ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်

ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာ
ရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် အဆိုပါမြို့၏
စိုးရိမ်ရေမှတ်အောက် ၄၅ စင်တီမီတာ(တစ်ပေခွဲခန့်)တွင် ရောက်ရှိနေကြောင်း၊
လာမည့် ၄၈ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၄၀
စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

၂၀၁၂ ဇွန်လ ၂၉ ရက်နေ့ကလည်း ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် ၁၀၄၀
စင်တီမီတာသို့ ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် မြစ်ရေကြီးခြင်းကို သတိပြုရသည့်ကာလမှာ သုံးခုရှိပြီး
မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်လနှင့် သြဂုတ်၊ မိုးနှောင်းကာလ
စက်တင်ဘာလတို့ ဖြစ်သည်။

မိုးဦးကာလ ဇွန်လကုန်ပိုင်းအတွင်း မြစ်အထက်ပိုင်းရှိ မြို့နယ်များ
ဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ ကသာမြို့နယ်များတွင် စိုးရိမ်ရေမှတ်
ဝန်းကျင်ရောက်ရှိခဲ့ကာ မိုးလယ်ကာလအတွင်းကလည်း မိုးသည်းထန်စွာ
ရွာသွန်းမှုများကြောင့် သံလွင်၊ စစ်တောင်းအပါအ၀င် မြစ်ငယ်များ၊
ချောင်းများတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့သည်။


--
Nann Nyunt Oo

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ