၂၁ ရာစု မြန်မာပြည်မှ ပြည်သူ့အကျိုးကို မကြည့်သော အစိုးရ + မင်းများနှင့် ခရိုနီများသို့…ကျိန်စာ

စစ်အစိုးရမှ အ၀တ်ပြောင်းပြီး စည်းဝါးရိုက်ကာ လူကြီးတက်လုပ်ပြီး…..အုပ်စုဖွဲ့ကာ.. ဒီမိုကရေစီဟု တွင်တွင်ရွတ်ကာ မဟုတ်တာမှန်သမျှ လုပ်ချင်တာ လုပ်နေသော အစိုးရမင်းများ…

လမ်းတွေဖောက်..တံတားတွေဆောက်ကာ ကာလတန်ဖိုးကုန်ကျငွေထက် မတရားတောင်းခံ ခိုးယူထားသော ဆောက်လုပ်ရေးသူခိုးကြီးများ…..

ဆက်သွယ်ရေးဥပဒေ….တွင်တွင်ရွတ်ကာ..ဖုန်းဝန်ဆောင်ခများ မတရားယူထားသော လူ့မသမာများ…

အများပြည်သူကို ၂ ရက်သာ ကြိုတင်ပြောဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် လျှပ်စစ်မီတာခအား မတရား တောင်းခံရယူနေသော ဒီမိုကရေစီမဆန်ဘဲ….ခရိုနီများနှင့်ပေါင်းကာ ကိုယ်ကျိုးစီးပွားရှာသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လူ့တစ်ဘ၀စံများ…

တိုင်းပြည်အာဏာကို နည်းလမ်းမျိုးစုံသုံးပြီး ရယူထားသူများနှင့် ပေါင်းပြီး ပြည့်သူ့အကျိုးရှိမှု တစ်ခုမှ မပါ…ပိုမိုကြပ်တည်းလာစေပြီး ၀င်ငွေတိုးပွားစေနိုင်သောလမ်း မဖန်တီးပေးဘဲ မိမိအကျိုးစီးပွားတစ်ခုတည်းသာကြည့်တက်သော ခရိုနီများ….

အာဏာရသူ၏ အရှိန်အ၀ါကို အသုံးချပြီး တိုင်းပြည်ဘဏ္ဍာအား အလွဲသုံးစားလုပ်နေသော နောက်တော်ပါများ…

နိုင်ငံသူ နိုင်ငံသားများအား ဆင်းရဲကြပ်တည်းနေပြီး နိုင်ငံရေးတွင် လှည့်မကြည့်နိုင်အောင် ပြဿနာများ တစ်ခုပြီး တစ်ခု စီမံဖန်တီးတက်သော အတိုင်ပင်ခံများ…အကြံပေးများ…..

မှန်ကန်မျှတသော တရားဥပဒေကို မချမှတ်နိုင်ပဲ ငွေများရာ တရားနိုင်…. ကိုယ်ကျိုးသာကြည့်ပြီး အမိန့်ချမှတ်ပြီး ဥပဒေကို လက်တလုံးခြားလုပ်နေသော တရားရေးဆိုင်ရာ တရားသူကြီးများ…..

ရာဇ၀တ်မှုများ ထူပြောနေသောလည်း တိတိကျကျ တရားခံမဖော်ထုတ်နိုင်ဘဲ..ကြုံသလိုသွားနေသော ရဲတာဝန်ရှိကြီးများ…

စစ်တပ်ထဲတွင် အရှိန်အ၀ါနှင့် ရသလိုလုပ်စားနေပြီး….အောက်လက်ငယ်သား သာမန်စစ်သားများ ဆင်းရဲမွဲတေ ငပ်ပြတ်နေတာကို မသိသော….အဆင့်ဆင့်သော အရာရှိမင်းများ…

အားလုံး…အားလုံး…

ပြည်သူ/ပြည်သားတစ်ဦး စိတ်ဆင်းရဲမှု တစ်မိနစ်ကြုံရတိုင်း ကြုံရတိုင်း …
လက်လုပ်လက်စားများ ဆင်းရဲကြပ်တည်းမှု တစ်မိနစ် ခံစားရတိုင်း ခံစားရတိုင်း…
လခစားများ ရရှိဝင်ငွေနှင့် သုံးစွဲရသောစရိတ် မလောက်ငတိုင်း….မလောက်ငတိုင်း……
ဝင်ငွေတိုးမလာဘဲ….အခွန်တိုးလာတာ…စရိတ်များ တိုးလာတာကို ကြုံတွေ့နေရတိုင်း….နေရတိုင်း…

အဆိုပါ…သူများသည်….

ဟိန္ဒူဘာသာ ခံယူထားလျှင်…
မဟာသီဝနတ်ဘုရား ၊ ဗိဿနိုး နှင့် ဗြဟ္မာကြီး တို့၏ သည်းခံခွင့်လွှတ်တော်မူခြင်းမှ ကင်းဝေးပါစေ….

ဗုဒ္ဓဘာသာခံယူထားလျှင်…….
ယခုဘ၀မှာလည်း လွတ်လမ်းမမြင်ပါစေနှင့်….နောင်ပွင့်မည့်ဘုရားအားလည်း မဖူးရပါစေနှင့်…..ငရဲပြည်တွင် ပြည်သူဆင်းရဲခဲ့သမျှ အပြေအကြေ ခံစားရပါစေသား……။

ခရစ်ယာန်ဘာသာ ခံယူထားလျှင်…
မည်သည့်အခါမျှ ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်….ယေရှု၏ ကယ်ဆယ်စောင့်ရှောက်ခြင်းမှ လွဲဖယ်ခံရပြီး…သဲမြေပေါ်မှာ တိုက်ကိုတည်သောသူကဲ့သို့ ရေစီး၍ ထိုတိုက်ကို ရိုက်ခက်သောအခါ ချက်ချင်းလဲ၍ အကုန်အစင် ပြိုပျက်သွားပါစေ…..။

အစ္စလာမ်ဘာသာ ခံယူထားလျှင်…
အလ္လာ၏တမန်တော် မိုဟာမက် နှင့်အတူ ကောင်းကင်ဘုံရှိ ပီတိသုခကို မခံစားရဘဲ..
ကြောက်မက်ဖွယ်ကောင်းသော ငရဲဘုံ၌ အပြစ်ဒဏ်ကျခံနေရပါစေ….

စာဖတ်သူများ…..ပြန်လည်မျှဝေပေးသူများ….အားလုံး..အားလုံး..

မဖြစ်သင့်သော…မျက်ရည်များ……ဆင်းရဲခြင်းများ…..ဘ၀အမောများ…..အကြပ်အတည်းများ….ကင်းဝေးကြပါစေ….

ရန်သူမျိုးငါးပါး ဖြစ်သော…
ရေ..
မီး….
မင်း….
သူခိုး….
အမွေခံအမွေဆိုး….
တို့၏ ဒဏ်မှ ကင်းဝေးကြပါစေ…
ဖြစ်လေရာ ဘ၀တိုင်း၌ ယခုကဲသို့ ခေတ်ဆိုး ခေတ်ပျက်ထဲတွင် လူမဖြစ်ကြပါစေနှင့်….

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ