| ဒုတိယသမ္မတအဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက် | | |
| Wednesday, 15 August 2012 10:50 |
|
ဒုတိယသမ္မတ (၁) အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)ကို ရွေးချယ်တင်မြှောက် သြဂုတ်လ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ကျင်ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)အား ဒုတိယသမ္မတ (၁) အဖြစ် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် ဒုတိယသမ္မတ (၁) အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦး အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သောကြောင့် ယင်းနေရာတွင် လစ်လပ်သွားသည့် ဒုတိသမ္မတ (၁) နေရာတွင် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတရာထူး လစ်လပ်နေရာ ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ''ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ၁၈-၄-၂၀၁၂ မှ ၁-၅-၂၀၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန် လိုအပ်သဖြင့် ၁-၅-၂၀၁၂ မှ ၃၀-၆- ၂၀၁၂ ရက်နေ့အထိ နေအိမ်၌ ဆေး ကုသစောင့်ရှောက်မှုခံယူရန် ရည်ညွှန်းချက်ပါစာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူသော်လည်း သက်သာပျောက်ကင်းမှု မရှိခြင်းကြောင့် အချိန်ကာလတစ်ခုအထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယသမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းအား ၁-၇-၂၀၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း ၂ ပါစာနှင့်တင်ပြလာပါသည်။လစ်လပ်သွားသော ဒုတိယသမ္မတရာ ထူးနေရာဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ)ပါ ပြဋ္ဌာန်းချက်အရ သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု နာယကက ဇူလိုင်လ ၄ ရက်နေ့က ဖတ်ကြားခဲ့သည်။ လစ်လပ်နေသော ဒုတိယသမ္မတနေရာအတွက် ကနဦးတွင် ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က အမည်တင်သွင်းခဲ့ကြောင်း ပြည်သူ့လွှတ်တော်မှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက သတင်းထောက်များ၏ မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဇူလိုင်လ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ထမင်းစားရပ်နားချိန်အတွင်း ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ ပြောကြားခဲ့ပြီးနောက် အချိန်ကြာမြင့်စွာ ဒုတိယသမ္မတ ခန့်အပ်ခြင်းအား ဆိုင်းငံထားခဲ့ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ) ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား မည်သည့်အကြောင်းကြောင့် ဒုတိယသမ္မတ အဖြစ် ခန့်အပ်နိုင်ခြင်း မရှိသည်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခန့်အပ်ရာတွင် ဖွဲ့စည်ပုံအခြေခံဥပဒေပါ ဒုတိယသမ္မတ၏ အရည်အချင်းများနှင့် ပြည်စုံသူကိုသာ ရွေးချယ်ခန့်အပ်ရကြောင်း ဖွဲ့စည်ပုံအခြေခံဥပဒေအရ သိရသည်။ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းမှြ့ပည်ထောင်စုလွှတ်တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် "ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟူ၍ ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာ ပြုရသည်။
တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ရွေးချယ်တင်သွင်းသော ဒုတိယသမ္မတသည် အရည်အချင်းများနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရန် စိစစ်ရေးအဖွဲ့ကို ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးအခြေအနေအရ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဒုတိယသမ္မတရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ပါကြောင်း ၁-၇-၂၀၁၂ ရက်စွဲပါစာအမှတ်ဖြင့် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၇ နှင့်အညီ အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတရာထူး လစ်လပ်နေရာ ဖြည့်စွက်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားရာတွင် ''ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ၁၈-၄-၂၀၁၂ မှ ၁-၅-၂၀၁၂ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူခဲ့ပါသည်။ ဆေးကုသမှုခံယူရာမှ ပြန်လည်ရောက်ရှိပြီး အနားယူရန် လိုအပ်သဖြင့် ၁-၅-၂၀၁၂ မှ ၃၀-၆- ၂၀၁၂ ရက်နေ့အထိ နေအိမ်၌ ဆေး ကုသစောင့်ရှောက်မှုခံယူရန် ရည်ညွှန်းချက်ပါစာဖြင့် တင်ပြချက်အရ ခွင့်ပြုပေးခဲ့ပါသည်။ ထိုသို့ ဆေးကုသမှု ခံယူသော်လည်း သက်သာပျောက်ကင်းမှု မရှိခြင်းကြောင့် အချိန်ကာလတစ်ခုအထိ ဆေးကုသ စောင့်ရှောက်မှုခံယူရန် လိုအပ်ပါသဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၇ တို့အရ ဒုတိယသမ္မတရာထူး တာဝန်ထမ်းဆောင်ခြင်းအား ၁-၇-၂၀၁၂ ရက်နေ့မှစ၍ နုတ်ထွက်ခွင့်ပြုပါရန် ရည်ညွှန်း ၂ ပါစာနှင့်တင်ပြလာပါသည်။လစ်လပ်သွားသော ဒုတိယသမ္မတရာ ထူးနေရာဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါရန် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၃ ပုဒ်မခွဲ (စ)ပါ ပြဋ္ဌာန်းချက်အရ သ၀ဏ်လွှာ ပေးပို့အပ်ပါသည်''ဟု နာယကက ဇူလိုင်လ ၄ ရက်နေ့က ဖတ်ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒုတိယသမ္မတ နှစ်ဦးရှိပြီး ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ပိုင်ခွင့် ရှိသည်။ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး ရာထူးသက်တမ်း နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရဟု သိရသည်။ ထို့ပြင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။ |





No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ