တစ်နှစ်တည်းမယ် ခိုးဝင်ဘင်္ဂါလီ ဘ၀ကနေ တိုင်းရင်းသားကမန်လူမျိုးအဖြစ်သို့
အသွင်ပြောင်းသွားတဲ့ လူဦးရေပေါင်း အယောက် နှစ်ရာကျော် ရှိနေပြီ လို့
ရမ်းဗြဲမြို့ (မြို့သူမြို့သားများ နဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန)
အသိုင်းအ၀ိုင်း က ပြောတယ်။
အဲသည်အော်ပရေးရှင်းမှာ အဓိကလှုပ်ရှားသူ (actor) အနေနဲ့ လ၀ကမြို့နယ်
ဦးစီးမှူး ကို တွေ့မြင် ရပါတယ်။ ပြည်နယ်ဦးစီးကတော့ဖြင့် ဘယ်သူ
ဘယ်ဝါတွေရဲ့ ဖိုင်တွေကို မြန်မြန်ထက်ထက် တင်ပေး ဖို့ တောင်းနေတဲ့အကြောင်း
မြို့နယ်ဦးစီးမှူးက သူ့လက်အောက်ငယ်သား စုမှူးတွေဆီ ကို တောင်းခံ ပါတယ်တဲ့။
မြို့နယ်ဦးစီးအနေနဲ့ သူက လုပ်ချင်လို့လုပ်တာ မဟုတ် ဘဲ ပြည်နယ်မှူး
ခိုင်းလို့ သာ လုပ်ရတဲ့ပုံစံမျိုး ပြောပြီး လုပ်ခိုင်းပါတယ်တဲ့။ အဲဒီတော့
ညွှန်ကြားခံရတဲ့ ၀န်ထမ်းတွေအနေနဲ့ မရှိ တာတွေကို အရှိပြ၊
လိမ်ညာဖြည့်စွက်ပြီးသကာလ ဖိုင်တွေကို ပြည်နယ်မှူးဆီ ရောက်အောင် ပို့ပေး
လိုက်ပြီးတဲ့အခါ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေဟာ အုံဖွ အစွမ်းနဲ့ ကမန်တွေ
ဖြစ်လာကြပါ သတဲ့။
အဲသလို ကမန်ဘ၀ကို ဘ၀ကူးကောင်းဖို့ အလို့ငှာ ကုန်ကျစရိတ်က
ပုံမှန်ပေါက်ဈေး ဆိုရင် ပြည်နယ်မှူးကို (ကျပ်ငွေ)ဆယ်သိန်းပေးရပြီး၊
မြို့နယ်မှူးက သုံးသိန်းကနေ ငါးသိန်း ကြားယူပြီးတော့ အောက်က
စုမှူးလောက်အဆင့် ၀န်ထမ်းတွေကိုတော့ တစ်သောင်း၊ တစ်သောင်းခွဲလောက်ပဲ
ခွဲဝေပေးပါသတဲ့။
လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်လောက်က ခိုးဝင်လာပြီး ငွေပေးပြီး ကမန်ဖြစ်ခဲ့တဲ့
ဘင်္ဂလီတွေ ရဲ့ မြန်မာပြည် မှာမွေးတဲ့ ဒုတိယမျိုးဆက်တွေ ဟာ အခုအခါမှာ
ကမန်လူမျိုးအဖြစ်နဲ့ တက္ကသိုလ် တက်နေကြ ပြီး ဖြစ်တယ်။ သူတို့လို
မိသားစုတွေဟာ ပထမမျိုးဆက်ရော၊ ဒုတိယမျိုးဆက်ပါ ကမန်လူမျိုး အတုတွေ အဖြစ်
(ဘုမသိ ဘမသိတဲ့ အစိုးရရဲ့ အမြင်မှာ ကမန်လူမျိုး အစစ်တွေအဖြစ်) ရပ်တည်
ကြီးထွားရင်း သူတို့ရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ ဘင်္ဂါလီ အသိုက်အ၀န်းကို
ဒီတိုင်းပြည်ထဲမှာ အင်အားကြီးသထက်ကြီးစေခဲ့ပြီ။
ဒါ့တင်ဘယ်ကမလဲ၊ သူတို့နောက် လွန်ခဲ့တဲ့ ၉ နှစ် ၁၀နှစ်က
ခိုးဝင်လာတဲ့ဘင်္ဂလီတွေလဲ အားကျမခံဘဲ ကမန်တွေ ဖြစ်နေကုန်ကြပါပြီ။ ဒီလိုပဲ
မကြာခင်မှာ သူတို့ ဒီမှာ မွေးလိုက် ကြတဲ့ ကလေးတွေဟာလည်း အပြိုင်အဆိုင်
ကမန်တွေပဲ ဖြစ်လာကြတာပဲပေါ့။
မှတ်ပုံတင်လုပ်ကြတဲ့အခါ ကမန်လူမျိုးဖြစ်ကြောင်းကို ကမန်လူမျိုး
နှစ်ဦးရဲ့ အာမခံချက် (ထောက်ခံချက်) ကိုပူးတွဲတင်ပြရပြီး
အဲဒီထောက်ခံချက်အတွက် လက်မှတ်ထိုးပေးရသူ ကမန် နှစ်ဦးကတော့ ဘင်္ဂလီတွေ
အတွက် လုပ်ပေးရတာမျိုးဆိုရင် လက်မှတ်ထိုးခ ငွေတောင်းယူ ကြပါ တယ်။
နောက်ပိုင်း ဘင်္ဂလီတွေဟာ ကမန်လူမျိုး နာမည်ပေါက် သွားကြပြီးတဲ့အခါ ဘင်္ဂလီ
အချင်းချင်း (ကမန်အတုတွေကပဲ) လက်မှတ် ထိုး ပေးကြတဲ့ အတွက် မူလကမန်တွေဟာ
အရာမရောက်တော့ ဘဲ ဈေးကွက်ပျက် သွားပြီးတော့ လက်မှတ်ထိုးခ ငွေကြေးလည်း
မရရှိတော့တဲ့အကြောင်း ကမန်တွေ ကလည်း ဖွင့်ဟ ၀န်ခံကြပါတယ်တဲ့။
ကမန်(ဆိုး)တွေဟာ အဲဒီလို တိုင်းပြည် နဲ့ လူမျိုးအပေါ်သစ္စာဖောက်တဲ့
လုပ်ရပ်တွေ လုပ်ကြတဲ့အပြင်၊ မူလကတည်းက အစဉ်အဆက်
ရခိုင်တိုင်းရင်းသားတွေလို ၀တ်စားဆင်ယင် ပြောဆိုပြုမူလာခဲ့ကြတဲ့
ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို စွန့်ပယ်ပြီး အာရပ်ယဉ်ကျေးမှုတွေနဲ့
အတင်းအစားထိုးလာကြတာကို အတော်များများ တွေ့မြင်လာရတယ်။
ဘင်္ဂါလီသွေးနှောလာတဲ့ ကမန်လူမျိုးထုအကြားမှာ အရင်ကဆိုရင်
ရခိုင်နာမည်တွေချည်းပဲ ထားရှိကြရာကနေ ရခိုင်နာမည်ကော ကုလားနာမည်ပါ
ခံယူလာကြသူတွေ များလာတယ်။
ကမန်တွေ ရခိုင်ယဉ်ကျေးမှု မြန်မာယဉ်ကျေးမှုနဲ့ ကင်းကွာလာတာနဲ့အမျှ၊
ဘင်္ဂလီတွေနဲ့ မရောနှော ချင်ကြ တဲ့ နိုင်ငံသားလက်မှတ် အစစ်ကိုင်ဆောင်သူ
ငွေကြေးတတ်နိုင်သူ ကမန်စစ်စစ်အချို့ကတော့ ရမ်းဗြဲ ကနေ ရန်ကုန်ကို
ပြောင်းရွှေ့သွားခဲ့ကြတယ်။
ကမန်ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြားချက်အရ ကမန်ဦးရေဟာ သုံးသောင်းလောက်
သာရှိနိုင်တယ် ဆိုပေမယ့် ဒေသခံရခိုင်လူမျိုးတွေကတော့ ဒီ့ထက်
ပိုနည်းနိုင်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ
ကမန်လူမျိုးတွေအဖြစ် နိုင်ငံသား စိစစ်ရေးကဒ် ကိုင်ဆောင်ထားသူတွေရဲ့
အရေအတွက် ဟာ သုံးသောင်းထက်မက အလွန်အမင်း များပြားစွာရှိနေခဲ့ပါပြီ။
အဲသည် ကမန်လူမျိုးအတုတွေရဲ့ လ၀က ရုံးထဲက အမှုတွဲဖိုင်တွေကို သာမန်ယေဘုယျ
အမြင်လောက်နဲ့ လ၀က မဟုတ်တဲ့ အပြင်လူတွေက သမန်ကာလျှံကာ ကြည့်ရင် တောင်မှ
လိမ်ထားမှန်း အလွယ်တကူ သိနိုင်ပါတယ်လို့ လ၀က ၀န်ထမ်းတဦးက ပြောပြ တယ်။
အထက်အရာရှိတွေကို မလွန်ဆန်နိုင်လို့ လုပ်ပေးခဲ့ရပေမယ့် သူတို့ရဲ့
ရင်ထဲမှာတော့ အလွန်နာကျင်ရတယ်လို့ပြောပြတယ်။ အလုပ်ပြုတ်မှာ ကိုတော့ လုံးဝ
မကြောက်ပေမယ့် ထောင်တော့ အကျမခံနိုင်လို့ ကိုယ်တိုင်ဖော်ထုတ်ဖို့
မ၀ံ့ရဲဘူးလို့ ဆိုပါ တယ်။
ဒုတိယဗိုလ်ချုပ်ကြီးလှမင်းရဲ့ ပြီးခဲ့တဲ့ ရမ်းဗြဲနဲ့
ကျောက်နီမော်ခရီးစဉ်တွေမှာ ဒေသခံ ရခိုင်လူမျိုး တွေက လူအများရှေ့မှာ
လက်ညှိုးတည့်တည့်ထိုးပြီး ဒီလူဟာဘင်္ဂလီပါ၊ ကမန်ဖြစ်အောင်လုပ်ထားတာပါ
စသည်ဖြင့် လူပေါင်း များစွာကို ညွှန်ပြပြောဆိုခဲ့တဲ့ အခါ၊ အပြောခံရသူများ
ဘက်က ခေါင်းငိုက်စိုက် ချတဲ့အမူအရာနဲ့ တုံ့ပြန်ကြပြီး ၀န်ကြီးတွေ
တာဝန်ရှိသူတွေကတော့ မျက်နှာလွှဲပြီး ပါးစပ်ပိတ်တဲ့ ပုံစံနဲ့ တုံ့ပြန်
ကြပါတယ်။ အဲ.. ဦးခင်ရီတော့ မပါဘူးပေါ့ဗျာ။ သူသာပါရင်တော့ ဘာပြောမလဲ
မသိနိုင်ပါဘူး။ ခိုးဝင် ဘင်္ဂလီ မရှိပါဘူး။ အားလုံး ကမန်ဖြစ်သွားကြပါပြီ
ခင်ဗျား လို့များ ခပ်တည်တည် နဲ့ ပြောချ လိုက်လေ မလားဆိုတာ စဉ်းစားမိပြီး
ပြုံးမိပါသေးတော့တယ်။
(ရှင်မင်းယာ ရေးသားသည်။)
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ