စာရေးသူဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ စင်ကာပူနိုင်ငံကို အလည်အပတ်
ခရီးသွားရောက်ခဲ့ပါတယ်။ ၂၆ ရက်မှာ စင်ကာပူက တစ်ဆင့်
မလေးရှားနိုင်ငံကိုသုံးရက် ခရီးသွားရောက်ခဲ့ပြီး ၂၉ ရက်မှာ စင်ကာပူကို
ပြန်လည် ရောက်ရှိခဲ့ပါတယ်။ နှစ်သစ်ပထမနေ့ဖြစ်တဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁
ရက်မှာတော့ ရန်ကုန်မြို့ကို ပြန်လည်
ရောက်ရှိခဲ့ပါတယ်။ စင်ကာပူခရီးစဉ် အတွေ့အကြုံများအနက်မှ
အလွန်စိတ်ဝင်စားဖွယ် ကောင်းလှတဲ့အချက်တွေကို မီးမောင်းထိုးပြပြီး
စာဖတ်ပရိသတ်ကြီးထံ နှစ်သစ်လက်ဆောင်မွန်အဖြစ် ရေးဖွဲ့ပေးအပ်လိုက်ပါတယ်။
စင်ကာပူဟာ Sky Scraper လို့ခေါ်တဲ့ မိုးမျှော်အဆောက်အအုံများနဲ့
အခြေခံအဆောက်အအုံတွေ လွန်စွာခမ်းနားထယ်ဝါ လှပပြီး
စီးပွားရေးဖွံ့ဖြိုးမှုနဲ့ နည်းပညာ တိုးတက်မှုမှာလည်း အာဆီယံ
နိုင်ငံများအတွင်း ရှေ့တန်းကနေရာယူထားတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ
အားလုံးသိပြီးဖြစ်တဲ့အတွက် အထူးစာဖွဲ့ ပြောဖို့ မလိုပါဘူး။ ဒါပေမဲ့
လူတွေအကြောင်းကို ပြောစရာရှိပါတယ်။ ပြောလည်းပြောချင်ပါတယ်။ စာရေးသူ
ဘ၀င်မကျဆုံးအချက်တစ်ရပ်က စင်ကာပူ မိဘတွေဟာ မိမိတို့ရဲ့ ရင်သွေးကို
တွန်းလှည်းထဲထည့်ပြီး ရေခဲချောင်းလှည်းတွန်းသလို တွန်းပြီးသွားတတ်တဲ့
ဓလေ့စရိုက်ကိုပါပဲ။ စာရေးသူဟာ ယခုအကြိမ်ပါဆိုလျှင် စင်ကာပူကိုရောက်တာ
သုံးကြိမ်တိတိရှိပါပြီ။ လူတွေအလွန်စည်ကားတဲ့ ဆန်တိုဆာကျွန်း၊
တိရစ္ဆာန်ရုံ၊ စင်ကာပူရဟတ်စတဲ့ နေရာတွေကို မိသားစုအလည်အပတ် သွားကြရာ
ကုန်တိုက်ကြီး တွေကို ဈေးဝယ်ထွက်ကြရာ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ
ရင်သွေးငယ်အပါအ၀င် မိသားစု ယှဉ်တွဲပြီး လမ်းလျှောက်ကြရာ၊ ဘယ်နေရာမှမဆို
မိဘတွေက သားသမီးကို ထွေးပိုက် ချီပိုးပြီး သွားလာလေ့ မရှိသလောက် တွေ့
ရပါတယ်။
စာရေးသူတို့ နိုင်ငံမှာဆိုရင် လမ်းမလျှောက်နိုင်သေးတဲ့
တွန်းလှည်းဝယ်ပေးတောင်မှ ကိုယ့်သားသမီးကို ရင်အုပ်မကွာ
ချီပိုးထွေးပွေ့ထားတတ်တဲ့ ဘ၀ကို စွန့်လွှတ်ကြမှာ မဟုတ်ပါဘူး။
ဂုတ်ပိုးခွစီးတဲ့သားကို ဖခင်က လမ်းလျှောက်ရင်း ပြုံးပျော်မဆုံးရှိတဲ့
မြင်ကွင်းမျိုး စင်ကာပူမှာ လုံးဝမတွေ့ခဲ့ရပါဘူး။
လမ်းလျှောက်နိုင်ပြီဖြစ်တဲ့ သားသမီးတွေကိုပါ
လက်တွဲပြီး လျှောက်လေ့မရှိကြဘဲ လှည်းထဲထည့်တွန်းနေကြတာနေရာတကာမှာ
အများဆုံး တွေ့မြင်နိုင်ပါတယ်။
နောက်တစ်ချက်က "သားတို့ ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊
တစ်ပေါက်ကျက၊ မိဘတို့ဝမ်း ငြိမ်းစတမ်း" ဆိုတဲ့ စကားကို စင်ကာပူမှာ
အင်္ဂလိပ် ဘာသာနဲ့ဖြစ်စေ၊ မန်ဒရင်းတရုတ် ဘာသာနဲ့ဖြစ်စေ ပြန်ဆိုပြီး
သဘောပေါက်အောင် ဟောပြောကြမယ်ဆိုရင် ဦးပုညရဲ့ စကားအတိုင်း "ဟောရင်းသာ
ပျံလွန်ရမယ်" လို့ ဆိုရမှာပါပဲ။ စင်ကာပူမှာ "ရေကြည်ချမ်းမြ" ဆိုတာ
မိုးရေ၊ မလေးရှားက ငွေပေးဝယ်ရတဲ့ ရေနဲ့ မိလ္လာကန်နဲ့ ရေမြောင်းထဲက
ရတဲ့ရေကို ပြန်လည်သန့်စင်ပြီးနောက် အားလုံး ရောသမမွှေတဲ့ရေလို့ အဓိပ္ပာယ်
ရရှိမှာ ဖြစ်ပါတယ်။ အဲဒီရေကို သောက်သုံးနေတဲ့ စင်ကာပူသားတွေကို
သီတာရေစင်နဲ့ ယှဉ်ပြီး မိဘမေတ္တာအကြောင်း သဘောပေါက်အောင် ပြောဖို့ဆိုတာ
အလွန်ပင် မလွယ်လှပါဘူး။
ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပစ္စည်းတင်တဲ့ လှည်းတွေကို
လိုက်လံသိမ်းဆည်းပြီး အသက်မွေးနေကြရှာတဲ့ သက်ကြီးရွယ်အို
တရုတ်အဘိုးကြီးတွေကို မြင်ရတဲ့အခါမှာ စာရေးသူအဖို့
ထပ်မြင့်မိုးမျှော်တိုက်ကြီးတွေရဲ့ထယ်ဝါမှုနဲ့ နိမ့်ကျလှတဲ့ ဇရာအို
လူသားရဲ့ နွမ်းပါးမှု ဘ၀ပုံရိပ်နှစ်ခုကို နှိုင်းယှဉ်ရှုမြင်ရင်း
သက်ပြင်းအခါခါ ချမိပါတယ်။ အဘိုးအိုတွေ ကို နိုင်ငံတကာမြင်ကွင်းမှာ
"ကိုယ်လုပ်မှ ကိုယ်စားရတယ်" ဟု ပြကွက်တစ်ရပ် တည်ဆောက်ပြသထားသလိုလည်း
ခံစားမိပါတယ်။
အထူးသဖြင့် စင်ကာပူနိုင်ငံသား (Singaporean Life) ကို
အများမြင်ပြင်းကပ်လောကအောင် အလွန်ဂုဏ်ယူဝင့်ကြွား
စွာ ပြောဆိုလေ့ရှိကြတဲ့ ပုဂ္ဂိုလ်အားလုံးကို ၂-၁၂-၂၀၁၂ ရက်က
မလေးရှားနိုင်ငံထုတ် The Star သတင်းစာပါ ဆောင်းပါရှင်
စီချိုင်ယင်နီး(Seach Chaiang Nee) ရဲ့ "မြို့တော်အတွင်း
လိင်ကိစ္စအရှုပ်အထွေးက သင့်ဘ၀ကို ကျဆုံး အောင်ဆွဲချလေပြီ" (Sex in theCity
Drags you down) ဆိုတဲ့ ဆောင်းပါးကို မပျက်မကွက် ဖတ်ရှု
မှတ်သားကြစေချင်ပါတယ်။ အဲဒီ ဆောင်းပါးမှာ Play Boy မဂ္ဂဇင်းကို
ပိတ်ပင်ထားတဲ့ စင်ကာပူနိုင်ငံဟာ လိင်ကိစ္စအရှုပ်အထွေး
အများဆုံးဖြစ်ပွားခဲ့တဲ့ ၂၀၁၂ ခု နှစ်ကို ဖြတ်သန်းပြီး ၂၀၁၃ ခုနှစ်
နှစ်သစ်ကို ၀င်ရောက်နေပြီဖြစ် ကြောင်း စင်ကာပူနိုင်ငံအတွင်းမှာ
လိင်ကိစ္စမသမာမှုနဲ့ တွေ့ကြုံရင် တွန်းလှန်နိုင်မယ့် လူသားရဲ့ ခုခံအားကို
ကျဆင်းစေတဲ့ ဗိုင်းရပ်စ်ပိုးများ ပျံနှံ့နေကြောင်း၊ ပါလီမန် အမတ်များ၊
အစိုးရအရာရှိကြီးများ၊ စီးပွားရေး လုပ်ငန်းရှင် ကြီးများအဆင့်မှ
ကုန်တင်ယာဉ်မောင်းနဲ့ သန့်ရှင်းရေးအလုပ်သမား အဆင့်အထိ ရောဂါပိုးပျံ့နှံ့
ကူးစက်မှုဒဏ်ကို ခံစားနေကြရကြောင်း ဒါဇင်ပေါင်းများစွာသော လူကုံထံ
အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များဟာ အရွယ်မရောက်သေးတဲ့ ပြည့်တန်ဆာများနဲ့
ပျော်ပါးမှုကြောင့် တရားရုံးများမှာ အမှုရင်ဆိုင်နေကြရကြောင်း၊ ကာမရာဂ
ထကြွသောင်းကျန်းမှုဟာ တက္ကသိုလ်ပါမောက္ခများ၊ တရားရုံးရှေ့နေများ၊
ရဲဝန်ထမ်းများ၊ ကျောင်းဆရာများနဲ့ ဆယ်ကျော်သက်အ
ရွယ်လူငယ် လုံမငယ်များရဲ့ ဘ၀ကိုပါ ကျဆုံးအောင် ဆွဲချလျက်ရှိကြောင်း
နိဒါန်းပျိုးထားတာ တွေ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကာမဘီလူးခြောက်ဦးက
ဘတ်စ်ကားပေါ်မှာ ရိုက်နှက်မုဒိမ်းကျင့်ပြီး လမ်းပေါ်ပစ်ချခံရလို့
ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် အိန္ဒိယနိုင်ငံ အစိုးရက စင်ကာပူနိုင်ငံ
Mount Elizabeth ဆေးရုံမှာတင်ပြီး ကုသစေတဲ့ ၂၃ နှစ်အရွယ်
ဆေးကျောင်းသူလေးဟာ အထက်ပါ ဆောင်းပါးသတင်းစာမှာပါရှိတဲ့ ၂၉-၁၂-၂၀၁၂
နေ့မှာပဲ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားရှာပါတယ်။ စင်ကာပူက
ကာမဘီလူးတွေအကြောင်း အဲဒီဆောင်းပါး မှာ အတိအကျ ရေးထားတာကိုလည်း
ဆက်လက်ပြီး တင်ပြပါမယ်။
ဆောင်းပါးရှင်က စင်ကာပူက ကျောင်းဆရာ၊ ဆရာမတွေဟာ အရွယ်မရောက်သေးတဲ့
ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ အိပ်တဲ့အတွက် တရားရင်ဆိုင်နေကြရကြောင်း
ဆရာနှစ်ဦးဟာ မိန်းကလေး အိမ်သာမှာ ကင်မရာလျှို့ ၀ှက်တပ်ဆင်
ကြည့်ရှုတဲ့အတွက် တရားစွဲခံထားရကြောင်း၊ ခရစ္စမတ်နေ့အလွန် နှစ်ရက်က
ကားရပ်နားတဲ့ အဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ဖိုမစုံတွဲ တစ်တွဲ
ကာမနှီးနှောနေကြပုံကို ဘေးပတ်လည်မှ တိုက်ခန်းများက ရှုမြင်ကြရပြီး
အဲဒီဖြစ်ရပ်ကို ဗီဒီယို ရိုက်မှတ်တမ်းတင်ထားခဲ့ကြောင်း၊
အဲဒီဖြစ်ရပ်ကြောင့် စင်ကာပူနိုင်ငံရဲ့ ကုန်လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကို
တရုတ်သတင်းစာတစ်စောင်က "ကာမရာဂနှစ်" (The Year of Lust) လို့
ရေးသားခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်ကို စင်ကာပူနိုင်ငံရဲ့ လက်ရှိ အာဏာရ PAP
ပါတီ (People Action Party) က ထင်ရှားကျော်ကြားတဲ့ ပါလီမန်အမတ် ဖြစ်ပြီး
လွှတ်တော်ရဲ့ သဘာပတိ အဖွဲ့ဝင်လည်းဖြစ်တဲ့ မိုက်ကယ်ပမ်းလ်မား(Michael
Palmer) ဟာ ပါတီထဲက လုပ်ဖော်ကိုင်ဖက် လော်ရာအွန်း(Laura Ong) ဆိုတဲ့
အမျိုးသမီးတစ်ဦးကို တိတ်တဆိတ်မယားငယ် အမြှောင်ထားတဲ့ အတွက်
သူရဲ့နိုင်ငံရေး ရာထူး၊ ပါတီရာထူး အားလုံးကနေ ဒီဇင်ဘာလ အစပိုင်းမှာ
နှုတ်ထွက်ခဲ့ရကြောင်း၊ အတိုက်အခံပါတီဖြစ်တဲ့ အလုပ်သမားပါတီရဲ့
ဘဏ္ဍာရေးမှူးဖြစ်တဲ့အပြင် ပါလီမန်အမတ်လည်းဖြစ်တဲ့ ရောရှင်လီယွန် (Yaw Shin
Leong)ဟာ ပါတီဝင် အမျိုးသမီးတစ်ဦးနဲ့ လိင်ကိစ္စ ရှုပ်ထွေးမှု
ပေါ်ပေါက်ခဲ့ခြင်းကြောင့် အလုပ်တာဝန်မှ နုတ်ထွက်သွားခဲ့ကြောင်း
ဖော်ပြထားတာကို ဖတ်ရှုနိုင်ပါတယ်။
ဆောင်းပါးရှင်က စင်ကာပူ နိုင်ငံသားတွေကို အဆိုးရွားဆုံး
တုန်လှုပ်ချောက်ချားစေခဲ့တဲ့ ဖြစ်စဉ်နှစ်ခုကိုလည်း
ရေးသားဖော်ပြထားပြန်ပါတယ်။ အဲဒီဖြစ်ရပ်ကများက တိုင်းပြည်ရဲ့
လုံခြုံရေးဆိုင်ရာ ထိပ်တန်းအကြီးအကဲနှစ်ဦးကို "ကာမရာဂ အဂတိလိုက်စားမှု"
အတွက် ဖမ်းဆီးအရေးယူခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကာမရာဂ အဂတိ လိုက်စားမှုဆိုတာက
ငွေနဲ့လာဘ်မထိုးဘဲ ကာမနဲ့လာဘ်ထိုးတာကို လက်ခံသုံးစွဲခြင်းဖြစ်ပါတယ်။
ဆောင်းပါးရှင်က အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ ဗဟိုမူးယစ်ဆေးဝါးဆန့်ကျင်
တိုက်ဖျက်ရေးအဖွဲ့ရဲ့ အကြီးအကဲဟောင်း အင်(င်)ဘွန်ဂေး (Ng Boon Gay) နဲ့
မြို့ပြလုံခြုံ ရေးတပ်ဖွဲ့ အကြီးအကဲဟောင်း ပီတာလင်း (Peter Lim)
တို့ဖြစ်ကြောင်း၊ အဲဒီအရာရှိကြီးနှစ်ဦးဟာ သတင်းနဲ့ ဆက်သွယ်ရေး
နည်းပညာလုပ်ငန်းရှင်နှစ်ဦးက လုပ်ငန်းကန်ထရိုက်ရရှိဖို့အတွက် သူတို့ရဲ့
ဝန်ထမ်း အမျိုးသမီးနဲ့ ကာမလာဘ်ထိုးခိုင်းလိုက်တာကို
လက်ခံသုံးစွဲခဲ့ကြကြောင်း စင်ကာပူအဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးဗျူရိုက
စစ်ဆွေးတွေ့ရှိခဲ့ပြီး တရားစွဲဆို အရေးယူခြင်းခံနေကြရကြောင်း၊ ဒါ့အပြင်
၂၀၁၂ ခုနှစ်မှာ အဲဒီအမှုထက် ပိုပြီး တုန်လှုပ်စေခဲ့တဲ့ အမှုကတော့
အရွယ်မရောက်သေးတဲ့ ပြည့်တန်ဆာများနဲ့ ပျော်ပါးဖို့ စင်ဒီကိတ် တစ်ခုက
စနစ်တကျ စီစဉ်တဲ့အတိုင်း လွန်ကျူးခဲ့ကြသူပေါင်း ၈၀ ကျော်ကို
ဖမ်းဆီးရမိတဲ့ အမှုဖြစ်ကြောင်း အဲဒီအထဲမှာ ၅၁ ဦးဟာ ထင်ရှားကျော်ကြားတဲ့
ပုဂ္ဂိုလ်များ ဖြစ်တဲ့အတွက် ဦးစားပေးမှုအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိ
ကြောင်း ရှောဘရားသား သူဌေးရဲ့ မြေး၊ ဆွစ်ဇာလန်ဘဏ်သူဌေး၊ အင်ဒိုနီးရှား
စီးပွားရေးလုပ်ငန်းရှင်၊ စင်ကာပူက ရှေ့နေ၊ ရဲအရာရှိများနဲ့
ပညာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ ပါဝင်နေကြောင်း ဖော်ပြထားပါတယ်။
အလွန် စိတ်ဝင်စားဖို့ ကောင်းတဲ့ အမှုတစ်ခုက
တက္ကသိုလ်ပါမောက္ခတစ်ဦးရဲ့လိင်ကိစ္စ အရှုပ်တော်ပုံပဲ ဖြစ်ပါတယ်။
သူကျူးလွန်တဲ့အမှုက တက္ကသိုလ်က အတန်းတင်ဖို့အတွက် ကာမတောင်းခံတဲ့အမှု (The
Sex- for Grades)ပဲ ဖြစ်ပါတယ်။ ဆောင်းပါးရှင်က ဥပဒေပညာပါမောက္ခ
တေးဆွန်းဟန် (Tey Sung Hang) ဟာ ၂၃ နှစ်အရွယ် ဘွဲ့မရသေးတဲ့
ဒါရင်းကိုဝင်ဟေး (Darinne Ko Wen Hui)ဆိုတဲ့ ကျောင်းသူကို
အတန်းတင်ပေးဖို့အတွက် သူမထံက ကာမကို တောင်းခံသုံးစွဲခဲ့မှုနဲ့
အရေးယူခံနေရကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁၅ ရက်မှာ
ခရိုင်တရားရုံးတစ်ရုံးက ဒီအမှုကို စတင်ကြားနားစစ်ဆေးတော့မှာဖြစ်ကြောင်း
ဖော်ပြထားပါတယ်။ ဆောင်းပါးရှင်က သူရဲ့ဆောင်းပါးနိဂုံးပိုင်းမှာ စင်ကာပူ
နိုင်ငံသားတွေဟာ အကျင့်စာရိတ္တ ဖြောင့်မတ်ရေးအတွက် လီကွမ်ယုရဲ့
နှစ်ပေါင်းများစွာ အစဉ်တစိုက် ထိန်းသိမ်းကြပ်မတ်မှုကို ခံရပြီးတဲ့နောက်
ယခုလို အမှုတွေ ဘာကြောင့်ကျူးလွန်ကြသလဲဆိုတာကို လူမှုရေးပညာရှင် များ၊
စိတ်ပညာရှင်များ ပူးပေါင်းပြီး ဆန်းစစ်အဖြေရှာကြဖို့ တိုက်တွန်းထားပါတယ်။
စင်ကာပူနိုင်ငံသားတွေဟာ အာရှမှာ ဂျပန်နိုင်ငံပြီးရင် ကာမဂုဏ်ခံစားမှု
အနည်းဆုံးလို့ ယခင်သုတေသနပြုချက်များကဆိုထားပြီး နောက်ဆုံး
သုတေသနပြုချက်မှာတော့ စင်ကာပူ နိုင်ငံသားတွေဟာ တစ်ပတ်လျှင်
အနည်းဆုံးကာမဂုဏ်ခံစားမှု ငါးကြိမ်ရှိကြောင်း အမျိုးသမီးတွေက ဒီထက်ပိုပြီး
ခံစားလိုကြကြောင်းနဲ့ စင်ကာပူ လူချမ်းသာတွေဟာ ငွေကြေး ကြွယ်ဝကြပေမယ့်
ကာမဆင်းရဲကြတယ်လို့သိရှိရကြောင်း၊ ပါလီမန်သဘာပတိ
ရဲ့လိင်ကိစ္စအရှုပ်တော်ပုံကလည်း စင်ကာပူနိုင်ငံမှာ အာဏာရပါတီထဲက
လူကြီးတွေကို အမျိုးသမီးတွေ လုံးဝမချဉ်းကပ်ကြပါနဲ့လို့
သတိပေးနှိုးဆော်ရာရောက်ကြောင်း လေ့လာသူတစ်ဦးရဲ့ အမြင်ကိုဖော်ပြပြီး
နိဂုံးချုပ်ထားပါတယ်။
စီချိုင်ယင်နီးရဲ့ ဆောင်းပါးပါ အချက်များအရ စင်ကာပူနိုင်ငံမှာ
စားဝတ်နေရေးစတဲ့ အရေးသုံးပါးကို အဆင့်မြင့်မြင့်
ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ခိုးမှု၊ လုယက်မှု၊ သတ်ဖြတ်မှုစတဲ့
ဒုစရိုက်မှုများ မရှိသလောက် ကျဆင်းစေနိုင်ခဲ့
သော်လည်း ကိလေသာလွန်ကျူးမှုကြောင့် ကာမဒုစရိုက်တွေကတော့ဥပဒေကို
လက်တစ်လုံးခြား လှည့်ပြီး ခေါင်းထောင်နေတာ သိရှိနိုင်ပါတယ်။
ကာမရာဂလာဘ်စားမှုနဲ့ပညာရေးအတွက် ကာမတောင်းခံသုံးစွဲမှုတွေဟာ
တိုင်းပြည်ဖွံ့ဖြိုးတည်ငြိမ်ရေးကို ထိခိုက်နစ်မွန်းစေတဲ့ အဆိုးရွားဆုံး
ကာမဒုစရိုက်တွေပါပဲ။
စာရေးသူတို့နိုင်ငံမှာလည်း ဒါတွေကင်းရဲ့လား၊ ဘယ်လိုအခြေအနေရှိလဲဆိုတာ
ဆန်းစစ်ကြစေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီဒုစရိုက်တွေရဲ့
အကြောင်းအရင်းခံဖြစ်တဲ့ ကိလေသာ သောင်းကျန်းမှုကို နှိမ်နင်းဖို့အတွက်
တရားဥပဒေကိုပဲ အားပြုလို့မရဘဲ ဗုဒ္ဓဓမ္မရဲ့ အကူအညီကိုလည်း ရယူသင့်ကြောင်း
စင်ကာပူရီးယန်းတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် အကြံကောင်းပေးလိုပါတယ် ။
။
မြင့်မိုရ်ဆွေ
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)
မသိရတာတွေကိုသိခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ReplyDelete