ပြုပြင်ထားသည့်ပုဂံစေတီပုထိုးနှင့် ယဉ်ကျေးမှု အဆောက်အအုံများ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်
=======================================================
ပြုပြင်မွမ်းမံထားသော ပုဂံ စေတီပုထိုး၊ ယဉ်ကျေးမှုအဆောက်အ အုံများကိုရှင်သန်နေသော အမွေအ နှစ် (Living Heritage) အဖြစ် ကမ္ဘာ့ အမွေအနှစ်စာရင်းသို့ တင်သွင်းနိုင် ကြောင်းနှင့် ကမ္ဘာ့အမွေအနှစ်ဖြစ် ဖွယ်အခြေအနေများရှိကြောင်း ယူ နက်စကိုမှသိရသည်။
အဆိုပါပုဂံဒေသသည် မြန်မာ့ ကိုးကွယ်မှုဆိုင်ရာ စေတီ၊ ပုထိုးများ၊ မြန်မာ့လက်မှုလက်ရာများရှိနေပြီး ရှေးမူမပျက် မွမ်းမံပြုပြင်ထားပါက ကမ္ဘာ့အမွေအနှစ်စာရင်းသို့ဝင်ရောက် နိုင်မည်ဖြစ်သည်။
''ဘုရားတွေကိုမွမ်းမံတာ ကြောက် စရာမလိုပါဘူး။ တည်ခဲ့တဲ့ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ဖို့လိုတယ်။ စတီးပြားကြီးတွေ ကပ်ချလို့မရဘူး။ ရှေးမူမပျက် အုတ်ချပ်ကအစ လိုက် လျောညီထွေပြင်ထားရင် ရှင်သန်နေ သောအမွေအနှစ်အဖြစ် ကမ္ဘာ့အ မွေအနှစ်စာရင်း တင်သွင်းနိုင်မှာဖြစ် ပါတယ်။ ပုဂံကအမွေအနှစ်စာရင်း ဝင်နိုင်ပါတယ်။ အခုအချိန်အထိတော့ ပဏာမစာရင်းထဲမှာပဲရှိပြီး အဆိုပြု လွှာထပ်ပြီး မတင်သွင်းထားသေးပါ ဘူး''ဟု ယူနက်စကိုမှ အမျိုးသားစီမံ ကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးကပြောသည်။
ယဉ်ကျေးမှုအမွေအနှစ်များကို ရှေးမူမပျက်အောင်ထိန်းသိမ်းရာတွင် ကျွမ်းကျင်သော နည်းပညာရှင်များ လိုအပ်ပြီး မြန်မာနိုင်ငံတွင်ပညာရှင် များမရှိပါ ကယူနက်စကိုနှင့်နိုင်ငံတ ကာမှပညာရှင်များကို ဖိတ်ခေါ်သင့် ကြောင်း ရှေးဟောင်းသုတေသနပညာ ရှင်များက သုံးသပ်သည်။
''ရှေးမူမပျက်ထိန်းသိမ်းဖို့ နည်း ပညာရှင်တွေလိုတယ်။ ကိုယ့်နိုင်ငံမှာ ရှိလား။ ရှိရင် အသုံးပြုရမယ်။ မရှိရင် ယူနက်စကိုတို့၊ ဂျပန်စတဲ့နိုင်ငံတွေ ကပညာရှင်တွေကိုဖိတ်ရမယ်။ နည်း ပညာမရှိရင် လူ့စွမ်းအားအရင်းအ မြစ်တွေ မွေးထုတ်ရမယ်။ နည်းပညာ မရှိဘဲ ယဉ်ကျေးမှုအမွေအနှစ်တွေ ကိုလက်ဖျားနဲ့တောင် မထိသင့်ဘူး။ ယဉ်ကျေးမှုလက်ရာတွေကိုပြင်ဆင် တဲ့အခါ မြင်သာထင်သာရှိရမယ်။ ပြင် ဆင်တာကိုဦးဆောင်နေတဲ့ ပညာရှင် တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ ဖော်ပြရမယ်။ ပုဂံမှာပြုပြင်ပြီးသား ဘုရားတွေရှိတယ်။ မလိုအပ်ဘဲပြုပြင် မွမ်းမံရင် ငွေကြေးကုန်မယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေဆုံးရှုံးမယ်''ဟု ရှေး ဟောင်းသုတေသနပညာရှင် ဒေါက် တာပြည့်ဖြိုးကျော်က ပြောသည်။
နိုင်ငံတကာတွင်ကျော်ကြားသော ပုဂံဒေသကို ၁၉၉၄ ခုနှစ်တွင် ယူ နက်စကို၏ ကမ္ဘာ့အမွေအနှစ်ဖြစ်ရေး အတွက် တင်သွင်းခဲ့သော်လည်း ပြု ပြင်ထိန်းသိမ်းရာတွင် နိုင်ငံတကာစံ နှုန်းများမမီသောကြောင့် ပယ်ချခံခဲ့ရ ပြီး ယခုလက်ရှိအခြေအနေတွင် ယူ နက်စကိုမှယဉ်ကျေးမှု အမွေအနှစ် Cultural management Heritage ကိုကူညီဆောင်ရွက် ပေးနေကြောင်းသိရသည်။
သူသူထက်လွင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၂)
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ