ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့် ဖမ်းဆီးထားသူ ယူအန်နှင့် အိုင်အန်ဂျီအိုဝန်ထမ်း (၅)ဦး မှာ သြဂုတ်လ (၁၆) ရက်နေ့က လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။
လွတ်မြောက်သွားသူ (၅) ဦးမှာ စစ်တွေမြို့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင် (AZG)တို့ ဖြစ်ပြီး ဘူးသီးေ
တာင်မြို့နယ်မှ ဦးစောမြင့်(ခ) မာမတ်နုရ်အာ(UNHCR)၊ ဦးသန်းနိုင်(ခ)အဒူဟိုက် နှင့် ဦးဇော်မြင့် တို့ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ "ညနေ (၅)နာရီကျော်လောက်က လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ကျွန်တော်တို့လည်း မသိရပါဘူး။ မြို့နယ်တရားရုံးက လွှတ်ပေးဖို့ အမိန့်စာ ရောက်လာတာကြောင့် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။"ဟု ဆက်လက်ပြောပြသည်။
ယခုကဲ့သို့ ယူအန်ဝန်ထမ်းများ ရုံးတင်မစစ်ဆေးမီ လွတ်မြောက်လာသည့် အတွက် ဒေသခံတိုင်းရင်းသားများမှာ အကြောင်းအရင်းကို သိရှိရန် စိတ်ဝင်စားနေကြသော်လည်း မည်သည့် အတွက်ကြောင့် လွှတ်ပေးလိုက်သည်ကို သက်ဆိုင်ရာမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

ကျေးဇူးတင်ပါသည်။
ကိုကိုမှော်ဆရာလေး (ခ) နန်းညွန့်ဦး
No comments:
Post a Comment
သင့်ရဲ့ ထင်မြင်ချက် စကားလေးတစ်ခွန်းဟာ ကျွန်တော်တို့အတွက် ရှေ့ဆက်ရေးသားရန် အားဆေးလေး တစ်ခွက်ပါပဲဗျာ