ရေစက်မကုန်ခင်လေး (Essay)

တစ်ခါတုန်းအရမ်းချစ်ကြတဲ့ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်ဟာ
ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ် ပြည့်တဲ့အခါမှာ
လက်ထပ်ကြတော့မယ်ဆိုပြီး မင်္ဂလာရက်တစ်ရက်
ရွေးချယ်သတ်မှတ်လိုက်တယ်..ကောင်လေးကတော့ ပျော်ရွှင်စရာကောင်းမယ့်
သူတို့ရဲ့မင်္ဂလာရက်လေးကို စိတ်ကူးယဉ်ပြီးပျော်နေရှာတာပေါ့.....ဒါပေမယ့်
အဲ့ဒီမင်္ဂလာဆောင် မယ့်နေ့မရာက်ခင်မှာပဲ သူ့ချစ်သူကောင်မလေးက
တခြားကောင်လေးတယောက်နဲ့မမျှော်လင့်ဘဲလက်ထပ်သွားတယ် ဆိုတဲ့သတင်းကို
ကောင်လေးကြားလိုက်ရတယ်....

သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့
လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်...အဲဒီ့ သတင်းကိုကြားတာနဲ့ ကောင်လေးလည်း
အရမ်းအံ့သြပြီး အရမ်းစိတ်ထိခိုက်ဝမ်းနည်းစွာနဲ့ မစားနိုင်မအိပ်နိုင်
ငိုကြွေးနေ တော့တယ်..မကြာခင်မှာပဲ ကောင်လေးလည်း စိတ်ထောင်းကိုယ်ကြေပြီး
အိပ်ယာထဲလဲတော့တယ်.. အချိန်တွေကုန်လွန် လာတာနဲ့အမျှ ကောင်လေးရဲ့
အခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်....

တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးက
ကောင်လေးရဲ့အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်
တယ်..အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့်ထွက်လာပြီး
တံခါးဖွင့်လိုက်တော့ဘုန်းတော်ကြီးအိုတစ်ပါး
ကိုတွေ့တာနဲ့စိတ်ရှုပ်စွာနဲ့"ကန်တော့ဆွမ်းပါဘုရား" လို့ပြောလိုက်တယ်...
ဘုန်းတော်ကြီးကပြုံးပြီးတော့.....
"ကိုယ်တော်က ဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာ လူမမာရှိတယ်ကြားလို့
ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါ ဒကာမလေး"
လို့မိန့်ကြားလိုက်တယ်...
အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့မရကြောင်းနဲ့
သူမရဲ့သခင်တွေကိုပြန်ပြောကြည့်ပါမယ် ဆိုတဲ့ အကြောင်း
ပြောပြီးအိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့်
ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်.......
ဘုန်းတော်ကြီးအိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာ
ဖြူဖတ်ဖြူရော်နဲ့အရိုးပေါ်အရေတင် ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ
လဲလျောင်းနေတဲ့ လူမမာသည် ကောင်လေးကိုတွေ့လိုက်ရတယ်....

အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီးအတွက် သောက်တော်ရေတခွက်ပေးလိုက်ပြီး
လူမမာကုတင်ဘေးမှာပဲ
ထိုင်ခုံတစ်လုံး
စီစဉ်ပေးလိုက်တယ်..ဘုန်းတော်ကြီးကလည်းအခြေအနေကြည့်ပြီးတော့... "
တော်တော်အခြေအနေ ဆိုးနေတာပဲ"လို့ရေရွတ်လိုက်တယ်.....
လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလိုတိတ်ဆိတ်ငြိမ်သက်စွာနေနေတယ်......
ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့...
" ဒကာလေးကတော်တော်သနားစရာကောင်းတယ်....မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီး
ကောင်လေးအိပ်ခန်းထဲကကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်...

ကောင်လေးလည်းလုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်နေနေရာကနေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ
မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကိုတွေ့လိုက်ရတယ်....သိပ်မကြာခင်မှာပဲကောင်မလေးပုံရိပ်က
ေ၀၀ါးပျောက်ကွယ် သွားပြီး
ပင်လယ်ကမ်းခြေတခုပုံအဖြစ်ပြောင်းလဲသွားတယ်...အဲဒီပင်လယ်ကမ်းခြေဟာတိတ်ဆိတ်ငြိမ်သက်နေပြီး
လူအသွားအလာမရှိဘူး.....
လူမမာကောင်လေးကမှန်ထဲကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ
မိန်းကလေးအလောင်းတစ်လောင်းဟာလဲလျောင်း
နေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်...ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်...
သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်စွာဖြတ်လျှောက်သွားတယ်.....
အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီး
အဲဒီကောင်မလေးအလောင်းကိုတွေ့သွားပြန် တယ်...ဒီလူကတော့
စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကို ချွတ်လို့ခြုံပေးပြီး
ခရီးဆက်ထွက်သွားတယ်....အဲ့လိုနဲ့ နောက်ထပ်အချိန်တော်တော်လေးကြာလာတော့
နောက်ထပ်လူတစ်ယောက်ရောက်လာပြန်တယ်... ဒီလူက
အပေါ်ရုံခြုံပြီးလဲလျောင်းနေတဲ့ပုံစံကို စိတ်ဝင်စားလို့ ခြုံထည်ကို
လှန်ကြည့်တော့ မိန်းကလေးအလောင်းကို တွေ့သွားပြီး
အရမ်းသနားစိတ်ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်...

ဒါပေမယ့်သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး....နောက်ဆုံးမှာသူ့ရဲ့လက်နှစ်ဖက်ကိုအသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်....သူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီး
တဖြေးဖြေးချင်းတူးလာလိုက်တာ ညနေစောင်းအချိန်မှာ မိန်းကလေး
အလောင်းကိုမြုပ်ဖို့လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်...အဲဒီလူလည်းမိန်းကလေးအလောင်းကို
ကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီးခရီးဆက်ထွက်ခွာသွားတယ်...

အဲ့ဒီနောက်မှာမိန်းကလေးအလောင်းရဲ့မျက်နှာမှန်ထဲမှာပြန်ပေါ်လာပြီး
အဲဒီမျက်နှာကနေ သူ့ကောင်မလေးရဲ့ မျက်နှာကို
ပြန်ပြောင်းသွားခဲ့တယ်....ကောင်လေးလည်;အလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့မျက်နှာပြန်ပေါ်လာပြီးလူတစ်ယောက်ရဲ့မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်...အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်
ပျောက်ကွယ်သွား ခဲ့တယ်....

ကောင်လေးလည်းအံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက
ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်...
"ခုဆိုရင်ဒကာလေး သဘောပေါက်လောက်ပြီထင်တယ်...အဲဒီမိန်းကလေးအလောင်းက
ဒကာလေးရဲ့ ချစ်သူ မိန်းကလေး ဖြစ်တယ်..ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကို
မြေမြုပ်ပေးတဲ့ကုသိုလ်ကံရေစက်ကြောင့် အဲ့ဒီလူငယ်ဟာဒီဘ၀မှာ
ကောင်မလေးနဲ့ လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်...ဒကာလေးကတော့
သူမရဲ့အလောင်းကိုအပ်ါရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့်
ဒီဘ၀မှာသူမနဲ့ သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်..ခုသုံးနှစ်ပြည့်လို့
ရေစက်ကုန်ချိန်မှာခွဲခွာရတယ်"
ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး
နားလည်သဘောပေါက်သွားခဲ့တယ်..

နောက်ပိုင်းမှာ ကောင်လေးလည်းပြန်လည်ကျန်းမာလာပြီး
လောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်...ပုံပြင်လေး ကတော့ဒီလောက်ပါပဲ..

ကျွန်တော်တို့လူသားတွေအချင်းချင်း ဒီဘ၀မှာ အဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ ရန်သူအဖြစ်နဲ့
တွေ့ဆုံတော်စပ်ပတ်သက်ခွင့် ရကြတာဟာ
အမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး....ဘ၀တစ်ခုခုက ပြုခဲ့တဲ့ ရေစက် ကံကြောင့်သာ
ဤမျှများပြားလှသော လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီး
ချစ်ခင်ခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်.
..အဲဒီလိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့
မရပဲ သေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရ မှာပါ.....

ဒါကြောင့် ခုမခွဲခွာရခင်အချိန်လေးမှာ
မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့သူတွေအပေါ်မှာ တတ်နိုင်သလောက် စိတ်ချမ်းသာမှုတွေ
မေတ္တာတွေပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်...ဘယ်သူကမှ
ဘယ်သူ့ကို ဘယ်အချိန်မှာ ရေစက်ကုန်
လို့ခွဲခွာကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပါ.....။

***ဒီဘ၀မှာခင်မင်ရင်နှီးခွင့်ရသော မိဘများ၊ ဆွေမျိုးများ ၊
ညီကိုမောင်နှမများ၊ မိတ်ဆွေများ ၊ သူငယ်ချင်းများ အားလုံး နှင့်
ချစ်ခင်မြတ်နိုးရသော…သူ(….) အတွက်အမှတ်တရ***

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ