အချက်ခုနစ်ချက်ပါ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။
(၁)ပိတ်ပင်ခံထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊
လျှပ်တစ်ပြက်တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန်။
(၂) ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့် နောက်ပြန်ဆွဲသော
မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုးကိုမဆို အရေးယူ ဖယ်ရှားပေးရန်။
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့် မီဒီယာများကို
ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်းမီဒီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်း မပြုရန်။
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော်ထုတ်သော မည်သည့်ရေးသားမှုများကို အစိုးရက
ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်.။
(၆) မီဒီယာသမားများ သဘောဆန္ဒ မပါဝင်ဘဲ ရေးဆွဲထားသည့် မည်သည့်
မီဒီယာဥပဒေကိုမဆို လက်မခံပါ။
(၇) လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့် ဆုံးရှုံးမှုများအတွက်
မီဒီယာများအား နိုင်ငံတော်၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး
တွေ့ဆုံဖြေရှင်းပေးရန်ဟူသည့် အချက်များဖြစ်ပါသည်။
ထို့ကြောင့် သတင်းလွတ်လပ်ခွင့် ကော်မတီ(ယာယီ)၏ အထက်ပါ အချက်ခုနစ်ချက်ကို
Eleven Media Group အနေဖြင့် အပြည့်အ၀ ထောက်ခံပါသည်။
ကောင်းပါတယ်လူအခွင့်အရေးကိုအတိ
ReplyDeleteအကျလိုက်နာသင့်ပါတယ်၊ယခုကပြည်သူ
အခွင့်အရေးတွေအောက်ခြေမှာတအား
ကြီးဆုံးရှုံ့းနေပါတယ်ခင်ဗျာ