လယ်တီဆရာတော် ကျောင်းနှင့် စေတီ အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းမည်ဟု သမ္မတဆို

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နယ်မြေတွင် တည်ရှိသော လယ်တီဆရာတော်
ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းနှင့် စေတီ အကောင်းဆုံး ဖြစ်အောင်
ထိန်းသိမ်း ပေးသွားမည်ဟု နိုင်ငံတော် သမ္မတက စစ်ကိုင်းတိုင်း ဒေသကြီး
အစိုးရ အဖွဲ့မှတစ်ဆင့် မုံရွာမြို့ပေါ်ရှိ ကျောင်းထိုင်
ဆရာတော်ကြီးများကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက
စာဆက်ကပ်ခဲ့ကြောင်း မုံရွာမြို့ရွှေကျင် ဓမ္မာရုံ ကျောင်းတိုက် မှ သံဃာ
တစ်ပါးကမိန့်ကြားသည်။

ယင်းစာမှာ မုံရွာမြို့ပေါ်သို့ သံဃာများ လှည့်လည် ဆန္ဒပြနေသည့် အချိန်
နေ့လယ် ၁၂ နာရီကျော်မှ ရောက်ရှိလာခြင်းဖြစ်ပြီး သံဃာများ အနေဖြင့်
ကျေနပ်မှု မရှိနိုင်ကြောင်း၊ လက်ရှိ အချိန်တွင် လက်ပံတောင်း တောင် သပိတ်
စခန်းများကို အကြမ်းဖက် ဖြိုခွင်း ခံရမှုကြောင့် သံဃာတော်များ
လမ်းမပေါ်တွင် ထွက်၍ တောင်းဆို နေကြခြင်း ဖြစ်ကြောင်း ယင်းသံဃာက ဆက်လက်
မိန့်ကြားသည်။

လက်ပံတောင်းတောင် သပိတ် စခန်းဖြိုခွင်း ခံရမှုတွင် အများဆုံးဒဏ်
ရာရရှိခဲ့သည့် ဇောတိကာရာမကျောင်း တိုက်မှ သံဃာများကလည်း နိုင်ငံတော်
သမ္မတထံမှ မေတ္တာရပ်ခံသည့် စာကို အပြည့်အဝ လက်မခံနိုင်သည့် အတွက် ဒီဇင်ဘာလ
၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မုံရွာမြို့ အတွင်းသို့ လှည့်လည်ဆန္ဒ
ထုတ်ဖော် ခဲ့ခြင်းဖြစ် ကြောင်း ဇောတိကာ ရာမ ကျောင်းတိုက် သံဃာများထံမှ
သိရသည်။

လက်ပံတောင်းတောင် သပိတ် စခန်းများ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရခြင်း ကို
ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ပိုင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ
အပါအဝင် ပခုက္ကူ၊ မုံရွာ၊ ကလေး၊ စစ်တွေ နှင့် ပြည်မြို့တို့တွင်
ရဟန်းသံဃာတော်များ က တစ်ပြိုင်တည်း ဆန္ဒထုတ်ဖော် ခဲ့ ကြသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ