မလေးရှားနိုင်ငံတွင်သေဆုံးသွားသူများကို မြန်မာနိုင်ငံရှိ မိသားစုများသိရှိစေရန်(ပုံနှင့်တကွ)
  ၄ ရက် ၈ လ ၂၀၁၂ ခုနှစ်တွင် မလေးရှားနိုင်ငံ ကူလင်းမြို့ တမန်ချန်ဂိုင်တွင် မြန်မာလုပ်သားများ (ဂပ်စ်) စက်ရုံတွင် မီးလောင်မှုဖြစ်ပွား
ရာမှ သေဆုံးသွားသူများနှင့် ကျန်ရှိနေသူတို့၏ အမည်/နေရပ်လိပ်စာ/သတ်ဆိုင်သည့်ဓါတ်ပုံများ/နိုင်ငံသားစီစစ်ရေးကတ်ပြားများ/passport များ၊
ဧဒင်ဥယျာဉ်၌ရှိကြသော  ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
 ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်) ရှေ့ဘက်
 ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား (မတ်ပုံတင်) ကျောဘက်
  ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်) သူ၏ Passport NO
  စကိုင်းတိုင်း/ မုံရွာမြို့ /ဘုတလင်ကျေးရွာ တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူ၏ Passport NO
   ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင်  နေထိုင်သူ  နေမျိုးအောင်(ခ)ကိုကို  (ကွယ်လွန်)
ယခုပုံတွေတွင် ကိုဇော်မျိုးခိုင်သေဆုံးသူ၏ ပုံကို ကျနော်တို့ မတွေ့ရှိပါသောကြောင့် အခုလို မတင်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ၊
ယနေ့ နောက်ဆုံးသိရသည်များမှာ ၄ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်းကို စိတ်မကောင်းခြင်းများစွာဖြင့်
သိရပါတယ်ခင်ဗျာ။ကျန် ၁ ဦးမှာ ယနေ့ထိပင် ပြန်လည်သတိမရသေးကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ဓါတ်ပုံနှင့်တကွ ယခုလိုပို့စ်တင်ပေးလိုက်ရခြင်းအကြောင်းမှာ မြန်မာနိုင်ငံရှိ မသိသေးသော သေဆုံးသွားသူတို့၏
မိသားစုများသိရှိစေလိုပါသောကြောင့် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
သေဆုံး(ကွယ်လွန်)ပြီးဖြစ်သော ရုပ်လောင်းများအား မလေးရှားနိုင်ငံ ဆေးရုံအသီးသီး၌ ဆက်လက်ထိန်းသိမ်းထားကြောင်း သိရပါတယ်။
သေဆုံးသူတို့၏မိသားစု (သို့မဟုတ်) ဆွေမျိုးသားချင်းထဲမှ လိုအပ်သည်များဖြင့် ထောက်ခံပါကြောင်းလက်မှတ် ရေးထိုးပြီးမှသာလျှင်
မလေးရှားနိုင်ငံ ဆေးရုံအသီးသီးမှ ရုပ်လောင်းများကို တာဝန်ယူ လက်ဆင့်ကမ်းသွားမည် ဖြစ်ကြောင်းကိုလဲ သိရပါတယ်ခင်ဗျာ။
ယခုလာမည့် ၁၉ ရက် ၈ လ ၂၀၁၂ခုနှစ်တွင်    ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်လင်း (ကွယ်လွန်)သူနှင့်  ညောင်ဦးမြို့ ထန်းငယ်တော၊ငါ့သရောက်ကျေးရွာတွင် နေထိုင်သူ ကိုဇော်မျိုးခိုင်တို့ ၂ ဦးအား ကိုဇော်လင်း၏
ယောက်ဖဖြစ်သူ ကို(.....) ကမီးသကြိင်္ုပြီး ကောင်းရာသုဂတိလားစေဖို့ အမျှအတမ်းပေးဝေ သွားမည်ဖြစ်ကြောင်းကိုလဲထပ်မံသိရှိလိုက်ပါတယ်ခင်ဗျာ။ သူတို့ ၂ ဦးမှာ မလေးရှားနိုင်ငံ ဆလန်ကောဆေးရုံတွင် ထားရှိကြောင်းသိရပါတယ်။
ကရင်ပြည်နယ် /ဖားအံမြို့ /ရသေ့ပျံကျေးရွာတွင်  နေထိုင်သူ  နေမျိုးအောင်(ခ)ကိုကို  (ကွယ်လွန်)နှင့်  စကိုင်းတိုင်း/ မုံရွာမြို့ /ဘုတလင်ကျေးရွာ တွင်နေထိုင်သူ ကိုမိုးလွင် (ကွယ်လွန်) သူတို့အား မလေးရှားနိုင်ငံ ကူလင်းဆေးရုံတွင် ဆက်လက်ထားရှိကြောင်း သိရပါတယ်။
ဝါးခယ်မမြို့နယ် ကျုံတိုင်ကျေးရွာနေ ကိုထွန်းငွေ (ယခုလက်ရှိ ယနေ့ထိပြန်လည်သတိမရသေးသူ)ကို မလေးရှားနိုင်ငံ ပီနန်းဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူနေကြောင်း သိရပါတယ်။ ကိုထွန်းငွေမှာလဲ ယနေ့ထိသတိရခြင်းမရှိသေးသောကြောင့်
ဆရာဝန်များတာဝန်ရှိသူတွေက အသက်ရှင်ရန် ၅၀% ၊ အသက်မရှင်ရန် ၅၀% ခုလိုခန့်မှန်း ထားကြောင်းသိရပါတယ်။
မှော်ဝင်မြို့တွင်ဝင်ကြည့်ကြသော  ညီကိုမောင်နှမများခင်ဗျာ၊ ယခုဒီပို့စ်ကို ဖတ်ပြီး ကွယ်လွန်သူများကို သိရှိပါက သူတို့၏မိသားစုများရှိရာ နေရာသို့ လက်ဆင့်ကမ်းအသိပေး သွားကြပါရန် ခင်မင်လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန်ဖုန်းနံပတ်(မလေးရှားနိုင်ငံ)
0124491587
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ
မှော်ဝင်မြို့ - အဖွဲ့ဝင်များ