ဂျာနယ်နှင့် Envoy ဂျာနယ်တို့အား ရက်သတ္တပတ်နှစ်ပတ်ကြာသည်နှင့်
ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပြန်လည်ထုတ်ဝေခွင့် ပြုခဲ့ခြင်းကို သြဂုတ်လ ၆ ရက်နေ့က
သက်ဆိုင်ရာဂျာနယ်များမှ တာဝန်ရှိသူများကို စာပေစိစစ်နှင့်
မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူများက ခေါ်ယူအသိပေးခဲ့ကြောင်း သိရှိရပါသည်။
အသိပေးမှု တွင် ဂျာနယ်နှစ်စောင်အား ထုတ်ဝေခွင့် ရပ်ဆိုင်းသည့်ကာလမှာ
ရက်သတ္တပတ်နှစ်ပတ်ဖြစ်ကြောင်းကို ခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။
The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့သည် ပုံနှိပ်သူများ၊
ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေး လုပ်ငန်းများ
ကြီးကြပ်မှု ဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်(၄၄)ကို
မလိုက်နာသည့်အတွက် ထုတ်ဝေခွင့် ရပ်ဆိုင်း ရခြင်းဖြစ်ကြောင်း
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက
ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပိတ်ပင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မီဒီယာသမားများ၏
ဆွေးနွေးမှုကို သြဂုတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ကာ အဆိုပါဆွေးနွေးပွဲတွင်
သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ကာ အချက်ခုနစ်ချက်ပါသော
ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။
ဇွန်လဆန်းပိုင်းကတည်းက ထုတ်ဝေခွင့် ရပ်ဆိုင်းခံထားရသော
လျှပ်တစ်ပြက်ဂျာနယ်ကိုလည်း သြဂုတ်လ ၉ ရက်နေ့မှစ၍
ပြန်လည်ထုတ်ဝေခွင့်ပြုခဲ့သည်။
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ