လာရောက်ဆောင်ရွက်သည့် ပင်စင်စားတစ်ဦးအား ပင်စင်ဦးစီးဌာနရုံးချုပ်ရှေ့တွင်
၂၀၁၀ ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-အေးဇော်မျိုး)
(အစိုးရ၏ ပင်စင်လစာတွက်ချက်မှုများ အားနည်းချက်များနှင့် ပင်စင်စားတို့
နစ်နာချက်တချို့၊ ပေးစာ)
ကျုပ်အသက်(၆၀)ကျော်ဆိုတော့ မြေးကလေးတွေလဲရနေပြီ။
အသက်ကလေးရလာတော့ ပင်ပင်ပန်ပန်း တွေလဲ မလုပ်နိုင်တော့ပါဘူး။ ဇရာလေ၊ ဇရာရဲ့
ရိုက်ပုတ်ထုတောင်ခြင်းဒဏ်ပေါ့ဗျာ...
အော်...ဒါလား...မပူပါနဲ့ စားဝတ်နေရေးကို သမီးအကြီးက
တာဝန်ယူတယ်။ အတူနေတာလေ၊ ကျုပ်လား ပင်စင်စားဝန်ထမ်းတစ်ဦးဗျ။ အဟဲ လေသံကတော့
ဂုဏ်ယူဝင့်ြွကားစွာနော့။ အမှန်က ကျုပ်...အင်း
...လျော်ကြေးပင်စင်စားတစ်ဦးပါဗျာ။
အစိုးရ၀န်ထမ်းလုပ်ရင် မိုးမခေါင်ဘူးတဲ့။ ခုကြည့်
ကျုပ်လယ်ကလေး ပတ်ကြားတွေတောင်အက်ကုန်ပြီဗျာ၊ ပင်စင်ပေးခံရတုန်းက
ကျုပ်...ငယ်သေးတယ်ဗျ၊ သန်မာတုန်းဘဲ၊ အလုပ်ဝင်စ (၆)နှစ် (၇)နှစ်လောက်မှာ
ပင်စင် ရတာလေ၊ ကျုပ်အသက်ထက်ဝက်ကျော်ကပေါ့ဗျာ။ စီးပွားရေးစနစ်တခုကနေတစ်ခု
ကူပြောင်းတဲ့ ကာလမှာ ဖျက်သိမ်းတော့မဲ့၊ ဌာန၊ ကော်ပိုရေးရှင်း အဖွဲ့က
ဝန်ထမ်းတွေကို ထုတ်ပယ်ခြင်း၊ ဌာနတစ်ခုမှ တစ်ခုပြောင်းရွှေ့ခြင်း၊
ပင်စင်ပေးခြင်း နည်းလမ်းများနဲ့ အင်အားလျော့ချတယ်။ ကျုပ်တို့လို
လုပ်သက်နု အမှုထမ်းတွေကို လုပ်သက်(၁၀)နှစ်၊ (၁၀)နှစ်ကျော်သူတွေကိုတော့
လုပ်သက်အရှိအတိုင်း ပင်စင်တွေပေးပြီး အင်အားလျော့ချတယ်။ ဒါကိုဘဲ
လျှော်ကြေးပင်စင်လို့ခေါ်တာပေါ့။
ဟာ...စာတတ်တာပေါ့ (ဘ.က)လေ၊ ရွာဦးဆရာတော်ကျောင်းထွက်၊ အဲ
ဆယ်ဆောင်တွဲထဲက မင်္ဂလသုတ် တော့ ကျေခဲ့ပါတယ်။ ဒါနဲ့
အောက်ဆုံးဆင့်ဝန်ထမ်းဘ၀နဲ့ လျော်ကြေးပင်စင်ရခဲ့တာပေါ့ဗျာ၊ ကျုပ်ပင်စင်လား
မူရင်းပင်စင် ၁၅ိ/-ကျော်၊ ရှားပါးစရိတ်ဆိုလား ဘာဆိုလား ဘာလား
၁၁ိ/-ကျော်နဲ့ပေါင်းပြီး ၂၆/-ကျော် ထုတ်ရတယ်လေ။ ရှိစုမဲ့
လယ်တကွက်ရောင်းပြီး ကမ်းနားသစ်ပင်လုပ်ဖို့ မြို့တတ်လာပြီးမှတော့
ရွာကိုလည်း မပြန်ချင်၊ ရှိစုမဲ့လေးရောင်းလာခဲ့တာပါဆို မြို့ပေါ်မှာဘဲ ရရာ
ကြုံရာ ကျဘမ်းအလုပ်ကလေးတွေ လုပ်ရင်းနဲ့ သားသမီးတွေကြီးပြင်အောင်
ထိန်းကျောင်းခဲ့ရတာပေါ့။ လုပ်နိုင်ကိုင်နိုင်တုန်းကတော့ မရှိမရှားပါ၊
လှုပ်နိုင်ရင် စားနိုင်သောက်နိုင်ဘဲလေ၊ ကျုပ်တို့ငယ်ငယ်က ပညာခေတ်လိုမှ
မဟုတ်သေးတာ၊ အခုလို ကမ္ဘာ့ရွာကြီး မဖြစ်သေး ဘူးလေ၊ ခုတော့ သမီးကြီးအိမ်မှာ
မြေးတွေ ထိန်းတဲ့ရာထူး မယူချင်လဲ ယူ၊ ယူချင်လဲ ယူပေါ့ဗျာ။
''အဘရေ ... အဘ ... အဘရေ ...အဘ''လို့ သမီးထွေးက မွေးတဲ့
ကျုပ်မြေးအကြီးကောင် ပြေးရင်းလွှားရင်းခေါ်နေတာ ဘာများဖြစ်မလဲပေါ့
ဒီကောင်ဘယ်တော့မှ ရေကြီးသုတ်ပြာမဖြစ်တဲ့ကောင်လေ။
အော်... ''(၁.၇.၂၀၁၁)နေ့ကစပြီး ပင်စင်တွေတိုးမယ်ကြားလို့
အဘရ''တဲ့ အင်းလေ သူ့အဘ ကျုပ်ပင်စင်လေး လစဉ် ၂၉၀ိ/-ကျော်ကို ခေတ်ရေစီးနဲ့
အံမ၀င်လို့ မထုတ်ဖြစ်တာလည်း ကြာပြီလေ။
ကျုပ်ပြောခဲ့ပါပြီရော ပင်စင်ရစက ၂၆/-ကျော်နဲ့ မြို့မှာဘဲ
ကြုံရာလုပ်ရင်း ပြေလည်တချက် မပြေလည် ချက် က များသားလေ။ ၁၉၈၂ ခုနှစ်မှာ
နိုင်ငံတော်ကို ကျုပ်ပင်စင်လေးဖဲ့ပြီး မဟုတ်သေးပါဘူး အကုန်နီးပါး ပါဘဲ
၂၅ိ/-တစ်လုံးတည်း လဲလှယ်ရောင်းချခဲ့ရတယ်။ ဟင်း...ဟင်း
၁ိ/-ကျော်ဘဲကျန်တာပေါ့၊ ဒါကြောင့်
အကုန်နီးပါးရောင်းလိုက်တာလို့ပြောတာပေါ့ဗျာ။ အဲဒီအချိန်က
ပင်စင်စာအုပ်တွေ၊ သမ၀ါယမ စာအုပ်တွေ အပေါင်ခံတာရှိတယ်။ တရားဝင်တော့
ဘယ်ဟုတ်ပါ့မလဲ ဒီလိုပေါ့ လက်လှည့်သုံးကလေးလိုရင် ပြေးရတာဘဲ ခုတော့
နိုင်ငံတော်က တစ်လုံးတည်းလဲလှယ်ပေးမယ်ဆိုမှ ရှေ့ဆုံးက တန်းစီ
လိုက်တော့တယ်။
လှုပ်နိုင်မှ စားနိုင်တဲ့ဘ၀ မတ်တပ်စာဘဲရှိတယ်
တုံးလုံးစာမရှိဘူးဆိုတာ ကျုပ်ပါ၊ အလတ်ကောင်လေ တစ်ယောက်ထဲပါတဲ့ ကျုပ်သား
ကျန်းမာရေးအတွက် လည်းဖြစ်ပြန် နှိုက်စရာရှာတော့ ဒီပင်စင်လေးရောင်းဖို့
ဖြစ်ရောဗျာ။
အဲ...အဲ...ဘ၀ပေးက မနေပါဘူး မှတ်မိသေးတယ်ဗျ လစဉ်ပင်စင်တွေ
(၅)ခါတောင် တိုးတာ။ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာလေ၊ ဦးနေ၀င်းတို့
ဦးစန်းယုတို့ခေတ်က (၃)ခါတိုးတာ၊ ဦးဆုံး ၄၀ိ/-တခါလား၊ ၃၀ိ/-တစ်ခါလား
ဘယ်ဟာအရင်မမှတ်မိပါဘူး။ ၇၀ိ/-တိုးတယ်။ နောက်ဦးစိန်လွင် လက်ထက်မှာ
၄၅ိ/-တိုးပေးပြန်ရော ပေါင်း(၃)ခါ ၁၁၅ိ/-ဆိုတော့ ကျုပ်လစဉ်ပင်စင်လေး
မရှိသလောက်က ၁၁၆/-ကျော်ပြန်ဖြစ် လာတယ်။ ဒီနောက်မှ ဗိုလ်ချုပ်ကြီးများရဲ့
စေတနာထင်ဟတ်မှု ၁၉၉၃-၉၄ခုနှစ်လောက်က ၂၅%တိုးပြန်ရောဗျ။
အဲနောက်ဆုံး(၂)ဆတစ်ခါ တိုးပေးပြန်လို့ ကျုပ်လစဉ်ပင်စင်လေး ၂၉၀ိ/-ကျော်
ဖြစ်လာတာလေ။
ခုလည်း တိုးပြန်ဦးမယ်ဆိုတော့ ပင်စင်စားဝန်ထမ်းတွေအတွက်
သတင်းကောင်းဗျာ။ ဒါနဲ့ နိုင်ငံတော် အကြီးအကဲများကို ကျေးဇူးတင်ရင်း
ဝမ်းသာအားရ တိုးမြှင့်ပင်စင်လျှောက်လိုက်တာပေါ့ဗျာ။
ဟား...အနိမ့်ဆုံးပင်စင်စားတောင် တစ်သောင်းခွဲ၊
နှစ်သောင်းရမှာတဲ့ ရေဒီယိုတွေ၊ တီဗီတွေက ကြားရ မြင်ရလို့ ကျုပ်
မြေးကလေးတွေ မုန့်ဖိုးပိုပေးနိုင်အောင် တိုးမြှင့်ပင်စင်လျှောက်လိုက်တာ
တစ်ပတ်ပါဘဲ။ ဟုတ်တယ် အချိန်တစ်ပတ်လောက်နေမှ ကျုပ်ပင်စင်အခြေအနေလေးသိဖို့
တိုးမြှင့်လျှောက်ခဲ့တဲ့ ဌာနကို စုံစမ်းဖို့ နောက် တစ်ခေါက် ရောက်ပြန်ရော
ခဏခဏကလည်း မလာနိုင်ဘူးဗျ၊ ခြွေကခ က တန်ဘိုးမြှင့်တယ်။ တိုးမြှင့်ပင်စင်
တွက်ပေးတဲ့ဌာနက လူငယ်လေးတွေကပြောတယ်။
''အဘရေ ...အဘပင်စင်တိုးမြှင့်တွက်တာ လစဉ် ၂၇၀ိ/-ကျော်ဘဲ ရမှာတဲ့''
''ဟ အဘက တိုးမြှင့်ပင်စင်လျှောက်တာလေ''
ကျုပ်အံသြတ၀က်နဲ့ဆိုရင်း သူတို့တွေ ကျုပ်ကိုလှမ်းမြင်ထဲက
''တိုးမြှင့်ပင်စင်လာလျှောက်တာ လျော့ကျပင်စင်ဖြစ်သွားတဲ့ အဘ''လို့
တီးတိုးဆိုနေကြမဲ့ပုံသွင်တွေ ကျုပ်တွေ့လိုက်မိ တယ်။ ရှက်လိုက်တာဗျာ
ဒီကလေးတွေ ကျုပ်ကိုကြည့်တဲ့အကြည့် သနားတာရော၊ အားနာတာရော၊ ဂရုဏြွာပမ်းတဲ့
မျက်ဝန်းတွေကတဆင့် ကျုပ်ခံစားမိပါတယ်။
ကျုပ်အိမ်မက်ကလေး ရပ်တန့်ပြိုလဲလွင့်ပြယ်သွားတယ်။
ကျုပ်ရင်တစ်ခုလုံး ရှုပ်ထွေးကုန်ပြီ၊ ကြားခဲ့မြင်ခဲ့ ရတာနဲ့ မတူ
ကွဲပြားတဲ့အဖြစ်တွေမို့ပါ။ ဒါတခဏပါဘဲ သောကကို တာရှည်ပွေ့ဖက်ထားလေ့မရှိတဲ့
ကျုပ်အတွက် စိတ်ကို အလျှင်အမြန်စုစည်းနိုင်ခဲ့ပါတယ်။
ဒါနဲ့ ''သေချာရဲ့လားကွယ်''လို့ နှုတ်က ထွက်သွားတယ်။
''သေချာပါတယ် အဘခင်ဗျာ ဒီမှာ သေသေချာချာ ကို ပင်စင်ဦးစီးဌာနက
ညွှန်ကြားတဲ့နည်းများနဲ့ တွက်ထားတာပါ''လို စာရွက်အခိျု့ကိုပြရင်း
ပြန်ဖြေတယ်လေ။
''ဘယ်လိုဖြစ်တယ်မသိရဘူးလား''
တစ်ချက် ကျုပ်မေးပြီးမိတော့ သူတို့လေးတွေက ရှင်းပြကြပါတယ်။ အဘက
၁၉၈၂ခုနှစ်မှာ တစ်ကြိမ်ထဲဘဲ နိုင်ငံတော်ကို
၂၅ိ/-တစ်လုံးတည်းလဲလှယ်ခဲ့တာကြောင့်ပါခင်ဗျာ''တဲ့ နောက်ဆက်ပြောသေးတယ်
''အဘလဲလှယ်ရောင်းခဲ့တဲ့ ၂၅ိ/-ကို ကိုက်ညီအရောင်းရာခိုင်နှုန်းရှာတော့
၉၀%ကျော်ဖြစ်နေလို့ပါ အဓိက ကတော့
အရောင်းရာခိုင်နှုန်းမူကြောင့်ပါခင်ဗျာ''လို့ လေးလေးနက်နက်
စိတ်စေတနာအပြည့်နဲ့ ရှင်းပြကြပါတယ်။ ထပ်ပြီး ပြောပါသေးတယ် ကျုပ်မှာက
ကြားတစ်ချက် မကြားတစ်ချက်နဲ့ လွင့်ပံျ့နေတဲ့ စိတ်အာရုံကို
စုစည်းနေချိန်မို့ ပြည့်ပြည့်စုံစုံ သတိမထားလိုက်မိဘူး ဝေတ၀ါးကြားရတာက
...
''အဘရေ ပင်စင်ဦးစီးရုံးကတော့ပြောတယ် အဘပင်စင်
၂၇၈ိ/-ကျော်ဘဲရမှာဆိုတော့ ဟာ...ဒီလို မလုပ်ရဘူးကွဲ့ သူမူရင်း
၂၉၀ိ/-ကျော်ဘဲ ဆက်ထုတ်ပေးဖို့ ခွင့်ပြုနိုင်တယ်''တဲ့
ကျုပ်လည်း ''ဒီလောက်နဲ့တော့ အလုပ်ရှုပ်ခံမနေကြပါနဲ့''လို့
နှုတ်ကထုတ်ပြောလိုက်မိတယ်။ သူတို့လေး တွေလဲ ပြန်ရှာ ပြန်တွက်နဲ့
အားနာစရာတွေဖြစ်ကုန်တော့မှာကိုးဗျ။
ဒီလိုနဲ့ တနေ့ကျုပ်ချွေးနဲစာလျော့ကျပင်စင်လေး
စိတ်မပြတ်နိုင်လို့ မိတ်ဟောင်းတွေနဲ့လည်း တွေ့ရအောင်၊
မထုတ်ဖြစ်တဲ့လစဉ်ပင်စင်လေးထုတ်ရအောင် မြန်မာ့စီးပွားရေးဘဏ်မှာ
ငွေထုတ်ဖို့အလှည့်စောင့်တုန်း ကျုပ်လစဉ် ပင်စင်လေးနည်းရတဲ့အကြောင်း
သိခွင့်ရခဲ့တယ်။
ဒီလိုဗျ ကျုပ်နဲ့ ရာထူးလည်းတူ၊ အလုပ်လည်းတူ၊ ဟော
လျော်ကြေးပင်စင်ပေးခံရတော့လည်းတူတဲ့ မောင်ရင့်ကိုတွေ့တာ ထူးတော့ထူးသားဗျ
ဟင်း...ဟင်း ဒီကောင်မောင်ရင် တိုးမြှင့်ပင်စင်လာထုတ်တာတဲ့လေ။
ဒီကောင်မောင်ရင် ဘယ်လောက်ရမှာတုန်း၊ ပင်စင်အဟောင်းတုန်းကတောင်
၂၂၉ိ/-ကျော်နဲ့ ကျုပ်ထက်နည်းရတဲ့ မောင်ရင်လေ အခုဒီမောင်က လစဉ် တစ်လ
၃၄၀၀ိ/-ကျော်တဲ့။
''ဟုတ်သေးပါဘူး'' ကျုပ် မချင့်မရဲ နှုတ်ကထွက်သွားတယ်။
''ဟုတ်သေးပါဘူး လုပ်မနေနဲ့ ကြုံတုန်းလိုက်ပြု စုပါဦးမယ်''တဲ့ မောင်ရင်
ကျုပ်ကို မုသားဆိုပုံတော့မရဘူး။ (အသက်အရွယ်က နောက်စရာမဟုတ်တဲ့ အရွယ်တွေ
လေ) ဘယ်လိုဖြစ်ရတာလည်း အတွေးမဆုံးခင် ''ဒီမှာ
ကိုယ့်ပင်စင်စာအုပ်ကြည့်လေ''တဲ့ ဆက်ပြောလာတယ်။
အမြင်တွေေ၀၀ါးနေလို့ကောင်းကောင်းမဖတ်လိုက်မိဘူး။ ဇရာလား၊ သောကလား၊
တွေဝေမှုလား၊ ကောင်းကောင်း မမြင်မိတာတော့မှန်ပါ။ ဒီကောင်မောင်ရင်က
ဆက်ပြောနေတယ်၊ ကျုပ်ပင်စင် ၂၅ိ/-ရောင်းတုန်းက သူလည်း ၂၀ိ/-ရောင်းတယ်၊
ဒီနောက် ဒုတိယအကြိမ် ၁၉၉၃-၉၄ခုနှစ်လောက်က ၃၀ိ/-ထပ်ရောင်းဆိုဘဲဗျ။
အဲဒီမှာကွာ ကုန်တော့တာကိုး၊ ကျုပ်ကြားခဲ့ရတဲ့
အရောင်းရာခိုင်နှုန်းမူလေး၊ ပင်စင်ဦးစီးရုံးက တွက်ခိုင်းတဲ့ မူအရတော့
တစ်ခါရောင်းရင် မူရင်းပင်စင်နှင့် ပေါင်းပြီး အရောင်း ရာခိုင်နှုန်း
တွက်ပါတဲ့။ နှစ်ခါရောင်းရင်တော့ မူရင်းပင်စင်ရယ် (သုံးခါတိုးခဲ့တဲ့)
၁၁၅ိ/-ပါ ပေါင်းပြီးမှ အရောင်းရာခိုင်နှုန်းတွက်ပါတဲ့လေ။
ဒီမူအရ ကျုပ်ကို ၂၆/-ကျော်ပေါ်မှာ
အရောင်းရာခိုင်နှုန်းတွက်ပြီး မောင်ရင်ကတော့ ကျုပ်နဲ့အတူ ရောင်းခဲ့တဲ့
၂၀ိ/-ပေါ်မှာ အရောင်းရာခိုင်နှုန်းမတွက်ရဘဲ၊ နောက်တစ်ခါ
၃၀ိ/-ရောင်းပြီးပေါင်း ၅၀ိ/-ဖြစ်မှ နှစ်ခါရောင်းမူအရ ၁၄၀ိ/-ကျော်ကို
အရောင်းရာခိုင်နှုန်းရှာပြီးတွက်တာတဲ့လေ။ ဒီတော့ နှစ်ခါရောင်းတဲ့
မောင်ရင်က ၃၄၀၀ိ/-ရပြီး၊ တစ်ခါထဲရောင်းခဲ့တဲ့ကျုပ်
၂၇၀ိ/-ကျော်ဘဲရတာဆိုငြီး မနေချင်ပါဘူး။
အဲဒါပေမယ့် ဘဏ်ရုံးရှေ့မှာ ဆုံတုန်း ပြောကြဆိုကြ ကြားရတာ ကျုပ်တို့လို
အောက်ခြေအဆင့် လျော်ကြေးပင်စင်စားတွေအတွက် အခိျု့က
''အခြေခံ အဆင့် တစ်ခုသတ်မှတ်ပေးရင် ကောင်းမယ်''တဲ့။
မဟုတ်သေးပါဘူးကွာ အနိမ့်ဆုံးပင်စင်စားက ၅၀၀၀ိ/-၊ ၆၀၀၀ိ/-တော့ ပေးမှကွ''
''လူကြီးတွေ၊ အကြီးအကဲတွေ ဘက်လဲကြည့်ဦးလေ မင်းတို့အင်အားက
တာဝန်ထမ်းဆောင်ဆဲ ထက်တောင် များသေးတယ်ဆိုတာ စဉ်းစားရမယ့် အပိုင်းတွေကွ''
လို့ တယောက်တစ်ပေါက် ထင်မြင်ချက်တွေ မတောင်းလဲ ပေးနေလိုက်ကြတာ ရက်ရက်ရောရောပါဘဲဗျာ။
လူဆိုတာ စည်းကမ်းရှိမှ တိုးတက်ဖြစ်ထွန်းမယ်ဆို ဒီတော့
သူ့စည်းကမ်း၊ သူ့မူ၊ သူ့ဥပဒေနဲ့သူ ရှိပြီး သားတွေလေ။ အားမတန်လို့
မာန်လျော့တယ်ပြောချင်ပြော ကျုပ် ဘ၀ရဲ့အပိုင်းအခြားကလည်း နှောင်းကာလ
ရောက်နေမှ ဗုဒ္ဓရဲ့ အဆုံးအမရောင့်ရဲမှုနဲ့ ဖြေလျော့လို့ ကံဆိုတာ
အလုပ်ဆိုတော့ တစ်ခါဘဲ ရောင်းခဲ့မိတဲ့ အလုပ်(ကံ)ကိုဘဲ
အပြစ်ပုံချလိုက်မိတယ်။
နိုင်ငံပိုင် မီဒီယာတွေဖြစ်တဲ့ ရေဒီယိုတွှေဠတွေမှာ မြင်ခဲ့
ကြားခဲ့ရတဲ့ အနိမ့်ဆုံးပင်စင်စားရဲ့ လစဉ်ပင်စင် ကျပ် ၁၅၀၀၀၊ ၂၀၀၀၀
ရမယ်ဆိုတော့ မျှော်လင့်ကြီးစွာနဲ့ သမီးကြီး အိမ်ဦးခန်းမှာ
အခန့်သားထိုင်ပြီး မြေးကလေးတွေ မုန့်ဖိုးပိုပေးဖို့ အားမွေးခဲ့တဲ့
ကျုပ်ရဲ အိမ်မက်ပါးပါးလေး မူတစ်ချက် အလှုပ်မှာ
လွင့်ပျယ်ဆိတ်သုန်းသွားနေတာကို ကြည့်ရင်း အတွေးထဲမှာဘဲ
ရပ်တန့်သွားခဲ့ရပြီ။
(စြွာကင်း - ဒီစာလေးရေးနေတုန်းမှာပဲ တီဗီဇာတ်လမ်းတိုလေးတပုဒ်
စိတ်ဝင်တစားကြည့်မိပါတယ်။ န ပင်စင်တဲ့၊ နပင်စင်နဲ့ ခရီးတွင်အောင်
လုပ်ပေးတဲ့နိုင်ငံတော်ရဲ့ စေတနာကို တန်ဖိုးထားပါတယ် ကိုဇော်ဦးရေ ကျုပ်လို
တစ်လ ၂၀၀ိ/-ကျော် ၃၀၀ိ/-ဘဲ ထုတ်ရတဲ့ ပင်စင်စားမှာတော့ ကဒ်ဖိုး
၃၅၀၀ိ/-ပြည့်အောင် (အချိန်မရွေး ဘဏ်ဖွင့်ချိန်တိုင်းမှာ ဒီကဒ်ကလေးနဲ့
ပင်စင်ထုတ်နေပေမယ့်) တစ်နှစ်လောက် မထုတ်သေးဘဲ ပင်စင်လစာ
စုထားလိုက်ဦးမယ်ဗျာ၊ ဟဲ...ဟဲ … ခင်ဗျားပြောသလို ငွေထုတ်ကဒ်ဖိုးလေးပြည့်မှ
ကြိုက်တဲ့နေ့ သွားထုတ်တော့ မယ်ဗိျု့)
(စာရေးသူသည် အထက်ပါဓာတ်ပုံထဲက ပုဂ္ဂိုလ်မဟုတ်ပါ)

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ