ဗိုလ်ချုပ်ဇာတ်ရုပ်နေရာအတွက်ကျော်ကျော်မျိုးစာချုပ်ချုပ်ဆို ခဲ့ရသော်လည်းကမ္ဘောဇဘောလုံးအသင်းက နှစ်နှစ်အတွင်းလစာဆက်လက်ပေးသွားမည်ဟု ဆို

မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားရိုက်ကူးရန်အတွက် ဗိုလ်ချုပ် နေရာမှာ
သရုပ်ဆောင်ရန် နောက်ဆုံး အဆင့် ထိရွေးချယ်ခံရသော KBZ FC ဘောလုံးအသင်းက
နောက်တန်းကစား သမား ကျော်ကျော်မျိုးနှင့်သြဂုတ်လ ၁ဝ ရက်နေ့ကဗိုလ်ချုပ်
ရုပ်ရှင်ဖြစ်မြောက် ရေးရုံးခန်း မှာ တွေ့ဆုံခဲ့ပါ တယ်။ ဗိုလ်ချုပ်
ရုပ်ရှင်ရိုက်ကူးနေချိန်အတွင်း ကလပ် ဖြစ်သောKBZ FC ဘောလုံးအသင်းနှင့်
နားလည်မှုယူထားပုံကိုမေးကြည့်ရာ..

"ကျွန်တော် ဗိုလ်ချုပ်ဇာတ်ကားကိုရိုက် ဖို့အတွက်KBZ FC က
နားလည်ပေးထားပါ တယ်။ ကြည်ကြည်ဖြူဖြူခွင့်ပြုပါတယ်။ ကျွန် တော့်ကိုတောင်
စာချုပ်နဲ့ပေါ့။ ဒီ ၂ နှစ်လုံး ကို လစာအပြည့်အဝပေးမယ်လို့တောင် ပြော
ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ဇာတ်ကားကို အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။
ဒီလိုမျိုးတော့ရှိပါတယ်" ဟုပြောပါသည်။ဘောလုံး ကို
ပိုင်ပိုင်နိုင်နိုင်ကစားနိုင်ပြီး မိခင်အသင်းက အားကိုးအားထားရသော်လည်း ၂
နှစ်တာ ခေတ္တနားပြီး ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ဖို့ အတွက်
စတင်ရိုက်ကူးရတော့မည့်အပေါ် ကိုတော့.."ငယ်ငယ်ကတည်းက ဝါသနာပါတယ်။
ခုအချိန်ထိ ဘောလုံးကိုနှစ်သက်တယ်။ ၂ နှစ် တောင် ခဏနားပြီး
ရိုက်ကူးရေးစတော့ မယ် ဆိုတော့ ၂ နှစ်ဆိုတဲ့အချိန်ကို နှမြောမိတာ ပေါ့။
ဒါပေမဲ့ အခုရိုက်မယ့်ဇာတ်ကားကဗိုလ်ချုပ်အောင်ဆန်းဇာတ်ကားဖြစ်နေလို့ပါ။
တကယ်လို့ တခြားကားဆိုရင်တော့ ရိုက်မှာ မဟုတ်ဘူး။ အားလုံးကလေးစားတဲ့
ပုဂ္ဂိုလ် တစ်ဦးရဲ့ အတ္ထုပ္ပတ္တိမှာ သရုပ်ဆောင်ရမှာဆို တော့၂ နှစ်ဆိုတာ
နှမြောတာထက်ပိုပြီးဂုဏ် ယူမိပါပြန်တယ်။ ဒီဇာတ်
လမ်းအောင်မြင်ပြီးဆုံးတဲ့အထိ စိတ်ကိုနှစ်ထားမှာပါ။ အကောင်းဆုံးဖြစ်အောင်
ကြိုးစားမှာပါ" ဟုပြောသည်။ယခုအချိန်တွင်ဗိုလ်ချုပ်
နှင့်ပတ်သက်သမျှအရင်ထက်ပိုလေ့ လာဖြစ် ပြီးတော့ ကလပ်အသင်းနဲ့လည်း အဆက်
အသွယ်ပြတ်မှာမဟုတ်ကြောင်း ကျော်ကျော်မျိုးကပြောပါသည်။

Ref; http://popularmyanmar.com/mpaper/?p=47832

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ