သြဂုတ်လ ၁၅ ရက်နေ့တွင် ဒုတိယသမ္မတ ရွေးချယ်မည်



သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူမည် ဖြစ်ပြီး ၄င်းအစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတ အမည်စာရင်းကို ကြေညာမည် ဖြစ်ကြောင်း သတင်းရရှိသည်သည်။

ထို့နောက် ဒုတိယသမ္မတအဖြစ် ရွေချယ်တင်မြှောက်ခံထားရသူသည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရ
သည်။

ဒုတိယသမ္မတအဖြစ် (၁) ဦးထွန်းထွန်းဦး (ဒုတိယရှေ့နေချုပ်)၊ (၂) ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)၊ (၃) ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန)၊ (၄) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန)၊ (၅)ဗိုလ်ချုပ်ကြီး လှဌေးဝင်း (ကာကွယ်ရေးဝန်ကြီးဌာန) တို့ထဲမှ တစ်ဦးမှာ ဒုတိယသမ္မတ ဖြစ်နိုင်ကြောင်း လွှတ်တော်အတွင်း ခန့်မှန်းပြောဆိုမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ

မှော်ဝင်မြို့ - အဖွဲ့ဝင်များ