သင့် Mobile Phone ကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်များ


========================================== 
သင့် Mobile Phone ကိုရောင်းတော့မယ်ဆိုရင် သင့်ရဲ့ Personal Data တွေကို အရင်ဖျက်ပြီးမှရောင်းသင့်ပါတယ်။ သင့်ရဲ့ ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။ Data တွေကို Wipe မလုပ်ခင်ပြုလုပ်သင့်တဲ့အချက်တွေ။ သင့်ဖုန်းကို Wipe မလုပ်ခင်မှာ SIM Card , SD Card တွေကိုထုတ်ပါ။ SD Card ပေးရမယ်ဆိုရင် Erase or Format ချပါ။ Format ချဖို့  Settings ထဲမှာပြုလုပ်နိုင်သလို PC နဲ့ ချိတ်ဆက်ပြီး လည်းပြုလုပ်နိုင်ပါတယ်။ ဒီအချက်တွေကိုပြုလုပ်ပြီးရင်တော့ Internal Storage က ဒေတာတွေကို ဖျက်ဖို့ ပြုလုပ်ရမှာပါ။ iOS နဲ့  Android မှာ Internal Storage ကဒေတာတွေကိုဖျက်ဖို့ နည်းလမ်းတွေရှိပြီးအနည်းငယ်ကွဲပြားပါတယ်။ သင့်ဖုန်းကို Wipe လုပ်ဖို့  -------------------------- သင့်ဖုန်းရဲ့  Internal Storage ကဒေတာတွေကို စိတ်ချရအောင် Wipe လုပ်ဖို့ အတွက် နည်းတွေက iOS နဲ့  Android မှာမတူညီပါ။ iOS မှာ Default Erase Setting ကိုသုံးပါ။ iPhone အဟောင်းတွေမှာတော့ Erase လုပ်ဖို့  အဆင့်တွေကနည်းနည်းရှုပ်ပါတယ်။ iPhone 3GS , iOS 3.0 ကစပြီးတော့ hardware encryption နည်းကို Apple ကအသုံးပြုခဲ့ပါတယ်။ Internal Storage မှာရှိတဲ့ဒေတာတွေ အားလုံးကို အလိုလို Encrypted လုပ်ပြီးသိမ်းပေးထားတာပါ။ iPhone တွေမှာ သီးခြား Encryption Key တွေရှိပြီး ဖုန်း Handset ထဲမှာသိမ်းထားကြပါတယ်။ သင့် iPhone ကို Wipe လုပ်လိုက်တဲ့အခါမှာ Encryption Key ကိုပဲ Wipe လုပ်လိုက်တာဖြစ်ပါတယ်။ သင့် iPhone ကို Wipe လုပ်ဖို့  အတွက် Settings>General>Reset>Erase all Content and Settings ကိုနှိပ်ပြီးပြုလုပ်နိုင်ပါတယ်။ iPhone 3GS နဲ့ နောက်ပိုင်းဖုန်းတွေ ၊ iPads တွေ၊ iPod Touch 3rd Generation တွေမှာ Hardware Encryption ကိုအသုံးပြုကြပြီး Encryption Key ကိုဒီနည်းအတိုင်းဖျက်နိုင်ပါတယ်။ဒီနည်းနဲ့ ဖျက်ရင်အတော်လျှင်မြန်ပြီးသင့်ဒေတာတွေကို လုံခြုံစိတ်ချရစေပါတယ်။ ဖုန်းအဟောင်းတွေမှာတော့ ဒေတာတွေကို Wipe လုပ်တာအနည်းငယ်ကြာမြင့်ပါတယ်။ ဖုန်းအဟောင်းတွေမှာ ဒေတာတွေကိုဖျက်ဖို့  Random Information တွေနဲ့  Overwrite လုပ်တဲ့နည်းကိုအသုံးပြုလို့ ဖြစ်ပါတယ်။ Android မှာ ဆိုရင် Encrypt လုပ်ပြီး Erase လုပ်ပါ။ Android Phone တွေမှာတော့ iPhone နဲ့ မတူဘဲ manufacturer တွေများစွာရှိတဲ့အတွက် နည်းတွေကလည်းကွဲ ပြားပါတယ်။ဒါပေမယ့် ဒေတာတွေကို ဖျက်ဖို့  Default Option ကိုစိတ်ချစွာသုံးနိုင်ပါတယ်။ iPhone လို မဟုတ်ဘဲ Android မှာ Hardware Level နဲ့  Encryption လုပ်တာမဟုတ်ပါဘူး။ Setting ထဲမှာ ကိုယ်တိုင် ပြုလုပ်ရမှာပါ။ Encryption လုပ်ပြီးရင် Phone ကို Boot တက်တိုင်း Encryption Key ကိုထည့်ပေးရမှာပါ။( Lock Screen PIN နဲ့ မဆိုင်ပါ။) Android မှာ Encrypt လုပ်ထားရင် Performance အနည်းငယ်ကျတတ်ပါတယ်။Encryption မလုပ်ချင်တော့ရင် သင့်ဖုန်းကို Wipe လုပ်ရမှာပါ။ Setting ထဲမှာ ပြန်ပြောင်းရွေးချယ်လို့ မရပါဘူး။အဲဒီအတွက် Encrypt မလုပ်ခင်သေချာစဉ်းစားပြီးမှပြုလုပ်သင့်ပါတယ်။ Android မှာ ဒေတာတွေကို Wipe လုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။တစ်နည်းက Factory Reset လုပ်တာဖြစ်ပါတယ်။ Factory Reset လုပ်ဖို့ ကတော့ ဖုန်းပေါ်မူတည်ပြီး နေရာကွဲပြားပါတယ်။များသောအားဖြင့်တော့ “Backup & Reset” မှာလုပ်နိုင်ပါတယ်။ သာမာန် ဒေတာတွေကိုပဲ ဖုန်းမှာသိမ်းထားတဲ့သူတွေအတွက်ကတော့ ဒီနည်းကပြည့်စုံလုံလောက်ပါတယ်။ Wipe လုပ်ရင်ဒေတာတွေကို ပြန်ရှာလို့ ရနိုင် ၊ မရနိုင်ကတော့ manufacturer တွေအလိုက်ကွဲပြားနိုင်ပါတယ်။တစ်ချို့  Manufacturer တွေက သူတို့ ဖုန်းတွေကို Wipe လုပ်လိုက်ရင်တောင် မှဒေတာတွေကိုပြန်ရှာတွေ့ နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ နောက်ပြီး သင့်ဖုန်းကို Root လုပ်ထားပြီး Custom Recovery သုံးတယ်ဆိုရင် Recovery ကနေ Wipe လုပ်တဲ့အခါမှာ အကုန် မပျက်ဆီးဘဲ ဒေတာတွေ ကျန်ရှိနေတတ်ပါတယ်။ သင့်ဖုန်း ကို ပိုပြီးစိတ်ချရအောင် Wipe လုပ်ချင်ရင်တော့ Encrypt လုပ်ပြီး မှ Wipe လုပ်ပါ။ဒီနည်းက သင့်ဖုန်းမှာ အရေးကြီးတဲ့ဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ