ယဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု အရေးယူတော့မည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ဗဟိုကော်မတီကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်းများတွင် တာဝန်ထမ်းဆောင်နေသော
ယာဉ်မောင်းများ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောဆိုမှုမရှိရဟု
တိုင်းဒေသကြီး မထသ က ညွှန်ကြားထားပြီးဖြစ်ပါသည်။
ယာဉ်မောင်းသူများ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းပြောဆိုမှုကြောင့်
ယာဉ်မတော်တဆဖြစ်ပွားခဲ့လျှင် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်
ကြုံတွေ့နိုင်သောကြောင့် ဖုန်းပြောဆိုပါက ယခုစက်တင်ဘာလဆန်းမှနေ၍
ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရပါသည်။
12.9.2012 မြန်မာ့အလင်း (စာ-၂၀)

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ