ရက်စက်ပါပေ့ဦးရယ်.......

ပြီးခဲ့တဲ့ရက်ပိုင်းက ဖတ်မိတဲ့ဂျာနယ်ထဲမှာ စာနင်ဇင်းကထင်ရတဲ့
လူကြီးတစ်ယောက် မုန့်စားပြီး မုန့် တွေ ကို တစ်သျှူးလေး နဲ့ ထုတ်ပြီး
အိတ်ထဲထည
့်နေတာကို ဓါတ်ပုံရိုက်ပြီး
စာမျက်နှာပြည့်ဖေါ်ပြလာတာကိုတွေ့ရပါတယ်....မျက်နှာတွေကိုလဲ မ၀ါးထားပါဘူး
. တင်ဆက်သူ ဘယ်လိုရည်ရွယ်ချက်နဲ့တင်ပြတယ်လို့ မသိပေမယ့်

သတင်းတစ်ပုဒ် ၊ ဆောင်းပါးတစ်ပုဒ် နဲ့
မိသားစုတစ်စုကို အိုကြီးအိုမ လုပ်ကြွေးနေခဲ့ရင် ဆိုတဲ့ အတွေးလေးပါ. ...

ဘာကြောင့် အဲ့ဒီလို လုပ်ရက်တာလဲ..မဟုတ်လဲ အဲ့ဒီမုန့်တွေ က ကျန်ရင်
သွန်ရင်သွန် မသွန်ရင် . .. ၀န်ထမ်းတွေ ယူသွားကြမှာဘဲမဟုတ်ဘူးလား

အဲ့ဒီဂျာနယ်ဖတ်ပြီး ကျွန်တော်ရင်ထဲ ဆို့ဆို့နင့်နင်ခံစားရလိုက်ပါတယ်...
အဲ့ဒီထဲက လူကြီးဟာ ငါ့အဘိုး (အဘ)များဖြစ်နေခဲ့ရင် ဆိုတဲ့
အတွေးနက်နက်လေးတစ်ခုပါဘဲ..

ရွှေထီးဆောင်းချိန်မှာတော့ ဟော်တယ်က အစားသောက်တွေကို ၀ယ်ကြွေးခဲပြီး
စီးပွားရေး အဆင်မပြေ အသက်ကြီးတဲ့ အချိန်မှာ မြေးတွေကို
စားစေချင်လို့ဆိုပြီး ယူလာခဲ့တဲ့ပုံစံမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့......
ရင်နာနာနဲ့ အောင့်လိုက်တာ အဘရယ်.............

.. အဘသာ ဖြစ်ခဲ့မယ်ဆိုတော့ ကျွန်တော်အတွက် နောက် ဒီလိုမုန့်တွေ မစားရလဲ
သားနေပါမယ့် အဘရယ်.. .....
အဘသားအတွက် ဒီလိုမုန့်တွေယူလာတဲ့အတွက်
ဂျာနယ်ထဲမှာ မျက်နှာပြည့် အဘမျက်နှာထင်ထင်ရှားရှားကြီးနဲ့ အဘဘယ်တော့ မှ
ဒီလောကထဲ မနေနိုင်အရှက်ရခဲ့မယ်ဆိုရင် သားဗိုက်ဆာရင်လဲ ဆာပါစေ အဘရယ်....
နောက်...ယူမလာခဲ့ပါနဲ့ အဘရယ်လို့ ပြောလိုက်ချင်ပါတယ်..

(ချစ်ခြင်းများစွာဖြင့်)
အရည်ကြို

ဦးမြတ်ခိုင် အကြောင်းသိကောင်းစရာ

မြန်မာပြည်က စစ်အာဏာရှင် တွေအတွက် ခေါင်းအကိုက်ဆုံး ကတော့
စာပေပညာရှင်တွေပါ... စာပေဗဟုသုတ အမြင်ကြွယ်ဝတဲ့ အတွက် အာဏာရှင်တွေ အနေနဲ့
သူတို့ကို ထောက်ခံဖို့ စည်းရုံးရ အခက်ဆုံး အနုပညာရှင်တွေကတော့
စာပေပညာရှင်တွေပါ..။ ဓားသွားထက် ကလောင်သွားထက် ဆိုသလို ရသည့်နေရာက
တိုက်ပွဲဝင်နေတာ စာပေပညာရှင်တွေပါ...။

နအဖ အုပ်ချုပ်မှု အနှစ်(၂၁)ကျော်အတွင်း ဘယ်နာမည်ကြီး ပြည်သူ့စာပေရှင်ကမျှ
စစ်အုပ်စုကို ထောက်ခံရေးသားခဲ့သူ မရှိသလောက် ရှားပါတယ်။ ထိုအထဲကမှ
ဆွမ်းဆန်ထဲက ကြွက်ချေးဆိုသလို အနည်းငယ်သာရှိတဲ့ ဖော်လံဖား
စာရေးသူတွေထဲကမှ သေရင်ပြီးပြီဆိုတဲ့ တစ်ခါစား မြတ်ခိုင်အကြောင်းကို
ဖတ်မိသမျှ တင်ပြလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မိုးမခစာစောင်မှာ
ပြည်တွင်းက နအဖအတွက် မီဒီယာတိုက်ပွဲဝင်နေတဲ့ တခါစားမြတ်ခိုင်က
သူရဲ့လျှပ်တစ်ပြက် ဂျာနယ်မှာ ၂၀၁၀ရွေးကောက်ပွဲဥပဒေကို
ထောက်ခံကြိုဆိုသောအားဖြင့် Monitar မဂ္ဂဇင်းကို မေလ(၁)ရက်နေ့မှာ ထုတ်ဝေမှာ
ဖြစ်ကြောင်းပါရှိလာပါတယ်။

ပြည်တွင်းဂျာနယ် တစ်စောင်က ပထမဆုံး စစ်အစိုးရရဲ့ ထောက်ခံလိုက်တာ
ဖြစ်ကြောင်းပါရှိလာပါတယ်။ မျက်နှာပြောင်တိုက် အတင်းထောက်ခံ လိုက်တာပါ။

တခါကမြတ်ခိုင်(ခေါ်) တခါစားမြတ်ခိုင်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များက မဟေသီ
မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြချင်သူတွေကို မဂ္ဂဇင်း
မှာဖော်ပြခွင့်ပြုနိုင်ရန် ကြားပွဲစားလုပ်ခဲ့သူပါ။ နောက်သူရဲ့
အတင်းအဖျင်း ရေးသားမှုများနဲ့ လူသိများလာခဲ့ပါတယ်။ ၁၉၉၅၊၉၆ခုနှစ်လောက်က
ထင်ပါသည်။

ထိုစဉ်ကဂျပန်နိုင်ငံတွင် စာပေအဖွဲ့အစည်းတစ်ခုက မြန်မာပြည်ရှိ
လူရိုသေ၊ရှင်ရိုသေ စာပေပညာရှင်ကြီးများ ဖြစ်ကြသည့် အမေလူထုဒေါ်အမာ၊
ဆရာကြီးဒဂုန်တာရာတို့ နှင့်အတူ မြတ်ခိုင်အားမှားယွင်း၍
ငွေတစ်သိန်းချီးမြှင့်ခဲ့သည်ကို ဖတ်ရှုခဲ့ဘူးပါသည် ... မကြာမှီ မြတ်ခိုင်
ဇာတိပြလာပါတော့သည်။

မဟေသီမဂ္ဂဇင်း၌ ဂျပန်မှာ အလုပ်သွားလုပ်တဲ့သူတွေကို ရိုးသားကြိုးစားတယ်
ဆိုပြီး ဂုဏ်ပြုဆုပေးရမှာလား.. ပြန်လာရင် လေဆိပ်မှာ
အိုးစည်၊ဗုံမောင်းတွေနဲ့ ကြိုဆိုရမှာလား ဆိုပြီးခနဲ့တဲ့တဲ့ ဝေဖန်ချက်
တစ်ပုဒ် ရေးသားခဲ့ပါတယ်။ ထိုစဉ်က ဂျပန်နိုင်ငံမှ စာပေဝါသနာရှင်
တစ်ချို့ရဲ့ ပြန်လည် ရေးသားချက်တွေကိုလည်း ဖတ်ရှုဘူးသူများ
သိကြပါလိမ့်မည်....။

နောက်ပိုင်းမှာ မြတ်ခိုင်ဟာ စစ်အစိုးရအတွက် သိသိသာသာကြီး
ဖော်လံဖားလုပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံရမယ်လို့
မိန်ခွန်းခြွေခဲ့တဲ့ သွားလေသူ ရထားဝန်ကြီးဝင်းစိန်ရဲ့ ဖော်လံဖား
ဖြစ်လာပါတယ်.. သူရဲ့ကြီးပွားရေးမဂ္ဂဇင်းမှာ ဝန်ကြီးဝင်းစိန်ရဲ့
သတင်းများနဲ့အတူ ရင်းနှီးမှုတွေကို ရွှန်းရွှန်းဝေအောင် ဖော်ပြပါရှိခဲ့ပြီး
စာနယ်ဇင်းလောကမှာ ရထားလက်မှတ်လိုချင်ရင် သူ့ကိုလာရောက်
ပြောဆိုကြတယ်ဆိုပြီး ကိုယ့်ကိုယ်ကို မီးရထားလက်မှတ်ရောင်းအဆင့်၊

ရထားမဂ္ဂဇင်းအဆင့် ဖြစ်မှန်းမသိ ဖြစ်နေတာကို သတိမထားမိပဲ သာယာနေခဲ့ပါတယ်။

စာပေလောကမှာလည်း မြတ်ခိုင်ဖွခဲ့လို့ ပြသနာတက်ပေါင်းများခဲ့ပါပြီ။
စာပေပညာရှင်များနဲ့ ပြသနာဖြစ်တဲ့ အခါတိုင်း မြတ်ခိုင်ဟာ
သူနဲ့ပတ်သတ်သိကျွမ်းတဲ့ စစ်အာဏာရှင်များရဲ့ အကာအကွယ်ယူကာ
ဖြေရှင်းခဲ့ပါတယ် ..။

မီရထားဝန်ကြီး ကျဆုံးပြီးတဲ့ အခါမှာတော့ မြတ်ခိုင်ဟာ မီဒီယာကို
မီဒီယာဖြင့်တိုက်မည် ပလာယာဖြင့် ကိုက်မယ်ဆိုတဲ့
ပြန်ကြားရေးဝန်ကြီးဗိုလ်ကျော်ဆန်းကို ကပ်ပါတော့တယ်..။ ၂၀၀၆ခုနှစ်မှာ
ဖွဲ့စည်းခဲ့တဲ့ မီဒီယာကို မီဒီယာဖြင့်တိုက်မယ်ဆိုတဲ့ အဖွဲ့ဝင်(၈)ဦးပါ
အဖွဲ့ထဲမှာတော့ မြတ်ခိုင်(လျှပ်တပြက်ဖားခိုင်)၊
ဒေါက်တာတင်ထွန်းဦး(သုတစွယ်စုံ)၊ ဟိန်းလတ်(ပေါ်ပြူလာဂျာနယ်)
(တားရော့ဗေဒင်ပညာရှင်နဲ့ ဂျာမဏီပြန် ဆရာဝန်တစ်ယောက်ရဲ့ စာမူကို
မိမိကိုယ်ပိုင်လုပ်ခဲ့ပြီး နောက်ဆုံး တောင်းပန်လိုက်ရသူ)၊

ကိုကိုစက်မှုတက္ကသိုလ် (ပန်းသတင်းဂျာနယ်)၊ ဇန်ဇန် (ပေါ်ပြူလာဂျာနယ်)၊
ဒေါက်တာသန်းထွဋ်အောင် (Weekly Eleven Journal)၊ ဗိုလ်မှူးအောင်ခိုင်
(ယုံကြည်မှု ဂျာနယ်) နှင့် မောင်ယဉ်ကျော် (မှုခင်းသတင်းဂျာနယ်)
တို့ပါဝင်တယ်လို့ ဧရာဝတီသတင်းတစ်ပုဒ်မှာ ပါရှိပါတယ်။

မြတ်ခိုင်ဟာ ပြန်ကြားရေးဝန်ကြီးကျော်ဆန်းရဲ့
သတင်းစာရှင်းလင်းပွဲတိုင်းမှာ လိုက်ပါခွင့်ရပြီး သတင်းစာရှင်းလင်းပွဲ
မတိုင်မှီမှာ စာနယ်ဇင်းသမားများအား မိမိတို့စိတ်ကြိုက် မေးပိုင်ခွင့်များ
မေးပိုင်ခွင့်မရှိပဲ ၎င်းတို့မေးမြန်းခွင့်ပြုသည့် မေးခွန်းများကိုသာ မေးရန်
မေးခွန်းစာရွက်များကို ရေးသားလိုက်လံဝေငှသူဟာ မြတ်ခိုင်ဖြစ်ကြောင်း
စာနယ်ဇင်းသမားများက ပြောဆိုကြပါတယ်။

မြတ်ခိုင်ဟာ စစ်အစိုးရကို ဆန့်ကျင်ရေးသားတဲ့ စာနယ်ဇင်းသမားများအား
သတင်းပေးလုပ်ပြီး ဖော်လံဖားအဖြစ် နာမည်ကြီးလာပါတော့တယ်။

၂၀၀၈ ခုနှစ်ဇန္နဝါရီလ မှာတော့ ကဗျာဆရာကိုစောဝေဟာ အချစ်ဂျာနယ်မှာ
ချစ်သူများနေ့အထိမ်းအမှတ် ဖေဖော်ဝါရီ ၁၄ကဗျာဖြင့် "
အာဏာရှုးကြီးမှုးကြီးသန်းရွှေ "စာသားပါတဲ့ ကဗျာကို မြတ်ခိုင် အယ်ဒီတာချုပ်
လုပ်တဲ့ အချစ်ဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အချစ်ဂျာနယ် ထုတ်ဝေသူကတော့ ဘက်ပြောင်းသွားတဲ့ ဂျပန်ပြန် သာကူး
မောင်ပန်းမွှေးဖြစ်ပါတယ်။ အဲ့ဒီတုန်းက ကိုစောဝေရဲ့ ကဗျာကို မြတ်ခိုင်က
သူတာဝန်ယူတယ်ဆိုပြီး အချစ်ဂျာနယ်တွင် ထည့်သွင်းပေးခဲ့တာ ဖြစ်ကြောင်း
ကိုစောဝေရဲ့ဇနီးပြည်ပ မီဒီယာများနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

တာဝန်ခံအယ်ဒီတာမြတ်ခိုင်နှင့် မောင်ပန်းမွှေးတို့ကတော့ ဘာမှ
အရေးယူခံရခြင်း မရှိခဲ့တာကြည့်ရင် မြတ်ခိုင်ရဲ့ ထောင်ခြောက်ဆင်ပြီး
တွန်းပို့ခြင်းခံရတယ် ဆိုတာသိတာပါတယ် ဒီနေရာမှာ အယ်ဒီတာဟာ NLD
အဖွဲ့ဝင်သာဆိုရင်တော့ ကြီးလေးတဲ့ စွဲချက်တွေ ထောင်ဒဏ်တွေနဲ့ ရင်ဆိုင်ရမှာ
မလွဲမသွေပါပဲ။

အခုလည်း စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဥပဒေကို ထောက်ခံတယ်ဆိုပြီး
လုပ်လာပါပြီ.. ရွေးကောက်ပွဲနေ့ရက် ထွက်လာရင်တော့ ကြိုဆိုတယ် ဆိုပြီးတော့
မြတ်ခိုင်တို့ Monitor ပြီးတော့ Key Board တို့ Mouse တို့ USB
ဂျာနယ်တွေများ ထပ်ထွက်လာမလားပဲ... လူတစ်ယောက်ရဲ့ လုပ်ဆောင်မှုကို
သူ့ရဲ့သမိုင်းတွေ လုပ်ဆောင်ချက်တွေက သက်သေပြပါတယ်။

မြတ်ခိုင်ဟာ သူရဲ့ဂျာနယ်တိုက် ရုံးခန်းအဝင်ဝမှာ ရေးထားတာကတော့
သေရင်ပြီးပြီတဲ့... ဆိုလိုတာကတော့ မသေခင် ကောင်းတာလုပ်လုပ်
ဆိုးတာလုပ်လုပ် နာမည်ပျက်ပျက် မပျက်ပျက် သေရင်ပြီးပြီလို့
အဓိပ္ပါယ်ရနေတော့ မသူတော်ချင်း သတင်းလွေလွေ့ဆိုသလို မိစ္ဆာဒိဋ္ဌိဝါဒကို
ပုံဖော်နေပါတယ်။

သေရင်တော့ မပြီးသေးပါ ခွေးဖြစ်မလား မျောက်ဖြစ်မလား လောက်ဖြစ်မလားဆိုတာ
မိမိလုပ်ခဲ့တဲ့ စေတနာက အကျိုးပေးပါဦးမယ်။ မြတ်ခိုင်ရဲ့
လက်ထွက်စကားဖြစ်တဲ့ တခါကတို့ တခါစားတို့ နောက်ဆုံး အခါခါဖားနေရင်တော့
သေရင်မပြီးသေးဘဲ ရှင်လျှက်နဲ့ ကိုယ့်ကိုယ်ကို မွန်းတည့်ချိန်လို့
ထင်နေတဲ့အချိန်မှာ နေဝင်သွားနိုင်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ဒီမိုဝေယံ

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ