ရေခဲချောင်းရောင်းသော ကလေးတစ်ဦး ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့ ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာ

(စက်တင်ဘာလ ၂၈ ရက်နေ့) နံနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊
စစ်တွေမြို့တွင် ရေခဲချောင်းရောင်းသော ကလေးတစ်ဦးသည် စစ်တွေ မြို့ပေါ်ရှိ
အင်ပါလာ( အောင်မင်္ဂလာ) ဘင်္ဂါလီ ရပ်ကွက်အတွင်းသို့
ရေခဲချောင်းသွားရောင်းရာမှ ပြန်ထွက်မလာသဖြင့် စစ်တွေမြို့ပြည်သူများမှ
သေပြီဟုယူဆကာ မွန်းလွဲ ၁ နာရီခန့်တွင် သံဃာတော် တစ်ရာကျော်ခန့်နှင့်
လူဦးရေ သုံးထောင်ခန့်စုဝေးကာ အဆိုပါရပ်ကွက်အတွင်း သို့ဝင်ရောက်ရန်
ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် ပြည်နယ်အစိုးရ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးထိန်လင်းနှင့် ရေးရာတာဝန်ရှိသူများ၊ ရဲများနှင့် စစ်တပ်
တစ်တပ်တို့ အဆိုပါပြည်သူများကို တားဆီးရန် ရောက်ရှိနေကြပြီး ညနေ ၎
နာရီခန့်တွင် ရဲ ၆၀ ဦးခန့်က ပြည်သူများကို တားဆီးနေပြီး စစ်တပ်က
မီးတိုင်တစ်တိုင်အကွာခန့်တွင် တပ်စွဲထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးသေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း
ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ကော်မတီဥက္ကဌ
ဦးလှသိန်းက Eleven Media Group သို့ ပြောကြားသည်။

ပြည်သူများကို ဗိုလ်မှူးကြီး ထိန်လင်းက ကလေးသေဆုံးခြင်းမှာ
မဟုတ်မှန်ကြောင်း ပြောဆိုခဲ့ကာ ပြည်သူများက ကလေးကို ထုတ်ပေးရန်
တောင်းဆိုနေကြကြောင်း သိရသည်။

ညနေ ၄ နာရီခွဲခန့်တွင် ဗိုလ်မှူးကြီးထိန်လင်းက သံဃာတော်များနှင့်
တွေ့ဆုံခဲ့ပြီး လောလောဆယ် ကလေးကို ရှာနေပါကြောင်း၊ အချိန်အတိုင်းအတာ
တစ်ခုအတွင်း ကလေးကိုတွေ့အောင် ဆောင်ရွက်ပေးပါ့မည်ဟု ပြောဆိုကြောင်း
သိရသည်။

ယခုအခါ ပြည်နယ်အစိုးရ လွှတ်တော်ကိုယ်စားလှယ်များလည်း ရောက်ရှိလာကြောင်း သိရသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ