၂၀၁၅ အစိုးရသစ် အတွက် ပြဿနာများ ထားခဲ့မည် မဟုတ်ဟုဆို

လက်ရှိ ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခ ပြဿနာ အရေးကို ၂၀၁၅
ခုနှစ်တွင် တာဝန်ယူမည့် အစိုးရသစ် အတွက် ထားခဲ့မည် မဟုတ်ကြောင်း
နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ "ကျွန်တော်တို့
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ၂၀၁၅ မတိုင်ခင် အားလုံး ပြီးအောင်
ဆောင်ရွက် သွားပါမယ်၊ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် ပြည်သူတွေ ရွေးချယ်
ပေးလိုက်တဲ့ ဒီမိုကရေစီ အစိုးရ တစ်ရပ် တက်လာမယ်၊ အဲဒီ အစိုးရကို ပြဿနာ
တွေနဲ့ မထားခဲ့ ချင်ဘူး၊ အဲဒီ အစိုးရ အဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေး
အတွက် လုပ်ဆောင်ရမှာ အများကြီး ရှိတယ်" ဟု ၄င်းက ဆိုသည်။

ယနေ့ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် လုပ်ဆောင် နေကြသည့် လူထု
အခြေပြု အဖွဲ့အစည်း (CSO) ၄၆ဖွဲ့တို့ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
လုပ်ငန်းကော်မတီ တို့ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ ရုံး ပြည်ထောင်စု
ဝန်ကြီး ဦးစိုးသိန်းက အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကချင်ပြည်နယ် တွင် ဖြစ်ပွားလျက် ရှိသော တိုက်ပွဲ များကို
အမြန်ဆုံး ရပ်ဆိုင်း နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး ယခုလ အတွင်း
ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ပြန်လည် စတင်နိုင်ရန် လုပ်ဆောင်
သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ
ဦးအောင်မင်း က ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များသည် အပစ်အခတ် ရပ်စဲရုံ မျှနှင့် မပြီးဘဲ
ဆက်လက် ဆောင်ရွက် ရန်ရှိသည့် ဖွံဖြိုးရေး လုပ်ငန်းများ တွင် ပြည်တွင်း၊
ပြည်ပ လူထု အခြေပြု အဖွဲ့အစည်း (CSO) များ ပါ ဝင် ကူညီ ဆောင်ရွက်
ပေးကြရန် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က တောင်းဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ မှ စတင်ကာ
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီး ကေအိုင်အို မှအပ ကျန်တိုင်းရင်းသား
လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထား
နိုင်ခဲ့သည်။

http://www.thevoicemyanmar.com/index.php/politics/item/3535-%E1%81%82%E1%81%80%E1%81%81%E1%81%85-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%9E%E1%80%85%E1%80%B9-%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%91%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%82%94%E1%80%99%E1%80%8A%E1%80%B9-%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%9F%E1%80%AF%E1%80%86%E1%80%AD%E1%80%AF.html

Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ