အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်နေ့ (စက်တင်ဘာလ ၂၁)
ရက်နေ့က ဦးဆောင် လှုပ်ရှား ခဲ့မှုနှင့် ပတ်သက်၍ ဦးဆောင်သူ အချို့သည်
တာဝန်ရှိသည် ဟု ယူဆသောကြောင့် သက်ဆိုင်ရာ မြို့နယ် ရဲစခန်း ၇ ခုသို့
သွားရောက် ဖြေရှင်းမည် ဖြစ်ကြောင်း ဦးဆောင် ပါဝင် လှုပ်ရှားခဲ့သူ
တစ်ဦးဖြစ်သည့် ဒေါ်ခင်စန္ဒညွန့်က The Voice Weekly သို့ ဆက်သွယ်
ပြောကြားသည်။
လှိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးက ဦးဆောင် ပါဝင်သူများ အနေဖြင့် အာမခံ
ပေးနိုင်သူများ ခေါ်ရန် ပြောဆို ခဲ့သောကြောင့် ယင်းရဲစခန်းသို့ စက်တင်ဘာလ
၂၂ ရက်နေ့ ညနေခြောက်နာရီခန့်က အာမခံပေးမည့်သူ ရှစ်ဦးနှင့် သွားရောက်
တွေ့ ဆုံခဲ့ပြီး၊ ထိုသို့ တွေ့ဆုံရာတွင် ၎င်းတို့ကို တရားခံဟု
သုံးနှုန်းခြင်း မပြုရန် တောင်းဆိုခဲ့ကြောင်း၊ ရုံးလုပ်ထုံး အရဟု ဆိုကာ
ရဲစခန်းမှ တရားခံဟု ရဲမှတ်တမ်းတွင် ဖေါ်ပြထားကြောင်း ၎င်း၏ ပြောကြားချက်အရ
သိရသည်။
"ကျွန်မတို့ကို တရားခံလို့ သုံးစရာ မလိုသေးဘူး၊ တရားခံဆိုတာ တရားရုံးက
အမိန့်ချမှ သုံးရတာပါ" ဟု ဒေါ်ခင်စန္ဒာညွန့်က ပြောသည်။၂၀၁၂ခုနှစ် စက်တင်ဘာလ
၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင်
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေး အတွက်
ရန်ကုန်မြို့တွင် ဦးဆောင် လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား
ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၂၁
ရက်နေ့တွင် ညနေ ၅ နာရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၌
ပြုလုပ်ခဲ့သောသတင်း စာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
သက်ဆိုင်ရာမြို့နယ် ရဲစခန်း ၇ ခုသို့ သွားရောက် ဖြေရှင်းရာတွင်
အမှုကျူးလွန်ထားခြင်း မဟုတ်ကြောင်း နှင့် တာဝန် ရှိသည်ဟု ယူဆသည့် အတွက်
အာမခံများကို ခေါ်မည် မဟုတ်ကြောင်းလည်း ဒေါ်ခင်စန္ဒာညွန့်က ထပ်လာင်း
ပြောကြားသည်။

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ