ခါးမနာအောင် အိပ်စက်နည်းပုံစံ

နံနက်အိပ်ရာထတိုင်း ခါးနာပြီး ကိုက်ခဲနေရင်၊ မွေ့ရာကလည်း အသစ်ဖြစ်နေရင် သင်အိပ်တဲ့ ပုံစံ အနေအထားကို ပြန်လည်ဆန်းစစ်ဖို့ လိုနေပါပြီလို့ Atlanta မှ ဒါရိုက်တာ စကော့က ဆိုပါတယ်။ ပက်လက်လှန်အိပ်တာက ခါးနဲ့ ကျောရိုးမကြီးကို သဘာဝမကျတဲ့ အနေအထားမျိုးဖြစ်စေပြီး ခါးကြွက်သား၊ အဆစ်နဲ့ အာရုံကြောတွေပေါ် ဒဏ်သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာက နိုးထတိုင်း ခါးမနာအောင် အောက်ပါအတိုင်းအိပ်ပါ။

၁။ ဘေးဘက်စောင်းအိပ်တဲ့အခါ ဒူးတွေကို သန္ဓေသားပုံစံမျိုး ကွေးထားရင် ခြေထောက်နှစ်ချောင်းကြာင်း ခေါင်းအုံးထားပေးပါ။ ဒီအနေအထားဟာ ခါးအပေါ်ဝန်ပိစေမှု အနည်းဆုံးပါ။

၂။ ပက်လက်လှန်ပြီး မအိပ်ပါနဲ့။ ပက်လက်လှန်ပြီ အိပ်တာဟာ ကျောရိုးနဲ့ ခါးအပေါ် ဝန်ပိစေပါတယ်။ တကယ်လို့ ပက်လက်လှန်ပြီး အိပ်မက်ဆိုရင်လည်း ခါးအောက်ပိုင်းက အာရုံကြော (Sciatic Nerve) ပေါ်ကို ဖိအားလျော့ကျစေဖို့ ဒူးတွေအောက်မှာ ခေါင်းအုံးခုထားပါ။ အိပ်တဲ့အခါ မေးစေ့ကို ရှေ့ကိုငိုက်ကျမနေအောင် လည်ပင်းအောက်မှာ မွေးပွပဝါခေါက်ပြီး ထားပါ။

၃။ ဘယ်တော့မှ မှောက်မအိပ်ပါနဲ့။ မှောက်အိပ်တာက ကျောရိုးမကြီးရဲ့ အခြေက အခုံးအပေါ် ဝန်ပိစေနိုင်ပါတယ်။

Ref : Good Health

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ