ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအထူးဒေသ(၂) "ဝ"ပြည်နယ်အစိုးရသည် (KIO)
နှင့် အစိုးရ၏ "ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ"တို့
တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် တာဝန်သိသော စိတ်ထားဖြင့်
အဆိုပြုချက်တစ်ရပ်ကို ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။
နှစ်ဖက် ကိုယ်စားလှယ်များ "ပန်ဆန်း" တွင်
တွေ့ဆုံဆွေးနွေးနိုင်ရန်စီစဉ်ပေးမည်ဟု နှစ်ဖက်စလုံးသို့ ဖိတ်ကြား
အဆိုပြုလိုက် ပါသည်။
ထို့အပြင်၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့်
မြန်မာနိုင်ငံအထူးဒေသ(၂)"ဝ"ပြည်နယ်၊ ရှမ်းပြည်နယ်အထူးဒေသ (၃) (SSA/SSPP)
၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ(၄)(မိုင်းလား) တို့၏ (၃) ဖွဲ့
ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးလည်းဖြစ်သည်။
ပေါ်ပေါက်ဖြစ်ပွားနေသော စစ်ကို နှစ်ဖက်စလုံးမှ ချက်ချင်းရပ်ဆိုင်းပြီး၊
နိုင်ငံရေးစကားပြောကြရမည်။
"ရွှေလီ"မှာပြောသည်ထက် "ပန်ဆန်း"မှာပြောသည်က သဘာဝပိုကျပါသည်။
ပြည်တွင်းပြဿနာကို ပြည်တွင်းမှာသာဖြေရှင်း အဖြေရှာကြရမည်မဟုတ်ပါလော။
ထို့အပြင် "ပန်ဆန်း" တွင် လူချင်းတွေ့၍ ဆွေးနွေးကြသည်က "
ပွင့်လင်းမြင်သာသော Electronic Online မှု" ဆိုသော
လွှတ်တော်တိုက်တွန်းချက်ဆိုသည်ထက် ပို၍ အလုပ်ဖြစ်နိုင်လိမ့်မည်ဟု
ယူဆရသည်။" ပွင့်လင်းမြင်သာသော Electronic Onlineမှု" ဖြစ်မြောက်ရန်
လျှပ်စစ်မီးပုံမှန်လာဖို့ ၊ လျှပ်စစ်မီးမပျက်ဖို့လိုသည်။ MPT ၏
နှေးကွေးသော online ဝန်ဆောင်မှုမျိုးဖြင့်မဖြစ်နိုင်ချေ။
ဆွေးနွေးမည့်နေရာကိစ္စမှာ နှစ်ဖက်စလုံးလက်ခံနိုင်မှသာဖြစ်မြောက်လိမ့်မည်။
ဆွေးနွေးပွဲ အောင်မြင်မည်/ မအောင်မြင်ဆို သည့်ကိစ္စမှာအဓိကအားဖြင့် လက်ရှိ
စစ်တပိုင်းအစိုးရအပေါ်တွင် အများကြီးတည်မှီနေပါသည်။
(ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအနေဖြင့် နိုင်ငံရေးအရ
တန်းတူရည်တူဆွေးနွေးဖြေရှင်းခြင်းမပြုဘဲ၊ "သေနတ်/လှည့်ဖျားမှု" တို့
ဖြင့်သာ "၂၀၀၈ အခြေခံဥပဒေဘောင်"ထဲ ဇွတ်အတင်းသွတ်သွင်းနေမည်ဆိုလျှင်
ရလဒ်ကောင်းရနိုင်စရာမရှိချေ။
(၃)ဖွဲ့ ပူးတွဲကြေညာချက်တွင် သုံးသပ်ဖော်ပြထားသကဲ့သို့
"ပြည်တွင်းစစ်မီး၏ ခြေရာကို ပြန်လည်နင်းသွားမှာသေချာလှသည်"
ကချင်ပြည်နယ်ရှိလူမျိုးစုံပြည်သူများအပါအဝင် တပြည်လုံးရှိ
လူမျိုးစုံပြည်သူအပေါင်းတို့သည် ပြည်တွင်းစစ်ကို အပြီးတိုင်ရပ်
ဆိုင်းပြေငြိမ်းပြီး၊ ပြည်တွင်းငြိမ်းချမ်းရေးအစစ်အမှန်ကို တကယ်တမ်း
ဖြစ်နိုင်သမျှ ဆောလျှင်၊ လျှင်မြန်စွာရရှိလိုသူများဖြစ်ပါသည်။
လတ်တလောအားဖြင့် လက်ရှိအနေအထား၌ ကချင်ပြည်တွင် ပေါ်ပေါက်ဖြစ်ပွားနေသော
စစ်ရန်မီးကို ချက်ချင်းရပ်ဆိုင်းစေ လိုကြပါသည်။
ဤသို့ရပ်ဆိုင်းနိုင်ရေးအတွက် မိမိတို့ အားထားသော၊ လေးစားယုံကြည်သော
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ထံမှ အသံ၊
သဘောထားနှင့်ရှေ့ဆောင်ရှေ့ရွက်ပြုမှုတစ်ခုခုကို
အားတက်သရောမျှော်ကြည့်ခဲ့ကြသည်။
သို့သော်လည်း ယနေ့အချိန်အထိ လူမျိုးစုံပြည်သူများ အားထားသလို၊
မျှော်လင့်သလို၊ တောင့်တ လိုလားသလိုကား ဖြစ်ပေါ် လာခြင်းမရှိခဲ့ချေ။
"မဖိတ်ခေါ်၍မပါဝင်နိုင်"ဟု ပြောဆိုခြင်းမှာ "ထမင်းရေပူလာလျှာလွှဲ"
ဆိုသည့်သဘောသာဖြစ်ပါသည်။ ယင်းသို့ပြောဆိုသည် ထက်
နိုင်ငံရေးခေါင်းဆောင်တစ်ဦး၊ နိုင်ငံရေးပါတီတစ်ရပ်၏ သဘောထားအမြင်နှင့်
ဖြေရှင်းနိုင်မည့် အဆိုပြုချက်တစ်ရပ်၊ လုပ်ငန်းစဉ် တစ်ရပ်ကို တာဝန်သိသိ၊
တာဝန်ရှိရှိ ပြောဆိုရပါမည်၊ ထုတ်ပြန်ရပါမည်။
မိမိတို့ တစ်ပါတီတည်းဖြင့် မစွမ်းသာလျှင်
အခြားသောပြည်တွင်းငြိမ်းချမ်ရေးလိုလားသည့် နိုင်ငံရေးပါတီများနှင့်
ဆက်သွယ် ညှိနှိုင်းဆောင်ရွက်သင့်သောကိစ္စဖြစ်ပါသည်။ပြည်တွင်းငြိမ်းချမ်းရေးကိစ္စသည်
(NLD)၏တာဝန်ကြီး ၃ ရပ်အနက် တစ်ခုအပါအဝင်လည်း ဖြစ်သည်။
မိမိတို့လူမျိုးစုံပြည်သူများဘက်မှလည်း မိမိတို့၏ ငြိမ်းချမ်းရေးစကား၊
နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရ မည့်စကားကို
ကျယ်ကျယ်လောင်လောင်ပြောဆိုကြရလိမ့်မည်။
ငြိမ်းချမ်းရေးအတွက်တတ်နိုင်သည့်ဘက်မှလှုပ်ရှားဆောင်ရွက်ကြရလိမ့် မည်။
ကချင်ပြည်နယ်သို့ လမ်းလျှောက်ချီတက်နေသော ငြိမ်းချမ်းရေးလှုပ်ရှားမှုသည်
မှန်ကန်သောကြိုးပမ်းအားထုတ်မှုဖြစ်ပါသည်။ ချီ တက်ရာ လမ်းတစ်လျှောက်ရှိ
ငြိမ်းချမ်းရေးလိုလားသော လူမျိုးစုံပြည်သူများက အားပေး၊ ကူညီ၊
ပါဝင်ကြရလိမ့်မည်။ ငြိမ်းချမ်းရေး ချီ တက်မှုခရီးစဉ်တွင် ပါဝင်သူများကို
ဖမ်းဆီးခြိမ်းခြောက်ခြင်း၊
အတင်းအကြပ်ဝန်ခံလက်မှတ်ရေးစေခိုင်းနေခြင်းများမှာ အကျည်းတန်
အရုပ်ဆိုးလှသော လုပ်ရပ်များသာဖြစ်ပြီး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို
ဝင်ရောက်ဟန့်တားနှောင့်ယှက်နေသည့် သဘောထားနှင့် လုပ်ရပ် များသာဖြစ်သည်။
ငြိမ်းချမ်းရေးမလိုလားသူများ၏ လုပ်ရပ်ဆိုးများ ရပ်တန်းကရပ်သင့်သည်။
လွှတ်တော်ထဲတွင် ကြံ့ဖွံ့ကိုယ်စားလှယ်အမတ်မင်းသည် "အပြုတ်တိုက်မည့်စကား"၊
"သေနတ်စကား"ကို ရဲတင်းစွာ ပြောနေ သည် မဟုတ်ပါလော။ ဤသည်မှာ
ကြံ့ဖွံ့အမတ်မင်း (ဗိုလ်) ဦးလှဆွေ၏ တစ်ဦးချင်းသဘောထားမဟုတ်၊
ကြံ့ဖွံ့ပါတီ၏ သဘောထားဖြစ် သည်။ လက်ရှိကြံ့ဖွံ့ပါတီကို (ဗိုလ်)
ဦးသိန်းစိန်နှင့် (ဗိုလ်) ဦးရွှေမန်း၊ (ဗိုလ်)ဦးဌေးဦးတို့
ခေါင်းဆောင်နေသည်။
စစ်တပ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကလည်း မလေးရှားဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင်
"မိမိတို့နိုင်ငံမြောက်ပိုင်းတွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်းကဲ့သို့
ပြဿနာတစ်ရပ်ရှိနေပြီး ၄င်းပြဿနာမှာ တိုင်းရင်းသားပြဿနာဟုယူဆ၍ရသော်လည်း
လက်နက်ကိုင်လမ်း စဉ်ကြောင့် ပိုမိုခက်ခဲပါကြောင်း" ဟူ၍ (KIO)
နှင့်ပြဿနာကို ရည်ညွန်း ပြောဆိုခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဒုတိယစစ်ဦးစီးချုပ်နှင့်
တွေ့ဆုံရာတွင်လည်း
"မိမိကိုယ်ကို ခုခံကာကွယ် ပိုင်ခွင့်သည် စစ်ရေးအရလာရောက်တိုက်ခိုက်မှ
ကာကွယ်ရန်မဟုတ်ဘဲ၊ လာရောက်မတိုက်ခိုက်နိုင်အောင် ကာကွယ်ရန်လည်း
လိုအပ်ပါကြောင်း" နှင့် "ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အစိုးရအပေါ်
လက်နက်ကိုင်ဆန့်ကျင်သည့် အခွင့်အရေးရနေသည့်အကြောင်းရင်းကိုရှာ ၍
နှစ်ဖက်မှ စနစ်တကျပူးပေါင်းတားဆီးရန် လိုအပ်ပါကြောင်း" ပြောခဲ့သည်။
(PLA) ဒုတိယဦးစီးချုပ်အား ဤသို့ ပြောဆိုချက်သည် "လိုင်ဇာ" တစ်ခုထဲအတွက်
မဟုတ်၊ "ပန်ဆန်း" နှင့် "မိုင်းလား" အတွက်လည်းရည်ရွယ်ပုံရသည်။
"လိုင်ဇာ"၊ "ပန်ဆန်း"၊ "မိုင်းလား" တို့သည် တရုတ်ပြည်ကို
ကျောမှီထားကြရသည်။
စစ်တပ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်
မလေးရှားဝန်ကြီးချုပ်သို့ပြောစကားနှင့် (PLA)
ဒုတိယစစ်ဦးစီးချုပ်ကိုပြောသော စကား များမှာ စစ်တပ်၏ သဘောထားကို
ထင်ဟပ်နေသည်။
ထို့အပြင် စစ်တပ်ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင် ပြောသည့်စကားနှင့်
လွှတ်တော်ထဲတွင် ကြံ့ဖွံ့ကိုယ်စားလှယ်အမတ်မင်း ပြော သည့်စကား
"ကြောင်းတူသံကွဲ" ဖြစ်နေသည်မှာ သာမန်တိုက်ဆိုင်မှုမဟုတ်ပါ။
တူမောင်ညို၊
ညွန်း
- ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ရက်စွဲဖြင့်
မြန်မာနိုင်ငံအထူးဒေသ(၂)"ဝ"ပြည်နယ်၊ ရှမ်းပြည်နယ်အထူးဒေသ (၃) (SSA/SSPP)
၊ ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ(၄)(မိုင်းလား) တို့၏ (၃) ဖွဲ့
ပူးတွဲကြေညာချက်
- ၁၁ ဇန်နဝါရီ ၂၀၁၃ –
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီနှင့် KIO/KIA သို့
ပြည်သူ့လွှတ်တော်၏ တိုက်တွန်းချက်
(၁၈ ဇန်နဝါရီ ၂၀၁၃ မြန်မာ့အလင်းသတင်းစာ)
- မြဝတီသတင်းစာ၊ ၁၉ ဇန်နဝါရီ ၂၀၁၂
- မြဝတီသတင်းစာ၊ ၂၁ ဇန်နဝါရီ ၂၀၁၂
Nann Nyunt Oo
Subscribe to:
Post Comments (Atom)
မှော်ဝင်မြို့ - အဖွဲ့ဝင်များ
နည်းပညာများ
ရသ
ဗဟုသုတ
AndroidPhone
Job At Singapore
အလည်လာသူပေါင်း
ရွှေးချယ်ဖတ်ရှု့ရန်
- E-Book (3)
- ဂျာနယ် (1)
- နည်းပညာ-MCPA (1)
- နည်းပညာ-ကွန်ပျူတာ (57)
- နည်းပညာ-ပရိုဂရမ် (3)
- နည်းပညာ-ဗိုင်းရစ့် (13)
- နည်းပညာ-မိုဘိုင်းဖုန်း (43)
- နည်းပညာ-အင်တာနက် (33)
- နည်းပညာ-ဆော့ဝဲလ် (41)
- နည်းပညာ-ဖောက်ထွင်းမှု (42)
- ဗဟုသုတ-ကင်မရာ (3)
- ဗဟုသုတ-ကျန်းမာရေး (43)
- ဗဟုသုတ-ဂမ္ဘီရလောကီပညာ (40)
- ဗဟုသုတ-ဖုန်း (1)
- ဗဟုသုတ-ဘာသာရေး (10)
- ဗဟုသုတ-မိုဘိုင်းဖုန်း (9)
- ဗဟုသုတ-အင်တာနက် (12)
- ဗဟုသုတများ (126)
- ရသ-၀တ္ထုတိုများ (33)
- ရသ-ကဗျာ (121)
- ရသ-စကားစု (42)
- ရသ-စာပေ (9)
- ရသ-ရယ်စရာ (13)
- ရသ-သရဲ (40)
- ရုပ်ရှင် (6)
- သတင်းများ (368)
- သတင်းများ-တိုင်းရေးပြည်ရေး (60)
- သံဝေဂတရား (1)
- ဟာသ (3)
- ဟာသစာအုပ်များ (2)
- အက်မင် ၂၅နာရီ (11)
- အက်မင် ခရု (25)
- အက်မင် စိုင်းကိုသူ (312)
- အက်မင် နန်းညွှန့်ဦး (1036)
- အက်မင် ရှိုက်တန် (15)
- အက်မင် မှော်မြို့သား (174)
- အက်မင် ခြေရာမဲ့ (49)
- အခြားသော (7)
- ဆောင်းပါးများ (6)
- ဆောင်းပါးများ-ကွန်ပျူတာ (2)
- ဆောင်းပါးများ-တိုင်းရေးပြည်ရေး (5)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ