Skype (စကိုက်)

www.skype.com သည် ဒိန်းမတ်နှင့်ဆွီဒင်နိုင်ငံသားနှစ်ဦးက ပေါင်းစပ်တီထွင်ခဲ့သောဆော့ဖ်ဝဲဖြစ်ပြီး ၄င်းကို Download ရယူကာSing-in ၀င်ပြီး အသုံးပြုနိုင်ပါသည်။

 

၎င်းသည် ကွန်ပျူတာမှတဆင့် ဖုန်းခေါ်ဆိုရရှိနိုင်ပြီး Connection ကောင်းမွန်ခဲ့ပါက အသံကြည်လင် ပြတ်သားစွာ သုံးစွဲနိုင်ပါသည်။ Skype User အချင်းချင်းဆိုရင် အခမဲ့ဖုန်းခေါ်လို့ရပြီး အခြားလိုင်းဖုန်းနဲ့ Oversea Call များအတွက်တော့ ကျသင့်ငွေပေးချေရပါလိမ့်မယ်။ ပေးချေရာတွင်လည်း ကြိုတင်ငွေ ပေးချေထားခဲ့ပါက မိမိအကောင့်ထဲမှာ မှတ်ယူသိမ်းဆည်းထားပြီး ခေါ်ဆိုရာနိုင်ငံအလိုက် တွက်ချက် ဖြတ်ယူသွားပါလိမ့်မယ်။

 

Skype မှာ Instant Massaging , File transfer , SMS , Video Conferencing စသည့်စနစ်များကို အသုံးပြုလို့ရပါသည်။ Gmail သုံးစွဲရတာ ရိုးအီလာသော မြန်မာပြည်က မိတ်ဆွေများ Skype အကောင့် သစ်ဖွင့်ပြီး အချင်းချင်းချိတ်ဆက်ကာ သီးသန့်သုံးစွဲနိုင်ပါသည်။

 

ကြိုတင်ငွေမထည့်ထားသော်လည်း Skype သုံးစွဲသူအချင်းချင်း FREE ဖုန်းခေါ်ဆိုနိုင်ပါသေးတယ်။ ကြိုတင်ငွေဖြည့်မယ်ဆိုရင် စင်္ကာပူငွေ၊ အမေရိကန်ဒေါ်လာ စသည်ဖြင့် အနည်းဆုံး ၁၀ဒေါ်လာ ထည့်ဝင် ရမှာဖြစ်ပါတယ်။သုံးစွဲခေါ်ဆိုရာ နိုင်ငံအလိုက် တွက်ချက်ပြီး ဖြတ်တောက်သွားပါလိမ့်မယ်။

 

အကောင့်သစ်ဖွင့်ရတာလည်း Gmail လောက်တောင်မခက်ခဲပါဘူး။ စမ်းကြည့်ကြပါ။

 

ကျနော်ဆိုရင် Skype အကောင့်နှစ်ခုဖွင့်ထားပြီး တစ်ခုကို တစ်ဖက်ကပြောမယ့်သူကို သုံးပုံသုံးနည်းလေး ပြောလိုက်ပြီး ဖွင့်ခိုင်းလိုက်ပါတယ်။ ကျန်အကောင့်တစ်ခုနဲ့ ကျနော်ကဖွင့်ပါတယ်။ ပြီးတော့ အလကား (အမှန်တကယ်) ချက်ပါတယ်။ ပြောပြောပြီးတော့ကို ချက်တာပါ။ အလကားမှ တစ်ကယ်ကြီး အလကားပါ။

 

www.skype.com 

 

 

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ