စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇း၄၅ အချိန်တွင် ရရှိသော သတင်းများအရ...

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၇း၄၅ အချိန်တွင် ရရှိသော သတင်းများအရ
ကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သတ်ပြီး စုဝေးလျှက်ရှိသော လူထုသည်
ည ၇း၀၀ အချိန်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံသော သံဃာတော်များ
ပြန်လည်ရောက်ရှိလာပြီးနောက် ပြည်နယ်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ရာတွင်
ဝန်ကြီးချုပ်က ယခုအခင်းဖြစ်ပွားသည့် ကျေးရွာနှင့်
ရခိုင်တိုင်းရင်းသားတို့အကြား နောက်ထပ် ပြဿနာများ မပေါ်ပေ
ါက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ယင်းကျေးရွာအား ပြောင်းရွှေ့နိုင်ရေး သမ္မတကြီးထံ တင်ပြထားပြီးဖြစ်ကြောင်း
ပြောကြားခဲ့သည့်အတွက် ဒကာတို့အနေဖြင့် ကိုယ့်အိမ်ကိုယ်ပြန်ကြရန်
သံဃာတော်များမှ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ လူစုမကွဲခင်အချိန်ထိ
စုဝေးလျက်ရှိသော လူဦးရေမှာ တစ်ထောင်ဝန်းကျင်ခန့် ကျန်ရှိနေသေးကြောင်း
သံဃာတော်များ၏ မေတ္တာရပ်ခံမှုကြောင့်သာ လူစုကွဲသွားခြင်းဖြစ်ကြောင်း
သတင်းရရှိပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ