တစ်ကမ္ဘာလုံးက smartphone တင်ပို့မှုရဲ့ ဈေးကွက်


တစ်ကမ္ဘာလုံးက smartphone တင်ပို့မှုရဲ့ ဈေးကွက် ဝေစု ၈၀ရာခိုင်နှုန်း ကျော်ကို Android ကပထမဆုံး အကြိမ် အနေနဲ့ ရရှိခဲ့တယ်လို့ IDC ကထုတ်ပြန်တဲ့ စာရင်းတွေ အရ သိရပါတယ်။ ဒီနှစ်ရဲ့ third-quarter ထိ smartphone ပေါင်း 261.1 million တင်ပို့ခဲ့ ရပြီး အဲ့ထဲက ၈၁ရာခိုင်နှုန်းက Google ရဲ့ OS ဖြစ်တဲ့ Android ကိုအသုံးပြု ထားပါတယ်။ Android ကိုသုံးထားတဲ့ manufacturers တွေအများကြီး ရှိပြီး ဒီထဲမှာတော့ Samsung ကဈေးကွက် အများစုကို ရရှိထား ပါတယ်။ Galaxy S4 က၃၉ရာခိုင်နှုန်း ထိရှိခဲ့ ပါတယ်။ Window Phone တွေက ဈေးကွက်ရဲ့ ၅ရာခိုင်နှုန်း လောက်သာ ရှိပေမယ့် ကြီးထွား လာနေပြီး Nokia ကဒီဈေးကွက်မှာ ဦးဆောင် နေပါတယ်။ Apple ကတော့ US မှာခေတ်စား နေပေမယ့် ကမ္ဘာလုံးနဲ့ ချီပြီး ကြည့်မယ် ဆိုရင် အနှုတ်ဘက် သွားနေပါတယ်။ မနှစ်ကထက် ၁.၅ရာခိုင်နှုန်း လျော့ကျ ခဲ့ရပြီး ၁၂.၉ရာခိုင်နှုန်း ဝေစု ရရှိထား ပါတယ်။

[source: cnet, image from geek]

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ