PTC Site တွေမှာ မရှုံးအောင်ရှယ်ယာတွေကို စီမံခန့်ခွဲနည်းတစ်ခု ( လက်တွေ့ )

PTC မှာ DR ကောင်းကောင်းမရှာနိုင်တဲ့သူတွေက RR အတွက်ထည့်ရင်းလိုက်တယ် .. ထည့်ရင်းဖို့ကလဲ အဆင်ပြေတော့ 10$ = 50 RR ထည့်လိုက်ကြတယ်...အစပိုင်းက မြတ်တော့မယောင်နဲ့ နောက်ပိုင်း ကွဲတော့တာပါဘဲ..ညည်းသံတွေကြားနေမြင်နေရပါတယ်... ဒီနေရာမယ် ကျွန်တော်ပြောပြချင်တာကတစ်ခုက PTC မှာ ထည့်ရင်းလို့ကတော့ ရှုံးမှာသေချာပါတယ်ဆိုတာပါဘဲ... ဒီတော့ မရှုံးအောင် ဘယ်လို စီမံမလဲ ?? ကျွန်တော် လက်ရှိ လုပ်ကိုင်နေတဲ့ Nerdbux ကို ပမာထားပြောပြပါ့မယ်... Nerdbux မှာ ကျွန်တော် 10$ ဖိုး လတိုင်းထည့်တယ်.. DR အခု 50 ပေါ့... အစပိုင်းတော့ ဟုတ်မယောင်ယောင်နဲ့ နောက်ပိုင်းအရှုံးဘက်ကိုဦးတည်လာတယ်... အခု 50 ကို ရက်သုံးဆယ်ပြည့်တိုင်း သက်တမ်းတိုးတဲ့အခါ ကျနော့်မယ် ငွေပြန်စိုက်လာရတယ်.. သူတို့ပေးသမျှနဲ့ မလောက်တော့ တစ်လကို ခြောက်ဒေါ်လာလောက် ကျနော့်မယ်အိပ်ပြန်စိုက်နေရတယ်... ဒီလို PTC ဆိုဒ် Admin တွေကလဲ သူတို့ဆိုဒ်ရေရှည်လည်ပတ်နိုင်အောင် သူတို့ရဲ့ Script နည်းပညာတွေနဲ့ ပြန်ချူကြမှာပါဘဲ.. ဒီတော့ အသုံးပြုသူ User နဲ့ PTC Admin တွေအကြား ဥာဏ်ကစားရတော့တာဘဲ... ကျနော် ဘယ်လိုလုပ်သလဲ ... ဥပမာ ကျနော် 2$ ဖိုး RR 10 ခုဝယ်လိုက်တယ်ဆိုပါစို့ ဆယ်ခုလုံးကို ရက်သုံးဆယ်ပြည့်လို့ သက်တမ်းပြန်တိုးရင် 2$ တစ်ပြိုင်တည်းပေးရတာပါဘဲ.. တစ်ခုကို 0.200$ နဲ့ပြန်ပေးနေရတာကိုး... သက်တမ်းပြန်တိုးတဲံအချိန်ကြမှ မိမိမှာ 2$ မရှိဘူးဆိုရင် အဲသည် RR 10 ခုလုံး ပျောက်ကုန်မယ်.. ဒါမှမဟုတ် 2$ မပြည့်ဘူဆိုရင်လည်း 10 ခုစလုံးကို သက်တမ်းမတိုးနိုင်ဘူး..သက်တမ်းမတိုးနိုင်တဲ့ ကောင် ပျောက်သွားမယ်.. မပျောက်ချင်ရင် အိတ်စိုက်ရတော့မယ်... ဒီတော့ အိတ်မစိုက်ရအောင်..မပျောက်ရလေအောင် ကျနော်ဘယ်လို လုပ်လိုက်သလဲဆိုရင် RR 10 ခုဝယ်လိုက်တယ် အဲသည် 10 ခုထဲက သုံးခုကို သက်တမ်းကုန်ဖို့ 28 ရက်အလိုမှာ ရက်သုံးဆယ် သက်တမ်းတိုးပေးလိုက်တယ် ဒီလိုဆိုတော့ 58 ရက်ဖြစ်သွားတယ်နော်... ကျန်တဲ့ RR 7 ခုထဲက သုံးခုကို သက်တမ်းကုန်ဖို့ 25 ရက်အလိုမှာ ရက်သုံးဆယ်သက်တမ်း ပြန်တိုးပေးလိုက်ပြန်တယ် ဒီတော့ 55 ရက်ဖြစ်သွားတယ်... ကျန်တဲ့ RR 4 ခုကို သက်တမ်းကုန်ဖို့ 20 ရက်အလိုမှာ သက်တမ်းတိုးပေးလိုက်တယ် 50 ရက်ဖြစ်သွားတယ်... သည်တော့ ဘာဖြစ်သွားသလဲဆိုရင် RR 10 ခုဟာ ရက်မတူဘဲ သူ့အစုနဲ့သူဖြစ်သွားတယ် ၊ သက်တမ်းတိုးရမယ့် ရက်ကလဲ ခြားသွားတယ် ၊ အဲလိုဖြစ်သွားတဲ့အတွက် ရက်သုံးဆယ်ပြည့်လို့ သက်တမ်းတိုးတဲ့အချိန်မှာ အကုန်လုံးကို တစ်ပြိုင်တည်းတိုးစရာမလိုဘဲနဲ့ ခွဲခွဲတိုးသွားလို့ရတယ်..သည့်အတွက် ပိုက်ဆံကိုယ့်အတွက် ကျန်လာတယ်... ကျန်လာတဲ့ ပိုက်ဆံကိုချင့်ချိန်ပြီး 1$ ဖိုးလောက်ပဲ တစ်ပတ်တစ်ခါ သို့မဟုတ် လေးရက်တစ်ခါ ငါးရက်တစ်ခါ RR အသစ်တွေကိုဆက်ဝယ်တော့တယ်.. သည်လိုနည်းနဲ့ RR တွေကို အစုနည်းနည်းချင်းစီ ခွဲထိန်းသွားတာပါဘဲ..အစပိုင်းတော့ ငွေအိတ်တာပေါ့ နောက်ပိုင်းကျတော့ အသက်ရှုရှောင်လာစေတယ်..အမြတ်ပြန်ထွက်လာတယ်..အခု ကျနော် သုံးလရှိနေပြီ ကိုယ့်အိတ်ကပ်ထဲက ပြန်စိုက်ရတဲ့ ဒုက္ခကို သည်နည်းနဲ့ လွတ်လာပါတယ်..ကျနော့်မယ် DR တွေအများကြီးရှိတယ်.. သို့ပေမယ့် သိတဲ့အတိုင်း Nerdbux က Click Rate ကိုလျော့ထားတော့ DR 500 ရှိနေလည်း တစ်နေ့မှ တစ်ဒေါ်လာကျော်ကျော်ဘဲရပါတော့တယ်.. ငွေတအားလိုရင်တော့ Task ဒါမှမဟုတ် MicroJobs လေးထလုပ်လိုက်တာပါဘဲ.. ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေလဲ ကိုယ့်အမြင် ကိုယ့်အတွေးလေးတွေကို ပြောပြပေးလို့ရပါတယ်..ကျွန်တော်ဘားမှဝင်ရောက်ပြောမှာတော့မဟုတ်ပါဘူး...
မှတ်သားစရာရှီရင်လိုက်မှတ်ပါ့မယ်..အဆင်ပြေကြပါစေခင်မျ

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ