လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူဦးရေ ၉၉၅ သန်းအထိ မြင့်မား လာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတု အယောင်
တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။
ထိုပမာဏမှာ လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန် ချစ်ကြသည့် အချို့ Facebook အသုံးပြုသူများက ၎င်းတို့ တိရစ္ဆာန်လေးများ၏ အမည်ကို အကောင့်ြ ပုလုပ်ထားကြကြောင်း တွေ့ရှိရသည်။
အတုအယောင် အကောင့်များကို အုပ်စုခွဲခြားရာတွင် သုံးမျိုးထွက်ပေါ်လာပြီး ၎င်းတို့ထဲတွင် အများဆုံးမှာ လူတစ်ဦးတည်းက အကောင့်နှစ်ခုပြုလုပ် သုံးစွဲနေခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်လက ကမ္ဘာကျာ် သတင်းဌာနတစ်ခုဖြစ်သည့် BBC မှ Facebook အသုံးပြုသူများနှင့် ပတ်သက်၍ စုံစမ်း ထောက်လှမ်းမှုတစ်ခု ပြုလုပ်ရာတွင် အတုအယောင် အကောင့်များ တည်ရှိနေခြင်းက Facebook ၏ ကြော်ငြာ စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ Facebook က တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုလုပ်ခဲ့သော်လည်း ထိုသို့တည်ရှိခြင်းသည် ကြော်ငြာရှင်များအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဆိုသည့် အချက်ကို ငြင်းပယ်ခဲ့သည်။
ပြီးခဲ့သည့်လက Facebook ၏ ရှယ်ယာတန်ဖိုးများသည် ကျဆင်းခဲ့ရပြီး ကြော်ငြာဝင်ငွေနှင့် ပတ်သက်၍ ထိခိုက်မှုအနည်းငယ် ရှိခဲ့သည်။
၂၀၀၄ ခုနှစ်မှစတင်၍ လူမှုကွန်ရက်ဝက်ဘ်ဆိုက်အဖြစ် နာမည်ကြီးလာခဲ့သည့် Facebook သည် ၂၀၁၁ ခုနှစ်အကုန်တွင် အအောင်မြင်ဆုံး အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့ပြီး လူသုံးစွဲမှုမြင့်မားခြင်းတွင် တိုးတက်မှုအမြန်ဆုံး ဝက်ဘ်ဆိုက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
Facebook ကုမ္ပဏီ၏ ထုတ်ပြန်မှုတွင် အသုံးပြုသူ တစ်ဦးချင်းစီက အလုပ်အကိုင်နှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်း၊ အဖွဲ့အစည်းနှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်းတို့ကို
ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
The IT Times Journal
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ