တစ်ကောင်စီ...ခွဲခဲ့မိလေသလား။
ငါးကလေးနှစ်ကောင်ကို
တစ်ကောင်စီ...ထားခဲ့မိလေသလား။
သူတစ်ပါး ချစ်သူကို
ပြစ်မှားငေးကြည့်...,
ကျူးလွန်မိခဲ့လေသလား။
သူတစ်ပါး ချစ်ခြင်း
ကွေကွင်းစေအောင်
စွမ်းဆောင်မိခဲ့လေသလား။
ကံ၏အမှု၊ အစုစုမှ
ချစ့်သော သူ့ကို၊ ငြိမ်းစေလိုသည်...။
ကိုယ် တစ်ကိုယ်တည်း
ကံ အမွဲမို့
အံခဲဖြေလျော့...မငိုတာ့ဘူး။
ထို...ထို...ဘဝ,
ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...၊
ကံအမှု...ကြွေး၊ ဤဝဋ်ဘေးမှ
ချစ်သူ ကင်းဝေး အေးပါစေ...။ ။
လေးစားခင်မင်လျက်,
မောင်လှမျိုး(ချင်းချောင်းခြံ)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ