အမေရိကန် အခြေစိုက် ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီး Apple အနေနဲ့
တောင်ကိုရီးယား Samsung ဆီမှ ‘တရားစရိတ်’ အဖြစ် ဒေါ်လာ ၂၂ သန်း
လိုချင်ကြောင်း သိရပါတယ်။ အားလုံး သိကြတဲ့အတိုင်းပဲ စမတ်ဖုန်းလောကမှာသာမက
အခြားနည်းပညာကဏ္ဍတွေမှာပါ Samsung နဲ့ Apple တို့ဟာ သိသိသာသာ တစ်မျိုး၊ မသိမသာတစ်မျိုးနဲ့ အဓိကပြိုင်ဘက်ကြီးတွေပါ။
Samsung မှ Galaxy Series စမတ်ဖုန်းတွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပြီး Apple ရဲ့ iPhone တွေနဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ ယှဉ်ပြိုင်ရုံသာမက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြိမ်ကြိမ် လူသိရှင်ကြား ဖြစ်ခဲ့ပါသေးတယ်။
အဲဒီတော့ နှစ်ဖက်စလုံး ရှေ့နေတွေငှား၊ တရားရုံးတွေသွားရတဲ့ တရားစရိတ်အဖြစ် Apple မှ Samsung ကို ယခုလို တောင်းလိုက်တာပါ။
တကယ်တမ်းက ဒေါ်လာသန်း ၆၀ လောက် လိုချင်တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ၂၂သန်းပဲ အရင်ပေးပါဦး ပေါ့။ ဒီလို တရားစရိတ် တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကုမ္ပဏီ ၂ခုဟာ လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တွေ့ဖို့ချိန်းထားပါတယ်။
နည်းပညာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီပြဿနာ ဒီမှာတင်ရပ်လား ဆိုတော့ မဟုတ်ပါဘူး။ တစ်ခါဖြစ်လိုက်၊ ထပ်ဖြစ်လိုက်၊ ငြင်းခုန်လိုက်ကြ၊ ပြောဆိုလိုက်ကြနဲ့ ဘယ်တော့မှလည်း အဆုံးသတ်မယ် မထင်ပါဘူးဗျာ။
ဟိုတစ်ခေါက်တုန်းက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ထပ်မံခိုးယူတယ်လို့ အခိုင်အမာ စွပ်စွဲခံခဲ့ရတာကို မှတ်မိကြဦးမှာပါ။ အဲဒီတုန်းက တရားရုံးက လျော်ကြေးအဖြစ် Samsung ကို အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ ပေးဆောင်စေခဲ့ပေမယ့် Samsung က အယူခံဝင်လိုက်တော့ ဒေါ်လာ သန်း၄၅၀သာ ဖြစ်သွားပါတယ်။
ပြီးခဲ့တဲ့လ ကလည်း အမှုထပ်ဖြစ်သေးကာ ဒေါ်လာ သန်း ၂၉၀ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။ ဆိုတော့ကာ Samsung အနေနဲ့ Apple ကို ပေးဆောင်စရာ လျော်ကြေး ဒေါ်လာ သန်း ၇၄၀ခန့် ရှိနေပါပြီ။
Samsung အနေနဲ့ Apple ကို လျော်ကြေးပေးရမယ့် ငွေတွေ တော်တော်များတာပဲဗျာ။
အခုတစ်ခါ Apple က Samsung ကို တရားစရိတ် တောင်းတယ်ဆိုတာကလည်း ဒါပြီးရင် ဒီပြဿနာငြိမ်းသွားမယ် မထင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမယ် ထင်ပါရဲ့။ Samsung ရဲ့ နောင်လာမယ့် မော်ဒယ်အသစ် စမတ်ဖုန်းတွေမှာလည်း Apple ရဲ့ မူပိုင်ခွင့်အချို့ကို ယူသုံးထားပြီးသား ဖြစ်နေပါတယ်။
ဒီနည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ ပြဿနာကို အစတည်းကနေ ယခုအထိ ကိုင်တွယ်နေတဲ့ တရားသူကြီးကတော့ အမျိုးသမီး တရားသူကြီး ‘Lucy Koh’ ဖြစ်ပါတယ်။
Source: gsmarena
Kangyi (MCG)
Credit By :Myanmar Consumer Guide
PostBy:MM IT
(2 photos)Samsung မှ Galaxy Series စမတ်ဖုန်းတွေကို ဆက်တိုက် ထုတ်လုပ်ခဲ့ပြီး Apple ရဲ့ iPhone တွေနဲ့ ယှဉ်ပြိုင်လာခဲ့ပါတယ်။ ယှဉ်ပြိုင်ရုံသာမက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြိမ်ကြိမ် လူသိရှင်ကြား ဖြစ်ခဲ့ပါသေးတယ်။
အဲဒီတော့ နှစ်ဖက်စလုံး ရှေ့နေတွေငှား၊ တရားရုံးတွေသွားရတဲ့ တရားစရိတ်အဖြစ် Apple မှ Samsung ကို ယခုလို တောင်းလိုက်တာပါ။
တကယ်တမ်းက ဒေါ်လာသန်း ၆၀ လောက် လိုချင်တာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ၂၂သန်းပဲ အရင်ပေးပါဦး ပေါ့။ ဒီလို တရားစရိတ် တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ကုမ္ပဏီ ၂ခုဟာ လာမယ့်ဇန်န၀ါရီ ၃၀ ရက်နေ့မှာ တွေ့ဖို့ချိန်းထားပါတယ်။
နည်းပညာမူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီပြဿနာ ဒီမှာတင်ရပ်လား ဆိုတော့ မဟုတ်ပါဘူး။ တစ်ခါဖြစ်လိုက်၊ ထပ်ဖြစ်လိုက်၊ ငြင်းခုန်လိုက်ကြ၊ ပြောဆိုလိုက်ကြနဲ့ ဘယ်တော့မှလည်း အဆုံးသတ်မယ် မထင်ပါဘူးဗျာ။
ဟိုတစ်ခေါက်တုန်းက Samsung ဟာ Apple ရဲ့ နည်းပညာတွေကို ထပ်မံခိုးယူတယ်လို့ အခိုင်အမာ စွပ်စွဲခံခဲ့ရတာကို မှတ်မိကြဦးမှာပါ။ အဲဒီတုန်းက တရားရုံးက လျော်ကြေးအဖြစ် Samsung ကို အမေရိကန်ဒေါ်လာ ၁.၀၅ ဘီလျံ ပေးဆောင်စေခဲ့ပေမယ့် Samsung က အယူခံဝင်လိုက်တော့ ဒေါ်လာ သန်း၄၅၀သာ ဖြစ်သွားပါတယ်။
ပြီးခဲ့တဲ့လ ကလည်း အမှုထပ်ဖြစ်သေးကာ ဒေါ်လာ သန်း ၂၉၀ ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါသေးတယ်။ ဆိုတော့ကာ Samsung အနေနဲ့ Apple ကို ပေးဆောင်စရာ လျော်ကြေး ဒေါ်လာ သန်း ၇၄၀ခန့် ရှိနေပါပြီ။
Samsung အနေနဲ့ Apple ကို လျော်ကြေးပေးရမယ့် ငွေတွေ တော်တော်များတာပဲဗျာ။
အခုတစ်ခါ Apple က Samsung ကို တရားစရိတ် တောင်းတယ်ဆိုတာကလည်း ဒါပြီးရင် ဒီပြဿနာငြိမ်းသွားမယ် မထင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်နေဦးမယ် ထင်ပါရဲ့။ Samsung ရဲ့ နောင်လာမယ့် မော်ဒယ်အသစ် စမတ်ဖုန်းတွေမှာလည်း Apple ရဲ့ မူပိုင်ခွင့်အချို့ကို ယူသုံးထားပြီးသား ဖြစ်နေပါတယ်။
ဒီနည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ ပြဿနာကို အစတည်းကနေ ယခုအထိ ကိုင်တွယ်နေတဲ့ တရားသူကြီးကတော့ အမျိုးသမီး တရားသူကြီး ‘Lucy Koh’ ဖြစ်ပါတယ်။
Source: gsmarena
Kangyi (MCG)
Credit By :Myanmar Consumer Guide
PostBy:MM IT
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ