အဆိုပါ လက်များကို လွန်ခဲ့သော နှစ်ပေါင်း ၃၆ဝဝ ခန့်က မြှုပ်နှံခဲ့ခြင်း ဖြစ်ပြီး လက်များ၏ ပိုင်ရှင် များမှာ ရှေးယခင် စစ်သည်တော် များ၏ ရန်သူများ ဖြစ်ကြသည့် Hyksos တို့၏ လက်များ ဖြစ်နိုင်သည်ဟု ယူဆ ရကြောင်း သုတေသီ များက ပြောကြားသည်။
တွေ့ရှိခဲ့ သည့် လက်၁၆ ဖက်အနက် နှစ်ဖက်ကို ဘုရင့် ပလ္လင်တော် ထားရှိရာ နန်းတော် အခန်းဟု ယူဆရသည့် အဆောက်အအုံ၌ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ကျန် ၁၄ ဖက် ကိုမူ နန်းတော်၏ အပြင် ဘက်အပိုင်း၌ တူးဖော် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အီဂျစ် နိုင်ငံတွင် ရှေးယခင်က စစ်သည်တော် များသည် ၄င်းတို့ စစ်နိုင် လာပါက ၄င်းတို့၏ စွမ်းအား ထာဝရ တည်မြဲရေးနှင့် ရန်သူတို့က မိမိတို့အား လုံးဝ အနိုင် မရစေရ ဟူသော ရည်ရွယ်ချက်ဖြင့် စစ်ရှုံးသူ ရန်သူများ၏ ညာလက် များကို ဖြတ်တောက် လေ့ရှိကြောင်း၊ ယင်းလက် ပြတ်များကို ရွှေနှင့် အလဲအလှယ် လုပ်ခဲ့ ကြသည့် ဓလေ့ ရှိခဲ့ကြောင်း အီဂျစ်လူမျိုး များ၏ ရှေးဟောင်း စာပေများ၌ ဖော်ပြ ထားသည်ဟု သုတေသီ ခေါင်းဆောင် မန်ဖရက်ဒ် ဘိုင်တက်ခ်က ပြောကြား သည်။
ဒေါက်တာမျိုးချစ်
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ