လူပေါင်းတစ်ရာရှိတယ်။
အယောက်ငါးဆယ်က
သူတို့ ကျင်လည်နေရတဲ့ စနစ်ကြီးတစ်ခုဟာ
မှားနေတယ်ဆိုတာလည်း သူတို့ မသိ
မှားနေတာကြောင့် ခံစားရတဲ့အကျိုးဆက်ကိုလည်း သတိမထားမိ။
အယောက်ငါးဆယ်က
သူတို့ ကျင်လည်နေရတဲ့ စနစ်ကြီးတစ်ခုဟာ
မှားနေတယ်ဆိုတာလည်း သူတို့ မသိ
မှားနေတာကြောင့် ခံစားရတဲ့အကျိုးဆက်ကိုလည်း သတိမထားမိ။
လူအယောက် သုံးဆယ်က
စနစ်တစ်ခု မှားနေမှန်းတော့ သိကြရဲ့
သို့ပေမယ့်
လက်ရှိအခြေအနေက ကိုယ့်ကိုယ်ကို ဆွဲနှုတ်ဖို့ကျ အင်အားမရှိ။
ကျန်တဲ့ဆယ့်ကိုးယောက်ဆိုတာ
လောကကြီးကို အပေါ်စီးက မြင်ကြသူတွေ ဖြစ်တယ်
မှားနေတဲ့စနစ်ကြီးကို ကိုယ့်ဆာလောင်မှုအတွက် အသုံးချ
စနစ်မှားကို စနစ်မှားအတိုင်း ထားဖို့ အလိုရှိတယ်။
“ငါလည်း စုန်းပြူးတော့ ဘယ်ဖြစ်ချစ်ပါ့မလဲ
ဒါပေမယ့် လူတွေ ချစ်အောင်ရော မုန်းအောင်ပါ
မနေတတ်တာက ငါ့ပြဿနာ” *
အဲဒီတော့လည်း အဲဒီလိုလူတစ်ယောက်က
စနစ်တစ်ခုကို ဖြစ်သင့်တဲ့အတိုင်း ရိုးရိုးသားသား ထောက်ပြရ။
လောကကြီး
လက်ရှိအနေအထားက လမ်းကြောင်းလွှဲသွားဖို့ဆိုရင်
သတမမြောက် စုန်းပြူးတွေကို လိုအပ်တယ်။ ။
..............................
*Quotation by Shin Nyana
** သတမလူ = The Hundredth Man= အယောက်တစ်ရာမြောက်လူ။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ