အခွင့်အလမ်းကောင်းများမွေးဖွားရာနိုင်ငံသို့

မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေတိုးတက်ဖြစ်ထွန်းလာမယ့်
အရိပ်အရောင်တွေရှိလာတာ အားလုံးလည်း သိရှိပြီး ဖြစ်မှာပါ..။ နိုင်ငံတကာကနေ
ဝင်လာမယ့် ရင်းနှီးမြုပ်နှံမှုတွေကတဆင့် အလုပ်အကိုင်တွေများစွာ
ဖြစ်ထွန်းလာကြမယ် ဆိုတာလည်း အများက သိပြီးဖြစ်မှာပါ။
ကြိုတင်ပြင်ဆင်ထားကြတဲ့ လုပ်သားတွေ၊သင်တန်းတွေလည်း အများကြီးရှိနေပါတယ်။
ဘွဲ့ရပညာတက်တွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေနဲ့ကျောင်းပြီးနေတဲ့လူငယ်တွေ၊
အတွေ့အကြုံသစ်တွေရှာရင်း တိုးတက်မှုကို လိုလားတဲ့ လူငယ်လူရွယ်တွေ…
မြန်မာနိုင်ငံကြီးမှာ အများကြီးမှ တစ်ကယ့် အများကြီးပါ။
ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ထွက်ရှိတဲ့သဘာဝအရင်းအမြစ်တွေက
အစုံပါပဲ..။ ကုန်ခမ်းသွားနိုင်တဲ့ အရင်းအမြစ်တွေဖြစ်တော့
လူသားအရင်းအမြစ်ဖွံ့ဖြိုးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်..။ အခု
မိတ်ဆွေဖတ်ရှု နေတာတွေအားလုံးဟာ မိတ်ဆွေတို့ သိပြီးသားတွေကြီးပါပဲ..။
ကျနော်ပြောပြချင်တာကလည်း အဲ့ဒါတွေမဟုတ်ပါဘူး။ ဒါဆိုဘာလဲလို့
မေးလို့ရပါတယ်။ မမေးလဲ သိစေချင်လို့ ပြောပြမှာပါ။
အဲ့ဒါကတော့ အသိတရား ပါပဲ။ ရှင်းရှင်းးပြောရရင် အသိရှိမှတရားရှိမှာပါ။
အသိမရှိရင် တရားလည်း ရှိမှာ မဟုတ် ပါဘူး။ ဘယ်လိုအသိတရားလဲဆိုတာ
ပြောပြချင်ပါသေးတယ်။ ယဉ်ကျေးမှုထွန်းကားပါတယ်ဆိုတဲ့ နိုင်ငံ၊ ထေရ၀ါဒ
ကိုးကွယ်မှုအများဆုံးရှိတဲ့နိုင်ငံ၊ ယဉ်ကျေးသိမ်မွေ့ပါတယ်ဆိုတဲ့နိုင်ငံ ၊
အများကခေါ်တဲ့ ရွှေနိုင်ငံ ၊ ကျနော်တို့နိုင်ငံ ။
သူများကိုလက်ညိုးမထိုးပဲ ကိုယ့်ဖာသာကိုယ်မေးကြည့်စမ်းပါ။
သင်ရိုးသားပါရဲ့လား။ ကျနော်မရိုးသားပါဘူး..
(ကိုယ့်ဖာသာကိုယ်ဖြေနေတာနော်..လူကြီးမင်းတို့ကို မပြောပါဘူး)။
ကျနော်မရိုးသားဘူးဆိုရင် ကျနော်တို့အနားက မိတ်ဆွေများကကော….?
ကျနော်မဖြေတော့ဘူး။ စာရှုသူပဲ ဖြေကြည့်တော့..။
သူများကို အပြစ်မပြောကြနဲ့နော်..။ သူ့အကုသိုလ်နဲ့သူသွားလိမ့်မယ်..။
သူကြောင့် ကိုယ့်မှာ အကုသိုလ်မပွားမိစေနဲ့။
ကျနော်ပြောချင်တာ..စာရှုသူမိတ်ဆွေ ရိုးသားပါ။ ကြိုးစားပါ။
လိမ်ညာကောက်ကျစ်မှုမပါတဲ့ အတက်ပညာများကိုအသုံးချပြီး နာမည်ကောင်းထွက်အောင်
လုပ်ပါ..။ သူများနိုင်ငံက လာလုပ်တဲ့သူဆိုတာ ကိုယ့်ထက်လည်တဲ့
လူလည်တွေကြီးပါပဲ။ ဒါပေမယ့် သူတို့မှာ
လူသားချင်းစာနာထောက်ထားမှုတွေရှိပါတယ်။ သူကိုယ်တိုင် ရိုးသားချင်မှ
ရိုးသားလိမ့်မယ်..ဒါပေမယ့် ရိုးသားမှုကို
မြတ်နိုးတက်တဲ့စိတ်ကလေးရှိနေပါလိမ့်မယ်။
သူမလုပ်နိုင်တာကို ကိုယ်လုပ်ပြပြီးတော့ ဒို့နိုင်ငံက လူတွေ
ဆင်းရဲနေသေးတယ် ဆိုပေမယ့် ရိုးသားစွာ ရှင်သန်ရပ်တည်နေပါတယ်။ အပြစ်ကင်းတဲ့
ရှာဖွေမှုနဲ့ အသက်မွေးပါမယ်။ အေးချမ်းဖူလုံစွာ အသက်မွေးခွင့်ရဖို့
၊ရှာရတဲ့ငွေကြေးတန်ဖိုးရှိဖို့ အသုံးခံဖို့ ၊ လူအခွင့်အရေးပြည့်ဝစွာနဲ့
ရှင်သန်ရပ်တည်နိုင်ဖို့ကို ကျနော်တို့နိုင်ငံကို ကျနော်တို့ထက်
ပိုချစ်မြတ်နိုးတဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ပြည်ထောင်စုဝန်ကြီးများ၊
လွှတ်တော်အမတ်မင်းများက ဆောင်ရွက်ပေးပါလိမ့်မယ်။
ခေါင်းဆောင်များကလည်း ခေါင်းဆောင်တာဝန်ကျေပွန်အောင်လုပ်ပေးနေပါတယ်။
ငယ်သားများကလည်း ငယ်သားတာဝန်ကျေပွန်အောင်သာ ကြိုးစားပါ။ တစ်ချိန်မှာ
သင်ကိုယ်တိုင် ခေါင်းဆောင်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့
ရိုးသားစွာ ကြိုးစားကြပါစို့ ဗျာ…။
ရိုးသားခြင်းသည် အကောင်းဆုံးသော မူဝါဒ ဖြစ်သည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ