုတဲ့ နယ်နံပါတ်နဲ့ ဖုန်းတွေကတော့
ရန်ကုန်ထဲမှာ အသုံးပြုလို့ ရမှာမဟုတ်ပါဘူး''ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသည်။
''ရန်ကုန်ကတ်တွေက ကျပ်သောင်းဂဏန်းလောက်ထိ ဈေးနှုန်းပိုပေးရတော့ နယ်ကတ်တွေ
ဝင်လာပြီး နဂိုဈေးအတိုင်းနဲ့ ၀ယ်လို့ရတယ်။ ဒါပေမယ့် နယ်ကတ်တွေကို ဒီမှာ
သိပ်မကြိုက်ကြဘူး။ ဆိုင်တွေကလည်း ရန်ကုန်ကတ်တွေကို လိုသလောက် မရတော့
ဝယ်ရလွယ်တဲ့နယ်ကတ် တွေကို ယူရောင်းကြတဲ့ သဘောပါ။ သုံးစွဲသူတွေကတော့
ချက်ချင်းပဲ သုံးချင်ကြပြီး မေလရောက်မှ အသုံးပြုနိုင်မှာကို
မစောင့်ချင်ကြဘူး။ ဆိုင်တွေကတော့ မေလကျရင် ၀ယ်လာကြမယ်မှန်းပြီး
ဆောင်ထားကြတာမျိုးလည်း ရှိတယ်''ဟုရန်ကုန်မြို့ရှိ မို
ဘိုင်းဖုန်းဆိုင်တစ်ခုမှ တာဝန်ရှိသူက ပြောပြခဲ့သည်။
''ဧပြီလကုန်ပိုင်းလောက်မှာ ရန်ကုန်မြို့က အမျိုးတစ်ယောက်ရဲ့
မင်္ဂလာဆောင်ကိုသွားတော့ နယ်က ဂျီအက်စ်အမ်ဖုန်းကို ရမယ်ထင်ပြီး
ယူသွားမိတယ်။ ပဲခူးတိုင်းထိ ဖုန်းပြောလို့ ရသေးတယ်။
ရန်ကုန်ဧရိယာထဲဝင်တော့ ဖုန်းက လုံးဝ သုံးလို့ မရတော့ဘူး''ဟု
မွန်ပြည်နယ်မှ သုံးစွဲသူတစ်ဦးက ပြောပြသည်။
ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA
ဖုန်းများကို ရောင်းချပေးခဲ့ရာတွင် တိုင်းဒေသကြီး ၇ ခုတွင်
ရန်ကုန်တိုင်းဒေသကြီးမှာ အရောင်းရဆုံးဖြစ်ပြီး ပြည်နယ် ၇ ခုအနက်
ရှမ်းပြည်နယ်မှာ ရောင်းအားအကောင်းဆုံးဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ