သူယုတ်မာဖြစ်ကြောင်း တရားများ(၁) အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတပါးဂုဏ်ကျေးဇူးကို ချေဖျက်သူ၊ မိစ္ဆာဒိဌိအယူသို့ ကူးပြောင်းသူနှင့် မိမိ အပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့သည် သူယုတ်မာဖြစ်၏။
(၂) သတ္တ၀ါတို့အား သနားကြင်နာမှု မရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။
(၃) မြို့ရွာတို့ကို တိုက်ခိုက် ဖျက်ဆီးသူသည် သူယုတ်မာဖြစ်၏။
(၄) သူတပါးအကြွေးကို ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။
(၅) သူတပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။
(၆) လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။
(၇) မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။
(၈) သူတပါးသားမယားကို ပြစ်မှားလွန်ကျူးသူသည် သူယုတ်မာဖြစ်၏။
(၉) အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။
(၁၀) မိဘ ညီအစ်ကို မောင်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက်ညဉ်းဆဲနေသူသည် သူယုတ်မာဖြစ်၏။
(၁၁) သူတပါးက အကျိုးစီးပွား ရှိရာရှိကြောင်းကို မေးပါလျက် အကျိုးမဲ့ကို ပြောသူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကို ပေးပါသော်လည်း မေးသူမသိနိုင်အောင် ပြောသူသည် သူယုတ်မာ ဖြစ်၏။
(၁၂) မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တပါးသူ မသိအောင် ဖုံးကါယ်ထားသူသည် သူယုတ်မာဖြစ်၏။
(၁၃) သူတပါးအိမ်သို့ သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့်အခါမှု ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။
(၁၄) ဖိတ်ကြားဝန်ခံထားသူ အလှူခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းဘဲ လှည့်ပတ်နေသူသည် သူယုတ်မာဖြစ်၏။
(၁၅) ဆွမ်းခံလာသောရဟန်းကို ဆွမ်းမလောင်းဘဲ ကြမ်းတမ်းစွာ ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၆) သူတပါး၏ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ် ပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၇) သူတပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတပါးတို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာ မရှိသော ဂုဏ်သိက္ခာဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာ မရှိသော ဂုဏ်ကို ရှိလေဟန်ဆောင်သူနှင့် မကောင်းမှုကို ပြုရန် မရှက်မကြောက် သူများကို ရူတ်ချပြောဆိုသူသည် သူယုတ်မာ ဖြစ်၏။
(၁၈)မိမိကိုယ်ကို ဂုဏ်တင်မြောက်စားပြီး သူတပါးကို နှိမ့်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။
(၁၉) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် ရတာနာသုံးပါးနှင့် ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူ များကို ရူတ်ချပြောဆိုသည်သည် သူယုတ်မာဖြစ်၏။
(၂၀)ရဟန္တာမဟုတ်ပါဘဲလျက် ရဟန္တာဟု ၀န်ခံသူသည် လောက၌ အယုတ်မာဆုံးဖြစ်၏

No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ